News

POST TAGGED AS

နယ်ခြားစောင့်တပ်

မြဝတီမြို့ အမှတ် ၅ ရပ်ကွက် သောင်းရင်းမြစ်အနီးက တပ်နယ် ၃ ကရင်နယ်ခြားစောင့်တပ် (BGF) ဂိတ်နေရာသို့ တပ်မတော်နှင့် ရဲတပ်ဖွဲ့တို့က လိုင်စင်မဲ့ယာဉ်များ စစ်ဆေးရန် လာရောက်သည်ကို ဂိတ်ဝင်းအတွင်းသို့ ဝင်ခွင့်မပြုရာမှ စစ်ရေးတင်းမာမှုအချို့ ဖြစ်ပေါ်ခဲ့ပြီးနောက် BGF ဘက်က လိုင်စင်မဲ့ကား ၁၀၀ ကျော်ကို တပ်မတော်နှင့် ရဲတပ်ဖွဲ့တို့ထံသို့ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း ကရင်နယ်ခြားစောင့်တပ်ဖွဲ့ထံမှ သိရသည်။
မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်တစ်လျှောက်တွင် တရားမဝင်မူးယစ်ဆေးဝါးနှင့် ရာဇဝတ်ပြစ်မှုများ ထိန်းချုပ်ရန် နှစ်နိုင်ငံ နယ်ခြားစောင့်တပ်ရင်းမှူး နှစ်ဦးပါသည့် အဖွဲ့များ ဖေဖော်ဝါရီလ ၁၃ ရက် မွန်းလွဲပိုင်းက တွေ့ဆုံခဲ့ကြောင်း အမှတ် (၁) နယ်ခြားစောင့်ရဲကွပ်ကဲမှု ဌာနချုပ်ထံမှ စုံစမ်းသိရသည်။
ကရင်အမျိုးသား အစည်းအရုံး (KNU) ၏ ထိစပ်နယ်မြေ တစ်ခုတွင် ပါဝင်သည့် မဲသဝေါ ဒေသတွင် တပ်မတော် နှင့် နယ်ခြားစောင့် တပ်များ၏ စစ်ရေး လှုပ်ရှားမှုများကြောင့် စိုးရိမ်ကြောင်း KNU က ထုတ်ပြန်ချက် တစ်စောင် ထုတ်ပြန်လိုက်သည်။