News

POST TAGGED AS

ဓားထိုးမှု

ပုသိမ်တက္ကသိုလ် ဝန်ထမ်းတစ်ဦး ဓားဒဏ်ရာဖြင့် သေဆုံး
ပုသိမ်၊ ဇန်နဝါရီ ၁၈

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်တက္ကသိုလ် သင်္ချာဌာနမှ စာရေးဝန်ထမ်းဖြစ်သည့် အသက် ၃၇ နှစ်ရှိ ဒေါ်နီလာခိုင်သည် နေအိမ်အိမ်သာတွင်း၌ ဓားဒဏ်ရာဖြင့် သေဆုံးနေသည်ကို ဇန်နဝါရီလ ၁၇ ရက်နေ့ ည ၇ နာရီခန့်က တွေ့ရှိခဲ့ရကြောင်း ယင်းကျေးရွာ ဒေသခံများထံမှ စုံစမ်းသိရှိရသည်။

သေဆုံးသူ ဒေါ်နီလာခိုင်သည် ပုသိမ်မြို့တစ်ဖက်ကမ်းရှိ လင်းဝင်းကြီး ကျေးရွာအုပ်စု ရေသိုးကုန်းကျေးရွာတွင် နေထိုင်သူဖြစ်ပြီး ခန္ဓာကိုယ်တွင် ပြတ်ရှဒဏ်ရာများဖြင့် သေဆုံးနေခြင်းဖြစ်ပြီး ၎င်းအနီးတွင် အိမ်သုံးဝါးရိုးတပ် အရိုးငါးလက်မ၊ အသွား ခြောက်လက်မခန့်ရှိ ဓားတစ်ချောင်းကို တွေ့ရှိရကြောင်း ၎င်းတို့၏အဆိုအရ သိရသည်။ 

ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ ပုသိမ်မြို့ တစ်ဖက်ကမ်းရှိ သင်္ဘောကျင်းနယ်မြေရဲစခန်းက ပြစ်မှုအမှတ် (ပ) ၁၇/၂၀၁၈ ရာဇသတ်ကြီးပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်ကာ ကျူးလွန်သူကို ရှာဖွေဖော်ထုတ်နေကြောင်း ယင်းရဲစခန်းမှ စခန်းမှူး ရဲအုပ်ခင်မောင်ဝင်းက ပြောကြားသည်။

R-12



FOLLOW US