News

POST TAGGED AS

နန်းဖာလုံဈေး

18-Sep-2017

တမူး
တမူး-ကလေးလမ်း ပျက်စီး၍ ကားကြီးများသွားလာခွင့် ခေတ္တပိတ်ထား
ကလေး၊ စက်တင်ဘာ ၁၈

မြန်မာ-အိန္ဒိယ နယ်စပ်ကုန်သွယ်ရေကားလမ်း ဖြစ်သည့် စစ်ကိုင်းတိုင်းဒေသကြီး တမူးမြို့နှင့် ကလေးမြို့ကြား တံတားတစ်စင်း ချောင်းရေတိုက်စားမှုကြောင့် ကားကြီးများ ဖြတ်သန်းသွားလာမှု ရပ်နားထားရကြောင်း တမူးမြို့ရှိ ယာဉ်မောင်းများထံမှ သိရသည်။

ကလေး-တမူးကြား ကနန်ကျေးရွာအနီး တံတားအမှတ် ၃/၅၈ သည် ယနေ့ (စက်တင်ဘာလ ၁၈ ရက်) နံနက် ၂ နာရီခန့်မှစ၍ ချောင်းရေတိုက်စားပြီး တမူးဖက်ခြမ်းရှိ တံတားချဉ်းကပ်လမ်း အရှည်ပေ ၃၀ ခန့် ချောင်းရေတိုက်စားခံရသည်။

တံတားပေါ်မှ သွားလာမှု အန္တရာယ် ကင်းစေရေး ကားငယ်များကို ဖြတ်သန်းသွားခွင့် ပြုထားသော်လည်း ကားကြီးများ သွားလာခွင့်ကို ယာယီပိတ်ထားသဖြင့် ကားကြီးများ သွားလာမှု ရပ်ဆိုင်းနေကြောင်း တံတားအနီး ရောက်ရှိနေသည့် ခမ်းပါတ်မြို့နေ ဦးလူချောက ပြောကြားသည်။

“ဆောက်လုပ်ရေးက အဖွဲ့တွေကတော့ ကားကြီးတွေနဲ့ ကျောက်တွေချပြီး သွားလာလို့ရအောင် ပြင်ပေးနေတယ်။ ခုလောလောဆယ်တော့ ကားကြီးတွေ သွားလို့မရသေးဘူး” ဟု ၄င်းက ယနေ့ (စက်တင်ဘာ ၁၈ ရက်) နံနက် ၁၁ နာရီခန့်က ပြောကြားသည်။

ကလေး-တမူး မိုင် ၈၈ မိုင်ခန့် ကွာဝေးသည့် ကားလမ်းပေါ်တွင် တံတားအစင်းပေါင်း ၇၁ စင်းရှိပြီး မြန်မာ-အိန္ဒိယ နယ်စပ်ကုန်သွယ်ေ ရေးအတွက် တစ်ခုတည်းသော အသုံးပြုရသည့် ကားလမ်းမကြီး ဖြစ်ကာ တံတားများ မိုးရာသီ ချောင်းရေများ ကျဆင်းပါက တံတားပျက်စီမှု မကြာခဏ ကြုံတွေ့နေရပြီး ယခုဖြစ်ပွားသည့် တံတားသည် ၂၀၁၅ ခုနှစ် အတွင်းက ချောင်းရေတိုက်စား ပျက်စီးသဖြင့် ပြန်လည်ပြုပြင်ထားသော တံတားဖြစ်သည်။

R-20
ဓာတ်ပုံ - ဇော်မင်းထွဋ်



FOLLOW US