News

POST TAGGED AS

ဓားထိုးမှု

ကမာရွတ်မြို့နယ်၊ အမှတ် (၃) အခြေခံပညာ အထက်တန်းကျောင်းတွင် ဖေဖော်ဝါရီလ ၂ ရက် နံနက်ပိုင်းက ကိုးတန်းကျောင်းသားတစ်ဦးမှာ ဓားဖြင့် ထိုးခံရကြောင်း ရဲတပ်ဖွဲ့ထံမှ စုံစမ်းသိရှိရသည်။
ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်၊ အမှတ် (၄၈) ရပ်ကွက်၊ ရှင်တစ်ရာလမ်းရှိ လေးခန်းတွဲ တိုက်ခန်းတစ်ခုတွင် ဇန်နဝါရီလ ၂၉ ရက် ည ၁၀ နာရီခွဲခန့်က လင်မယား ရန်ဖြစ်နေသည့်ကိစ္စကို ဘေးခန်းနေ အမျိုးသားက ရှင်းပေးမည်ဟုခေါ်၍ ဝိုင်းဝန်းရိုက်နှက်၍ ဓားနှင့်ထိုးခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ထံမှ သိရသည်။
မင်္ဂလာဒုံမြို့နယ်၊ သင်္ဃန်းကျွန်းကြီးကျေးရွာအုပ်စု၊ မြရတနာရပ်ကွက်ရှိ နေအိမ်လိုင်းခန်း တစ်ခန်းတွင် ဇန်နဝါရီလ ၂၉ ရက် နံနက် ၄ နာရီဝန်းကျင်က အခန်း ထဲ အမျိုးသားတစ်ဦး ဝင်ရောက်လာသဖြင့် ပတ်ဝန်းကျင်ကို အော်ဟစ် အကူအညီတောင်းသည့် အမျိုးသမီးမှာ ဓားဖြင့်ထိုးခံရကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။
မြောက်ဥက္ကလာပမြို့နယ်၊ (င) ရပ်ကွက်၊ သုဓမ္မာလမ်းမကြီးပေါ်ရှိ လေးလွှာတိုက်ခန်းတစ်ခုတွင် ငှားရမ်းနေထိုင်သော အသက် ၂၇ နှစ်အရွယ် ရည်းစားဖြစ်သူ၏နေအိမ်သို့ လာရောက်ညအိပ်သည့် ထိုင်ဝမ်မှအမျိုးသားကို အိမ်ကျော်နင်းဝင်ရောက်သူ အမျိုးသားတစ်ဦးက ဓားနှင့်ဆင့်ထိုးသွားကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ထံမှ စုံစမ်းသိရသည်။
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်တက္ကသိုလ် သင်္ချာဌာနမှ စာရေးဝန်ထမ်းဖြစ်သည့် အသက် ၃၇ နှစ်ရှိ ဒေါ်နီလာခိုင်သည် နေအိမ်အိမ်သာတွင်း၌ ဓားဒဏ်ရာဖြင့် သေဆုံးနေသည်ကို ဇန်နဝါရီလ ၁၇ ရက်နေ့ ည ၇ နာရီခန့်က တွေ့ရှိခဲ့ရကြောင်း ယင်းကျေးရွာ ဒေသခံများထံမှ စုံစမ်းသိရှိရသည်။
ချမ်းမြသာစည်မြို့နယ် တရားရုံးသို့ လာရောက်စစ်ဆေးခံသည့် အမျိုးသမီးတစ်ဦး ဇန်နဝါရီလ ၁၀ ရက်နေ့က တရားရုံးမှအပြန်တွင် ဓားနှင့်ထိုးကာ အသတ်ခံခဲ့ရကြောင်း အခင်းဖြစ်ပွားရာအနီး နေထိုင်သူများထံမှ သိရသည်။
နေအိမ်ထရံအား လက်နှင့်ပုတ်သူကို “ဘာဖြစ်လို့ပုတ်တာလဲ”ဟု မေးမြန်းမိရာမှ အိမ်ရှင်အမျိုးသမီး ကတ်ကြေးနှင့်ထိုးသတ်ခံရသော လူသတ်မှုတစ်ခု ကြည့်မြင်တိုင်မြို့နယ် ဘလုပ်ညွန့်ရပ်ကွက်တွင် ဖြစ်ပွားခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ထံမှ စုံစမ်းသိရသည်။
25-Dec-2017 tagged as ဓားထိုးမှု
ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ ၁၈ ရပ်ကွက်၊ ပုလဲကျွန်းလမ်းတွင် ဒီဇင်ဘာလ ၂၄ ရက် ည ၁၀ နာရီခွဲက အသက် ၄၂ နှစ်အရွယ် အမျိုးသားတစ်ဦးကို ၎င်းအရက်တောင်းသောက်သည်ကို ပေးမတိုက်သည့် လူငယ်အမျိုးသားတစ်ဦးကို ဓားမြှောင်ဖြင့် နှစ်ချက် ဆင့်ထိုးခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။
20-Dec-2017 tagged as ဓားထိုးမှု
လမ်းမတော်မြို့နယ်၊ အမှတ်(၃) ရပ်ကွက်၊ အနော်ရထာလမ်းနှင့်လမ်းသစ် လမ်းထောင့်တွင် ဒီဇင်ဘာလ ၁၈ ရက် ညနေ ၅ နာရီခွဲခန့်က အနှေးယာဉ် (ဆိုက်ကား) ပြန်ယူသည်ကို မကျေနပ်၍ အသက် ၅၇ နှစ်အရွယ် ဖခင်ဖြစ်သူက ၎င်း၏သားဖြစ်သူကို ဓားဖြင့်ထိုးခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ထံမှ စုံစမ်းသိရသည်။
မြောက်ဥက္ကလာပမြို့နယ်၊ ဝေဘာဂီ (၁) ရပ်ကွက် ကနောင်လမ်းတွင် ဒီဇင်ဘာလ ၁၀ ရက် နံနက် ၁ နာရီခွဲဝန်းကျင်က လမ်းပေါ် အော်ဟစ်ဆဲဆိုနေသူကို ရပ်ကြည့်မိသည့် အမျိုးသားတစ်ဦးအား မင်းက လူမိုက်လားဟု မေးမြန်းကာ ဓားဖြင့်ထိုးခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။