News

POST TAGGED AS

နာဂဒေသ

30-Dec-2017

နာဂဒေသ
နာဂရိုးရာနှစ်သစ်ကူးပွဲ ဧည့်သည်များ တည်းခိုရန် နေအိမ်များ၌သာ စီစဉ်
ကလေး၊ ဒီဇင်ဘာ ၃၀ 

နာဂကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ နန်းယွန်းမြို့တွင်ကျင်းပမည့် နာဂရိုးရာ နှစ်သစ်ကူးပွဲသို့ လာရောက်မည့် ခရီးသွား ဧည့်သည်များ တည်းခိုနားနေရန် တည်းခိုခန်းမရှိသည့်အတွက် လူနေအိမ်များတွင် တည်းခိုနိုင်ရန် စီစဉ်ထားကြောင်း နန်းယွန်းမြို့၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးစိမ်းမောင်က ပြောကြားသည်။

နာဂရိုးရာနှစ်သစ်ကူးပွဲကို ၂၀၁၈ ခုနှစ် ဇန်နဝါရီလ ၁၄ ရက်နေ့မှစတင်၍ ၁၆ ရက်နေ့အထိ နန်းယွန်းမြို့တွင် ကျင်းပမည်ဖြစ်ပြီး အဆိုပါ နှစ်သစ်ကူး ပွဲတော်သို့ ပြည်တွင်း၊ ပြည်ပ ခရီးသွားဧည့်သည် အများအပြား လာရောက်ရန် စိတ်ဝင်စားလျက်ရှိကြောင်း၊ ပွဲတော်သို့ လာရောက်မည့် ပြည်တွင်း ပြည်ပ ခရီးသွား ဧည့်သည်များအတွက် တည်းခိုနေထိုင်ရန် နန်းယွန်းမြို့တွင် တည်းခိုခန်း မရှိခြင်းကြောင့် ခရီးသွား ဧည့်သည်များ တည်းခိုနေထိုင်နိုင်ရန်အတွက် နန်းယွန်းမြို့ပေါ်ရှိ လူနေအိမ်များတွင် တည်းခိုနိုင်ရန် စီစဉ်ထားခြင်းဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။ 

“သီးခြား တည်းခိုနေထိုင်ဖို့ အဆောက်အအုံတွေ မရှိဘူး။ မရှိတော့ ဧည့်သည်တွေအတွက် သီးခြားနေရာ မသတ်မှတ်ပေးနိုင်ဘူး။ ဧည့်သည်တွေတည်းဖို့ ယာယီ တဲတွေဆောက်ဖို့ ဆိုတာကလည်း ကုန်ကျစရိတ်က များတယ်။ အချိန်ကာလကလည်း တိုတောင်းတဲ့အခါကျတော့ မြို့ပေါ်မှာရှိတဲ့ အိမ်တွေမှာပဲ တည်းခိုနိုင်ဖို့နေရာတွေကို ပြင်ဆင်ထားရတာ”ဟု လွှတ်တော်ကိုယ်စားလှယ် ဦးစိမ်းမောင်က ရှင်းပြသည်။ 

နာဂရိုးရာ နှစ်သစ်ကူးပွဲတော်သို့ လာရောက်မည့် ပြည်ပ ခရီးသွားဧည့်သည် ပို့ဆောင်သည့် ကုမ္ပဏီများအနေနှင့် ဧည့်သည်များ တည်းခိုနေထိုင်နိုင်ရန် နာဂဒေသဦးစီးအဖွဲ့ထံ ဇန်နဝါရီလ ၇ ရက်နေ့ နောက်ဆုံးထား ဆက်သွယ်ကြရမည်ဖြစ်ပြီး ခရီးသွားဧည့်သည်များအနေနှင့် ပွဲတော်အတွင်း တည်းခိုနေထိုင်နိုင်ရန်အတွက် နာဂရိုးရာစာပေနှင့် ယဉ်ကျေးမှုကော်မတီ (ဗဟို)ထံ ဆက်သွယ်ပါက စီစဉ်ပေးမည်ဖြစ်ကြောင်း နာဂရိုးရာ စာပေနှင့် ယဉ်ကျေးမှု (ဗဟို) ကော်မတီမှ ကော်မတီဝင်များက ပြောကြားသည်။

R-20

  • VIA


FOLLOW US