News

POST TAGGED AS

နယ်စပ်

မြန်မာ-ထိုင်း နယ်စပ်တစ်လျှောက်ရှိ ဒုက္ခသည်စခန်းများကို အမေရိကန်အစိုးရက အမေရိကန်ဒေါ်လာ ၁၇ ဒသမ ၆ သန်းနီးပါး ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း ကူညီထောက်ပံ့ပေးနေသည့် အဖွဲ့များထံမှ သိရသည်။
မီးလောင်မှုကြောင့် ဈေးဆိုင်ခန်း ၅၀ ကျော် ပျက်စီးဆုံးရှုံးခဲ့သည့် မြန်မာ - အိန္ဒိယနယ်စပ် နန်းဖာလုံဈေးတွင် လက်ရှိ ယာယီဈေးဆိုင်ခန်းများ တည်ဆောက်နေမှုမှာ ယခုလအတွင်း ပြီးစီးနိုင်မည်ဖြစ်ကြောင်း တမူးမြို့နယ်၊ စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ ဦးသိန်းဝင်းက ပြောကြားသည်။
မြန်မာ - တရုတ် နှစ်နိုင်ငံနယ်စပ်ဆက်ဆံရေးရုံးကို မြစ်ကြီးနားမြို့ စုပေါင်းရုံး၌ မတ်လ ၆ ရက်နေ့က ဖွင့်လှစ်ခဲ့ရာ ယင်းအခမ်းအနားသို့ ပြည်ထဲရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီးနှင့် တရုတ်နိုင်ငံကိုယ်စားလှယ်များအပါအဝင် ကချင်ပြည်နယ်၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးနှင့် ပြည်နယ်အဆင့် ဌာနဆိုင်ရာများ တက်ရောက်ခဲ့သည်။
မြန်မာနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ တပ်ရင်းမှူးအဆင့် တွေ့ဆုံဆွေးနွေးပွဲကို ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ခြမ်းတွင် ပြုလုပ်ခဲ့ပြီး နယ်စပ်မျဉ်းအနီး တရားမဝင်နေထိုင်သည့် နေရပ်စွန့်ခွာများနှင့် ပတ်သက်သည့် ကိစ္စရပ်များကို ဆွေးနွေးကြကြောင်း အစိုးရက သတင်းထုတ်ပြန်ခဲ့သည်။
မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံနယ်စပ်ရှိ လူမနေရ ကန့်သတ်ထားသည့် နယ်နိမိတ် (Zero Line)၌ ကြာမြင့်စွာ အခြေချနေထိုင်သူ ထောင်ချီသော ဘင်္ဂါလီများသည် ဖေဖော်ဝါရီ ၂၆ ရက် နံနက်ပိုင်းမှစ၍ ၎င်းတို့နေအိမ်များ ဖျက်သိမ်း၍ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ပြောင်းရွှေ့နေကြောင်း အမှတ် (၁) နယ်ခြားစောင့် ရဲကွပ်ကဲမှုဌာနချုပ်မှ အကြီးတန်းအရာရှိတစ်ဦးက ပြောကြားသည်။
မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်မှ ယခင်ကာရံထားသည့် ခြံစည်းရိုးဧရိယာရှိ မိုင်တိုင်ပေါင်း ၄၀ ခန့်အတွင်းမှ ပေါက်ပြဲနေသော သံဆူးကြိုးအပေါက်ပေါင်း ၁၀၀ ကျော်ကို ၂၀၁၈ ခုနှစ် ဇန်နဝါရီလမှ ဖေဖော်ဝါရီ ဒုတိယအပတ်အတွင်း ဖာထေးပြုပြင်ပြီးပြီဖြစ်ကြောင်း မောင်တောခရိုင် အုပ်ချုပ်ရေးမှူးရုံးထံမှ သိရသည်။
နန်းဖာလုံဈေးတွင် ဈေးဆိုင်ခန်းပေါင်း ၉၈၂ ခန်း ရှိသည့်အနက် ဈေးဆိုင်ခန်း ၅၃ ခန်းသာ မီးလောင်ကျွမ်းဆုံးရှုံးခဲ့ခြင်းသည် မီးသတ်ကားများမှာ အချိန်နှင့်တစ်ပြေးညီ မီးငြှိမ်းသတ်နိုင်ခဲ့ခြင်းကြောင့်ဖြစ်ပြီး မီးငြှိမ်းသတ်ရာတွင် တမူးမြို့ပေါ်ရှိ မီးသတ်ကား ၁၂ စီး အပါအဝင် အိန္ဒိယနိုင်ငံ မိုရေးမြို့ရှိ အိန္ဒိယ မီးသတ်တပ်ဖွဲ့မှ မီးသတ်ကား နှစ်စီးတို့ဖြင့် မီးငြှိမ်းသတ်နိုင်ခဲ့ခြင်းကြောင့်ဖြစ်ကြောင်း၊ ဖေဖော်ဝါရီလ ၈ ရက်နေ့ ညနေ ၄ နာရီ ရောက်သည့်အချိန်တွင် လောင်ကျွမ်းထားပြီးသည့်နေရာအချို့တွင် မီးတောက်များ ဆက်လက် ရှိနေခြင်းကြောင့် ဆက်လက် မီးငြှိမ်းသတ်နေရကြောင်း
မြန်မာ - ဘင်္ဂလားဒေ့ရှ်နယ်စပ် ခြံစည်းတွင် ကျန်ရှိသည့် မိုင် ၄၀ ကို သံဆူးကြိုးကာရံရေးအတွက် လမ်းဖောက်လုပ်မှုများ ကနဦးဆောင်ရွက်နေပြီး ယခင်ကာရံထားသော ခြံစည်းရိုး မိုင် ၁၃၀ မှ ပျက်စီးနေသည့် သံဆူးကြိုးနေရာများကိုလည်း ပြန်လည်စိစစ်၍ ပြုပြင်လျက်ရှိကြောင်း အမှတ် (၁) နယ်ခြားစောင့်ရဲကွပ်ကဲမှုဌာနချုပ်မှ ဒုတိယကွပ်ကဲရေးမှူးချုပ် ရဲမှူးကြီး ဗညားဦးက ပြောကြားသည်။
တောမီးလောင်ကျွမ်းမှုကြောင့် မီးခိုးမြူများအုံ့ဆိုင်းကာ လေယာဉ်များဆင်းသက်ရန် အခက်အခဲကြုံနေသည့် ထိုင်း-မြန်မာနယ်စပ် ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့နှင့် ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ နယ်စပ်တစ်လျှောက်တွင် ဇန်နဝါရီလ ၂၀ ရက်မှစတင်ကာ နှစ်နိုင်ငံပူးပေါင်း၍ မီးတားလမ်းများ ဖောက်လုပ်နေကြောင်း တာချီလိတ်မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနထံမှ သိရသည်။
03-Jan-2018 tagged as နယ်စပ် အိန္ဒိယ
အိန္ဒိယချည်ဈေးမှာ ဈေးနှုန်း ဆက်လက် မြင့်တက်နေသည့်အတွက် စစ်ကိုင်း တိုင်းဒေသကြီး၊ ကလေးမြို့နယ်အတွင်း တစ်ပိုင်တစ်နိုင် လုပ်ကိုင်ကြသည့် ရက်ကန်း လုပ်ငန်းအချို့မှာ ရပ်နားထားရကြောင်း ယင်းလုပ်ငန်းရှင်များထံမှ သိရသည်။