News

POST TAGGED AS

ဓားထိုးမှု

10-Dec-2017 tagged as ဓားထိုးမှု
ကွမ်းခြံကုန်းမြို့နယ်၊ တောင်ပိုင်း ရပ်ကွက်၊ ဇမ္ဗူအေးလမ်းရှိ နေအိမ်တစ်လုံးတွင် လင်မယားချင်း စကားများရာမှ ဇနီးဖြစ်သူနှင့် ခယ်မကို ဓားနှင့်ထိုးခဲ့ရာ အသက် ၃၄ နှစ်အရွယ်ခယ်မဖြစ်သူ ဒီဇင်ဘာလ ၈ ရက် ည ၇ နာရီ ခွဲခန့်က သေဆုံးမှု ဖြစ်ပွားခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ထံမှ သိရသည်။
လှိုင်သာယာမြို့နယ်၊ အမှတ် (၁၁) ရပ်ကွက်၊ ရွှေကံသာလမ်းပေါ်တွင် နိုဝင်ဘာလ ၂၈ ရက် ည ၈ နာရီ ၄၅ မိနစ်ခန့်က မိသားစုကိစ္စပြောဆိုရင်း စကားများ ရန်ဖြစ်ရာက သမီးယောက်ဖချင်း လူသတ်မှု ဖြစ်ပွားခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ထံမှ စုံစမ်းသိရသည်။
19-Nov-2017 tagged as ဓားထိုးမှု
ဒဂုံအရှေ့မြို့နယ်၊ (၁၅၆) ရပ်ကွက်ရှိ နာရေးအိမ်တွင် အမျိုးသားတစ်ဦးက နာရေးအိမ်မှ ညီအစ်ကို နှစ်ဦးကို ဓားဖြင့် ထိုးခဲ့သောကြောင့် အစ်ကိုဖြစ်သူ သေဆုံးခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။
လူသတ်မှု ကျူးလွန်သည်ဟုဆိုသော လင်မယား နှစ်ဦးကို သွားရောက်ဖမ်းဆီးသည့် နယ်ထိန်းရဲတပ်ကြပ်တစ်ဦး ဓားထိုးခံရပြီး အင်းစိန်ပြည်သူ့ဆေးရုံကြီးသို့ တင်ပို့ကုသထားရကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ထံမှ စုံစမ်းသိရသည်။
ရှမ်းပြည်နယ်၊ တောင်ကြီးမြို့ရှိ အဝေရာမီးပုံးပျံကွင်းတွင် အောက်တိုဘာလ ၃၀ ရက် နံနက်ပိုင်းက ဘီယာဆိုင်မှ လုံခြုံရေးဝန်ထမ်း အမျိုးသားတစ်ဦးကို ဘီယာ လာသောက်သူက ဓားဖြင့်ထိုးခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။
25-Oct-2017 tagged as ဓားထိုးမှု
ပြည်ရိပ်မွန်အိမ်ရာတွင် မောင်နှမ နှစ်ဦးပိုင်ဆိုင်သည့် တိုက်ခန်းကို ရောင်းချရန်ပြောဆိုရာက ငြင်းဆိုသည့်အစ်မကို အသက် ၂၇ နှစ်အရွယ် မောင်ဖြစ်သူက ဓားနဲ့ဆင့်ထိုးမှု အောက်တိုဘာလ ၂၃ ရက်နေ့ ညနေပိုင်းက ဖြစ်ပွားခဲ့ကြောင်း ရန်ကုန် တိုင်းဒေသကြီး ရဲတပ်ဖွဲ့ထံမှ သိရသည်။
21-Oct-2017 tagged as ဓားထိုးမှု
မင်္ဂလာတောင်ညွန့်မြို့နယ် မင်္ဂလာဈေးဝင်းရှိ ရွှေမင်္ဂလာဈေးရုံထဲတွင် ယနေ့ (အောက်တိုဘာ ၂၁ ရက်) နံနက် ၉ နာရီဝန်းကျင်က လူငယ်အမျိုးသားတစ်ဦး ဓားဖြင့်ထိုးခံရကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။
ကြည့်မြင်တိုင်မြို့နယ်ရှိ စံပြငါးဈေးတွင် အောက်တိုဘာလ ၁၇ ရက် နံနက်ပိုင်းက ကထိန်အတွက် အလှူခံနေသည့် အမျိုးသားတစ်ဦး၏ရင်အုံကို အခြားအမျိုးသားတစ်ဦးက ဓားမြှောင်ဖြင့် နှစ်ချက် ဆင့်ထိုးခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။
30-Sep-2017 tagged as ဓားထိုးမှု
တောင်ဥက္ကလာပမြို့နယ်၊ အမှတ် (၆) ရပ်ကွက် ကုန်းဘောင်လမ်းနှင့် အင်းဝလမ်းထိပ်တွင် ယနေ့ (စက်တင်ဘာလ ၃၀ ရက်) နံနက် ၈ နာရီဝန်းကျင်က သမီးရည်းစားစုံတွဲကို မိန်းကလေး၏ ရည်စားဟောင်း အမျိုးသားက ဓားဖြင့်ထိုးခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။
28-Sep-2017 tagged as ဓားထိုးမှု
တောင်ဥက္ကလာပမြို့နယ်၊ ၁၂ ရပ် ကွက်ရှိ အထက(၅) ကျောင်းဝင်းအပြင်ဘက်တွင် စက်တင်ဘာလ ၂၇ ရက် မွန်း လွဲ ၃ နာရီခွဲ ဝန်းကျင်က ကျောင်းသားချင်း စကားများရန်ဖြစ်ရာမှ ကိုးတန်းကျောင်းသား သုံးဦး ဓားထိုးခံရကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။