News

POST TAGGED AS

နည်းပညာ

19-Dec-2016 tagged as နည်းပညာ
လက်ရှိ အနေအထားတွင် ဂိမ်းများကို ကွန်ဆိုးဟု ခေါ်သည့် ပစ္စည်းများဖြင့် ထိန်းချုပ်ဆော့ကစား နေကြရသည့် အဖြစ်မှ အနာဂတ်တွင် ဦးနှောက်ဖြင့် ထိန်းချုပ်ကာ စိတ်ဖြင့် စေခိုင်းနိုင်မည့် ရှေ့ပြေးကစားစရာပစ္စည်း တစ်မျိုးကို Warwick University မှ ပညာရှင်များက တီထွင်နိုင်ခဲ့ကြောင်း AFP သတင်းတွင် ဖော်ပြထားသည်။
ဂျပန်နိုင်ငံတွင် အထီးကျန်နေသူများအတွက် စိတ်ဖြေဖျောက်မှုကို ဖြည့်ဆည်းပေးနိုင်မည့် သုံးဖက်မြင် ရုပ်ကြွဟိုလိုဂရမ်စနစ် လေဆာရောင်ခြည်ဖြင့် ဇနီးမယားအသွင် ပုံဖော်ပေးကာ စိတ်ချမ်းသာဖွယ် ဆက်ဆံပေးနိုင်သော စက်များအား ရောင်းချတော့မည် ဖြစ်ကြောင်း Stuff မဂ္ဂဇင်းတွင် ဖော်ပြထားသည်။
17-Dec-2016 tagged as နည်းပညာ
လူမှုရေး အရှုပ်အရှင်းကိစ္စရပ်များ အပါအဝင် လူကုန်ကူးမှု ပြဿနာများကြောင့် ချစ်သူရှာဖွေရေး ဝက်ဘ်ဆိုက်များကို အရေးယူဆောင်ရွက်နိုင်ရန် လွှတ်တော်သို့ တင်ပြသွားမည် ဖြစ်ကြောင်း ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်များထံမှ သိရသည်။
16-Dec-2016 tagged as နည်းပညာ
Daily Income Expense Manager မိုဘိုင်းလ် App ကို အသုံးပြုပြီး ဘာတွေလုပ်လို့ရမလဲ။ နေ့စဉ် ထွက်ငွေနဲ့ ဝင်ငွေကို စိစစ်မှတ်သားထားလို့ရမယ့်အပြင် ဒီစာရင်းတွေကို လေ့လာသုံးသပ်ပြီး ဝင်ငွေ ထွက်ငွေကို ချိန်ညှိပြီး ကိုယ့်ရဲ့အသုံးစာရိတ်ကို စိစစ်နိုင်ပါလိမ့်မယ်။ ဘယ်လိုလုပ်ဆောင်ချက်တွေနဲ့ စိစစ်မှတ်သားနိုင်မယ်ဆိုတာ လေ့လာကြည့်ရအောင်။
အမေရိကန်သမ္မတအဖြစ် ရွေးကောက်တင်မြှောက်ထားခြင်း ခံရသည့် ဒေါ်နယ်ထရမ့်နှင့် နည်းပညာလောကမှ နာမည်ကျော် လုပ်ငန်းရှင်ကြီးများ တွေ့ဆုံပွဲသည် ထရမ့်က သူနားမလည်သေးသည့် လုပ်ငန်းတွင် နားလည်အောင် နာယူရမည့်အစား သူ့ကိုယ်သူ စန်းတင်ကာ သိက္ခာတင်ပြီး အကူအညီပေးရန် ရောက်လာသလို ပြောကြားခဲ့ကြောင်း The New York Times သတင်းတွင် ဖော်ပြထားသည်။
အနောက်နိုင်ငံ ပညာရေးစနစ်တွင် AI (Artificial Intelligence) ခေါ် လူသားကဲ့သို့ လုပ်ဆောင်နိုင်သည့် ကွန်ပျူတာနှင့် စက်တို့၏ ဉာဏ်ရည်တု တီထွင်မှုဆိုင်ရာ ပညာရပ်များကို သင်ကြား လေ့ကျင့်ပေးနေကြသည်မှာ ဆယ်စုနှစ် တစ်စုကျော်သို့ပင် ရောက်ရှိလာပြီ ဖြစ်သည်။
နည်းပညာသုံးပြီး အွန်လိုင်းပေါ်ကနေ အမျိုးသမီးတွေကို နီးစပ်မှုယူမယ်။ ပြီးရင် ရောင်းစားမယ်ပေါ့။ ဒါမျိုးတွေရှိနိုင်တယ်။ ဒါတွေ ရှိလာတာလည်း ရှိတယ်။ အဲ့ဒါတွေကိုတော့ ကာကွယ်ပေးရမယ်။ အဲ့ဒီလိုကာကွယ်ပေးဖို့ ဆိုက်ဘာဥပဒေ သီးခြားရှိရမယ်။ အဲ့ဒီလိုလုပ်တဲ့နေရာမှာလည်း ဒီဥပဒေကို အလွဲသုံးလို့မရအောင် စနစ်တကျရေးဆွဲမှရမယ်။ ကိုယ့်အကောင့်ကို Hack ခံရတာလည်း ဖြစ်ရင်ဖြစ်မယ်။ အဲ့ဒီလိုအမျိုးမျိုးရှိနိုင်တာတွေက နောက်မှ ရှင်းဆိုတဲ့ဟာမျိုး ဖြစ်နေတဲ့အခါကျတော့ ဒီစွပ်စွဲခံရတဲ့ သူရဲ့ အခွင့်အရေးကတော့ တော်တော်လေးကို နည်းတယ်ဗျ။
05-Dec-2016 tagged as နည်းပညာ
ဟားဗတ်၊ ဝိုက်စ်အင်စတီကျူမှ ဇီဝဗေဒ အင်ဂျင်နီယာဌာန ပညာရှင်များသည် အသားနှင့် ပင်လယ်မှ အခွံမာ အကောင်ငယ်များကို အမှုန့်ပြုလုပ်ထားသည့် ပစ္စည်းများ ရောစပ်ပြီး ကော်တစ်မျိုး တီထွင်နိုင်ခဲ့ရာ၊ ယင်းကော်သည် လူတို့၏ ဒဏ်ရာရပြီး ပျက်စီးကွဲရှသွားသည့် အသားများကို ချက်ချင်းပြန်ဆက်ကာ သက်သာစေနိုင်ခဲ့ကြောင်း New Atlas သတင်းတွင် ဖော်ပြထားသည်။