News

POST TAGGED AS

နမ္မတူ

ကျိုင်းတုံမြို့ သောက်သုံးရေ ရရှိရေး ဒုသမ္မတ (၂) ကျပ်သိန်းနှစ်ထောင် ထောက်ပံ့
ကျိုင်းတုံ၊ မတ် ၂၁

ရှမ်းပြည်နယ် ကျိုင်းတုံမြို့သို့ ပြီးခဲ့သည့်ရက်ပိုင်းက လာရောက်ခဲ့သော ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူက ဒေသခံများ သောက်သုံးရေ ရရှိရေးအတွက် ကျပ်သိန်းနှစ်ထောင် ထောက်ပံ့ခဲ့ကြောင်း ကျိုင်းတုံခရိုင် အထွေထွေအုပ်ချုပ်ရေးမှူး ဦးဝင်းမင်းသိန်းက ပြောသည်။

ကျိုင်းတုံမြို့ရှိ ဒေသခံများ သောက်သုံးရေသန့်ရရှိစေရန် ရေသွယ်ယူရေးအတွက် ၈ မိုင် ရေပေးဝေရေးစခန်းသို့ တိုးချဲ့ရေသွယ်ယူနိုင်ရန် အနီးဝန်းကျင်ရှိ ၁၁ မိုင် ရေတံခွန်အပါအဝင် ရေထွက်ချောင်းနှစ်ခုကို ရှာဖွေထားကြောင်း၊ ရေပေးဝေရေးစခန်းသို့ တိုးချဲ့ရေသွယ်ယူနိုင်ရန် အနီးဝန်းကျင်ရှိ ၁၁ မိုင် ရေတံခွန်အပါအဝင် ရေထွက်ချောင်းနှစ်ခုကို ရှာဖွေထားကြောင်း၊ ရေရရှိရန် ကုန်ကျစရိတ် သိန်းငါးထောင်ကျော်ခန့်မှန်းထားရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့က သိန်း ၁၅၀၀ ပေးအပ်ခဲ့သော်လည်း လိုအပ်သောငွေများကို ဒုသမ္မတက ထောက်ပံ့ခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။ 

မတ်လ ၂၁ရက်တွင် မြို့နယ်စည်ပင်သာယာရေး ကော်မတီဝင်များ တွေ့ဆုံဆွေးနွေးပြီး ယင်းရေထွက်ချောင်းနှစ်ခုအပြင် ရေသွယ်ယူရန် အဖြစ်နိုင်ဆုံးဖြစ်သည့် နမ့်ကွီချောင်းကို ဦးစားပေးရွေးချယ်လိုက်ပြီး အစိုးရအဖွဲ့ထံ တင်ပြမည်ဖြစ်ကြောင်း ယင်းမြို့နယ် စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌဦးခင်မောင်ထွန်းက ပြောကြားသည်။

“အရင်နှစ်တွေကဆို မိုးတွင်းမှ ရေတွေကနောက်ကျိပြီး သုံးလို့မရတာ။ အခုနှစ်က တောင်ကြီးလမ်းတစ်လျှောက်မှာ လမ်းတိုးချဲ့နေတော့ ရေတွေက အမြဲနောက်ကျိနေသလို ရေကလည်း ပုံမှန်မလာလို့ ရေဝယ်သုံးနေရတယ်”ဟု အမှတ် (၁) ရပ်ကွက်နေ ဌာနဆိုင်ရာ ဝန်ထမ်းတစ်ဦးက ဆိုသည်။ 

ကျိုင်းတုံမြို့တွင် မြို့ပေါ် ငါးရပ်ကွက်အပါအဝင် တပ်ရင်းတပ်ဖွဲ့များကို မြို့နှင့် ၈ မိုင်ခန့်အကွာရှိ နမ့်အောချောင်းရေကို ရေစစ်ကန်များဖြင့် သွယ်ယူ၍ ထပ်မံဖြန့်ဖြူးပေးနေကြောင်း၊ နေ့စဉ်ရေဂါလန် လိုအပ်ချက် ကိုးသိန်းကျော်အနက် ခြောက်သိန်းခန့်သာ ဖြန့်ဖြူးပေးနိုင်ကြောင်း၊ လက်ရှိတွင် နမ့်ကွီချောင်း ရေထွက်မှ ၈ မိုင် ရေစုကန်သို့ ရေပိုက်လိုင်းသွယ်ယူရန် ကျပ်သိန်းငါးထောင်ကျော် ကုန်ကျမည်ဟု ခန့်မှန်းထားကြောင်း သိရသည်။ 

R-16



FOLLOW US