News

POST TAGGED AS

ဓားထိုးမှု

မိန်းမပျိုနှင့် ချိန်းတွေ့သော ခင်ပွန်းကို ဇနီးက ဓားဖြင့်ထိုး
ရန်ကုန်၊ ဇွန် ၁၀

မင်္ဂလာဒုံမြို့နယ်၊ သင်္ဃန်းကျွန်းကြီး ကျေးရွာရှိ အောင်စည်းခုံဘုရားပေါ်တွင် မိန်းကလေးငယ် တစ်ဦးနှင့် ချိန်းတွေ့နေသည့် ခင်ပွန်းဖြစ်သူကို ၎င်း၏ ဇနီးကဓားဖြင့် ထိုးခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

ဓားဖြင့်ထိုးခံရသည့် အသက် ၃၃ နှစ် အောင်မင်းထက် (ခ) ဇော်လတ် (ခ) ပါပူးမှာ သင်္ဃန်းကျွန်းကြီးကျေးရွာတွင် နေထိုင်သူဖြစ်ပြီး ဇွန်လ ၈ ရက် ညနေ ၅ နာရီခွဲ ဝန်းကျင်က တစ်ရွာတည်းနေ အသက် ၁၉ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦးနှင့် အောင်စည်းခုံဘုရားပေါ်တွင် ချိန်းတွေ့နေစဉ် ၎င်း၏ဇနီးဖြစ်သူက ရောက်ရှိလာပြီး ဓားဦးချွန်ဖြင့် အောင်မင်းထက် (ခ) ဇော်လတ် (ခ) ပါပူး၏ ဘယ်ဘက်ရင်အုံကို ထိုးသွင်းခဲ့ကြောင်း အမှုဖွင့်တိုင်ကြားချက်အရ ရဲအရာရှိက ပြောသည်။

“ခင်ပွန်းဖြစ်သူက အခြားမိန်းကလေး တစ်ယောက်နဲ့ ချိန်းတွေ့နေတဲ့ ဘုရားပေါ်ကို ပြစ်မှုကျူးလွန်သူက လိုက်သွားပြီး သူ့ယောကျာ်းကို ဓားနဲ့ထိုးခဲ့တာပါ။ ဓားနဲ့ ထိုးခံရသူက အခင်းဖြစ်နေရာတင် သတိလစ်သွားလို့ မြောက်ဥက္ကလာပဆေးရုံ တင်ပို့ထားရတယ်”ဟု ရဲအရာရှိက ဆက်လက်ပြောကြားသည်။

ဓားဖြင့်ထိုးခဲ့သူ အသက် ၂၄ နှစ် မနှင်းနုနုထွေး (ခ) မနှင်းဆီကို ဖမ်းဆီး၍ မင်္ဂလာဒုံမြို့မ ရဲစခန်းက (ပ) ၅၂၅/၁၈၊ ရာဇသတ်ကြီး ပုဒ်မ ၃၂၆ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

S-03



FOLLOW US