News

POST TAGGED AS

နတ်

စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်မြို့နယ်၊ ဇီးတော၊ မောင်းတုံကျေးရွာတွင် နှစ်စဉ်ကျင်းပလေ့ရှိသည့် အမေရေယဉ်ပွဲတော်ကို မတ်လ ၁ ရက်နေ့ (တပေါင်း လပြည့်နေ့) မှ စတင်ကာ ကျင်းပလျက်ရှိကြောင်း နန်းထိန်းများထံမှ သိရသည်။
ကော့သောင်းမြို့နယ်၊ စူငယ်ပါလိုင်း ကျေးရွာအုပ်စု၊ မကြုံကလက်ကျေးရွာတွင် ဖေဖော်ဝါရီ ၂၀ ရက်နေ့က ကျင်းပပြုလုပ်နေသည့် ဆလုံတိုင်းရင်းသားများ၏ ရိုးရာနတ်ပွဲကို ကင်းမွန်မီးထွန်းလှေလုပ်သားတစ်စု ဝင်ရောက်ဖျက်ဆီးခဲ့ကြောင်း မကြုံကလက်ကျေးရွာသားများထံမှ သိရသည်။
02-Sep-2016 tagged as လှေ နတ်
နတ်ပွဲတွေအကြောင်း ပြောလျှင် ရတနာ့ဂူပွဲသည် မပါမဖြစ်။ နတ်ပွဲဟု ဆိုလိုက်သည်နှင့် ထိပ်ဆုံးက ပြေးမြင်ကြမှာကတော့ တောင်ပြုန်း သူပြီးလျှင်တော့ ရတနာ့ဂူ။ ရက်အားဖြင့်လည်း ရတနာ့ဂူနတ်ပွဲက တောင်ပြုန်းအပြီး နောက်တစ်ပတ်ခြား ဝါခေါင်လဆုတ် ၈ ရက်မှသည် ဝါခေါင်လကွယ်နေ့အထိ ကျင်းပခြင်း ဖြစ်သည်။