News

POST TAGGED AS

နန်းဖာလုံဈေး

မီးလောင်မှုကြောင့် ပိတ်ထားရသည့် မြန်မာ-အိန္ဒိယနယ်စပ် နန်းဖာလုံဈေးကို ယနေ့ (ဖေဖော်ဝါရီလ ၁၅ ရက်) တွင် ပြန်လည်ဖွင့်လှစ်ရောင်းချနေပြီဖြစ်ကြောင်း ယင်းဈေးသူ၊ ဈေးသားများထံမှ သိရသည်။
မြန်မာ-အိန္ဒိယနယ်စပ်ရဲ့ အဓိက ဈေးဖြစ်တဲ့ နန်းဖာလုံဈေးမီးလောင်မှုကြောင့် ဆိုင်ခန်း ၆၀ ပျက်စီးခဲ့ပြီး ကျပ်သိန်း တစ်သောင်းခုနှစ်ထောင်ခန့် ဆုံးရှုံးခဲ့တယ်လို့ သိရပါတယ်။ ဖေဖော်ဝါရီလ ၇ ရက် ည ၉ နာရီခွဲခန့်မှာ နန်းဖာလုံဈေး မီးလောင်ခဲ့တာဖြစ်ပြီး ၇ နာရီကြာ လောင်ကျွမ်းခဲ့တာဖြစ်ပါတယ်။ ဒီသတင်းကို သတင်းထောက် ငြိမ်းသူမင်းက ရိုက်ကူးထားတာပါ။
နန်းဖာလုံဈေးတွင် ဈေးဆိုင်ခန်းပေါင်း ၉၈၂ ခန်း ရှိသည့်အနက် ဈေးဆိုင်ခန်း ၅၃ ခန်းသာ မီးလောင်ကျွမ်းဆုံးရှုံးခဲ့ခြင်းသည် မီးသတ်ကားများမှာ အချိန်နှင့်တစ်ပြေးညီ မီးငြှိမ်းသတ်နိုင်ခဲ့ခြင်းကြောင့်ဖြစ်ပြီး မီးငြှိမ်းသတ်ရာတွင် တမူးမြို့ပေါ်ရှိ မီးသတ်ကား ၁၂ စီး အပါအဝင် အိန္ဒိယနိုင်ငံ မိုရေးမြို့ရှိ အိန္ဒိယ မီးသတ်တပ်ဖွဲ့မှ မီးသတ်ကား နှစ်စီးတို့ဖြင့် မီးငြှိမ်းသတ်နိုင်ခဲ့ခြင်းကြောင့်ဖြစ်ကြောင်း၊ ဖေဖော်ဝါရီလ ၈ ရက်နေ့ ညနေ ၄ နာရီ ရောက်သည့်အချိန်တွင် လောင်ကျွမ်းထားပြီးသည့်နေရာအချို့တွင် မီးတောက်များ ဆက်လက် ရှိနေခြင်းကြောင့် ဆက်လက် မီးငြှိမ်းသတ်နေရကြောင်း