News

POST TAGGED AS

နမ္မတူ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ္မတူမြို့နယ်အတွင်း လက်နက်ကိုင်တပ်ဖွဲ့များ နှစ်ဖက်စစ်ရေးတင်းမာနေသည့်အခြေအနေကြောင့် ကျေးရွာအသီးသီးမှ ဒေသခံ ရွာသူ၊ ရွာသား ၁၈၀၀ ကျော်သည် ကြိုတင်တိမ်းရှောင်နေပြီး နီးစပ်ရာဘုန်းကြီးကျောင်းများ၌ ခိုလှုံနေထိုင်လျက်ရှိကြောင်း လူမှုကူညီရေးအသင်းအဖွဲ့များနှင့် ကူညီဆောင်ရွက်ပေးနေသူများထံမှ စုံစမ်းသိရှိရသည်။
နမ့်ယော်ချောင်းရေတက်လာမှုကြောင့် ရေကြီးရေလျှံမှုများဖြစ်ပွားနေသည့် ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ္မတူမြို့နယ်၊ အီနိုင်းကျေးရွာတွင် ရေဘေးရှောင်သူ အရေအတွက်ထပ်တိုးလာရာ ဩဂုတ်လ ၁ ရက်နေ့အထိ ရေဘေးရှောင်သူ ၃၁၀ ဦး ရှိပြီး ရေလွတ်ရာတွင် ခိုလှုံနေကြောင်း ကျေးရွာအုပ်ချုပ်ရေးမှူးရုံးမှ စုံစမ်းသိရှိရသည်။
ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ္မတူမြို့နယ်၊ နားဆိုင်းကျေးရွာတွင် မေလ ၇ ရက်နေ့က ဗုံးသီးဟောင်းကို ဆော့ကစားရာမှ ပေါက်ကွဲမှုဖြစ်ကာ ကလေးငယ်တစ်ဦး သေဆုံးပြီး နှစ်ဦးဒဏ်ရာရရှိခဲ့ကြောင်း လားရှိုးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနထံမှ သိရသည်။
ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ္မတူမြို့နယ်အတွင်း မတ်လ ၂၀ ရက်နေ့က တိုင်းရင်းသားလက်နက်ကိုင် နှစ်ဖွဲ့ဖြစ်သည့် ရှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ (RCSS) နှင့် (TNLA) တို့ တိုက်ပွဲများ ပြင်းထန်စွာဖြစ်ပွားနေသည့်အပြင် တပ်မတော်ဘက်ကလည်း ပစ်ခတ်မှုများရှိနေကြောင်း ယင်းဒေသခံများထံမှ စုံစမ်းသိရှိရသည်။
ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ္မတူမြို့နယ်အတွင်း တိုင်းရင်းသား လက်နက်ကိုင်များအချင်းချင်း တိုက်ပွဲများ ဖြစ်ပွားနေသည့်အတွက် နမ္မတူမြို့နယ်၊ ပန်းကော့ကျေးရွာအုပ်စုရှိ ကျေးရွာနှစ်ရွာမှ ဒေသခံသုံးရာကျော်သည် နီးစပ်ရာကျေးရွာများသို့ တိမ်းရှောင်နေရကြောင်း ယင်းဒေသခံများထံမှ သိရသည်။
ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ္မတူမြို့နယ်အတွင်းရှိ အီနိုင်းကျေးရွာဈေးတွင် စားသုံးရန်မသင့်သော အစားအသောက်များ ရောင်းချခြင်း ရှိ မရှိကို စားသုံးသူရေးရာဦးစီးဌာနနှင့် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA) တို့က မတ်လ ၆ ရက်နေ့က သွားရောက်စစ်ဆေးခဲ့သည်။