News

POST TAGGED AS

နာဂ

29-Sep-2017 tagged as နာဂ
နာဂအမျိုးသား ဆိုရှယ်လစ်ကောင်စီ (NSCN-K) နှင့် အိန္ဒိယတပ်ဖွဲ့ဝင်များသည် မြန်မာ-အိန္ဒိယနယ်စပ် လဟယ်မြို့အနီးတွင် စက်တင်ဘာ ၂၇ ရက်က တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း NCSN-K ၏ ပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဝမ်းစိန်က ပြောဆိုသည်။
24-Sep-2017 tagged as နာဂ
လာမည့်နှစ် နာဂရိုးရာ နှစ်သစ်ကူးပွဲတော်(ဗဟို) ကို နာဂဒေသ နန်းယွန်းမြို့တွင် ဇန်နဝါရီလ ၁၃ ရက်မှ ၁၆ ရက်အထိ စည်ကားစွာ ကျင်းပရန် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့နှင့် နာဂစာပေနှင့် ရိုးရာယဉ်ကျေးမှုအဖွဲ့တို့ သဘောတူ ဆုံးဖြတ်လိုက်သည်။
13-Sep-2017 tagged as နာဂ
နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လဟယ်-ဒုံဟီး-နန်းယွန်း မြို့သုံးခုကို ဆက်သွယ်သွားလာသည့် ကားလမ်းသည် မိုးဆက်တိုက်ရွာကာ မြေပြိုကျသဖြင့် ဒေသခံတိုင်းရင်းသားများ ခက်ခဲစွာ သွားလာနေကြရကြောင်း နန်းယွန်းမြို့ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးစိမ်းမောင်က ပြောကြားသည်။
14-Jun-2017 tagged as နာဂ
နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လေရှီးမြို့နှင့် ဆွမ္မရာမြို့များသို့ ဆက်သွယ်သွားလာသည့် တစ်ခုတည်းသောလမ်းဖြစ်သည့် ထမံသီ-လေရှီး-ဆွမ္မရာကားလမ်း ပျက်စီးသည့်အတွက် ကုန်စည်စီးဆင်းမှု ရပ်ဆိုင်းသွားကြောင်း ဆွမ္မရာမြို့နေ ဦးမြင့်နိုင်က ပြောကြားသည်။
10-Jun-2017 tagged as နာဂ
နာဂအမျိုးသား ဆိုရှယ်လစ်ကောင်စီပါတီ NSCN-K ဥက္ကဋ္ဌ ဦးကပ်ပလန် (Mr.(L)SS.Khaplang သည် အသက် (၇၇) နှစ် အရွယ်တွင် နန်းယွန်းမြို့နယ် အတွင်းရှိ တကားကျေးရွာတွင် ကွယ်လွန်သွားခဲ့ကြောင်း နာဂအမျိုးသား ဆိုရှယ်လစ်ကောင်စီပါတီမှ ခန္တီးမြို့ ဆက်ဆံရေး ဒုတာဝန်ခံ ဗိုလ်ကြီးလိုင်ကြူထောင်းက ပြောသည်။
18-Mar-2017 tagged as နာဂ
နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပန်ဆောင်မြို့နယ် အတွင်းရှိ ကျေးရွာအချို့တွင် သောက်သုံးရေ ရှားပါးမှုနှင့် ကြုံတွေ့နေရကြောင်း ဒေသခံများက ဆိုသည်။
11-Mar-2017 tagged as နာဂ
နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် ​မတ်လ ၁ ရက်နေ့မှ ၁၁ ရက်နေ့အထိ ရွာသွန်းခဲ့သည့် မိုးကြောင့် ဒေသအတွင်းရှိ မြို့နယ်များဖြစ်​သော ပန်ဆောင်-နန်းယွန်းနှင့် ကချင်ပြည်နယ် ရှင်ဗွေယန်မြို့များကို ဆက်သွယ်သွားလာရသည့် ကားလမ်း ပျက်စီး
27-Feb-2017 tagged as နာဂ
နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လေရှီးနှင့် လဟယ်မြို့ကို တိုက်ရိုက်ကားလမ်း ဖောက်လုပ်ရန်အတွက် လမ်းအူကြောင်း ရှာဖွေခဲ့ရာ လမ်းအူကြောင်း သုံးခုကို ရှာဖွေတွေ့ရှိထားကြောင်း လမ်းအူကြောင်း ရှာဖွေရာတွင် လိုက်ပါသူ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ (အလုပ်အမှုဆောင် လူမှုရေး) ဦးကာစီရန်က ပြောကြားသည်။
25-Feb-2017 tagged as နာဂ
နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဒုံဟီးမြို့နယ် အတွင်းရှိ ကျေးရွာချင်းဆက်လမ်း ဖောက်လုပ်မှုသည် ကျေးရွာနှစ်ရွာအတွက် တိုက်ရိုက်လမ်း မပေါက်သည့်အတွက် ဒေသခံ ကျေးရွာသားများက ကန့်ကွက်ကြောင်း လမ်းဖောက်လုပ်ပေးနေသည့် ကျေးရွာနှစ်ရွာမှ လူငယ်များ၏ ခေါင်းဆောင် ဦးအေကေကိုင်းစန်က ပြောသည်။
နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လဟယ်မြို့တွင် နာဂရိုးရာ နှစ်သစ်ကူး ပွဲတော်ကို ယနေ့ (ဇန်နဝါရီလ ၁၄ ရက်)မှ စတင်ကာ နှစ်ရက်အကြာ ကျင်းပလျက်ရှိရာ နာဂတိုင်းရင်းသား မျိုးနွယ်စု ပေါင်းစုံ စုစုပေါင်း လူဦးရေ ၁၀၀၀ ကျော် တက်ရောက်သည်။