News

POST TAGGED AS

နန်းဖာလုံဈေး

မြန်မာ-အိန္ဒိယနယ်စပ် နန်းဖာလုံဈေး ပြန်ဖွင့်


ကလေး၊ ဖေဖော်ဝါရီ ၁၅

မီးလောင်မှုကြောင့် ပိတ်ထားရသည့် မြန်မာ-အိန္ဒိယနယ်စပ် နန်းဖာလုံဈေးကို ယနေ့ (ဖေဖော်ဝါရီလ ၁၅ ရက်) တွင် ပြန်လည်ဖွင့်လှစ်ရောင်းချနေပြီဖြစ်ကြောင်း ယင်းဈေးသူ၊ ဈေးသားများထံမှ သိရသည်။

ဖေဖော်ဝါရီလ ၈ ရက်နေ့ညက လောင်ကျွမ်းခဲ့သည့်မီးကြောင့် ဖေဖော်ဝါရီလ ၉ ရက်နေ့မှ စတင်၍ ဈေးပိတ်ထားခဲ့ခြင်းဖြစ်သည်။

မီးလောင်ပျက်စီးခဲ့သည့် ဆိုင်ခန်းများအတွက် ဈေးဝင်းနှင့်ကပ်လျက် တောင်ဘက်ခြမ်းတွင် ယာယီနေရာများ သတ်မှတ်ရောင်းချခွင့်ပြုထားကြောင်း၊ ရက်ရှည်ဈေးပိတ်ခဲ့သည့်အတွက် လာရောက်ဈေးဝယ်သူ များပြားကြောင်း နန်းဖာလုံဈေးကော်မတီ ဥက္ကဋ္ဌ ဦးဝင်းမြင့်က ပြောကြားသည်။

“ရက်ရှည်ပိတ်ထားတော့ မျောက်ငိုသီးရောင်းချင်သူတွေက ဒီနေ့အများကြီးလာကြတယ်။ ပစ္စည်းကပုံနေတော့ ဈေးကတော့ ကျသွားတယ်”ဟု မျောက်ငိုသီးကုန်သည် ဦးအောင်မျိုးဦးက ပြောဆိုသည်။

R- 20



FOLLOW US