News

POST TAGGED AS

ဓားထိုးမှု

မပြီးပြတ်သော စီမံကိန်းလုပ်ငန်းများဆောင်ရွက်ရန် တိုက်တွန်းမည်ဟု မန်းဂျော်နီပြော


ပုသိမ်၊ ဇန်နဝါရီ ၁၃

ဧရာဝတီတိုင်း ပုသိမ်မြို့နယ်တွင် ဆောင်ရွက်မည့် ရေပေးဝေရေးလုပ်ငန်းနှင့် ငပုတောမြို့နယ်တွင် ဆောင်ရွက်မည့် လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးလုပ်ငန်းများ အပါအဝင် မပြီးပြတ်သောလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်ရန် ဝန်ကြီးချုပ်သစ်ကို တိုက်တွန်းမည်ဖြစ်ကြောင်း ဝန်ကြီးချုပ်ဟောင်း မန်းဂျော်နီကပြောကြားသည်။

ဇန်နဝါရီလ ၁၂ ရက်က ဧရာဝတီတိုင်း အစိုးရအဖွဲ့ရုံးတွင် ကျင်းပသည့် ဝန်ကြီးချုပ်ဟောင်းမန်းဂျော်နီ၏ သတင်းစာရှင်းလင်းပွဲတွင် ၎င်းက အထက်ပါအတိုင်း ပြောကြားသည်။

ဝန်ကြီးချုပ်အဖြစ် တာဝန်ယူစဉ် ၂၁ လအတွင်း ဖျာပုံရေပေးဝေရေးလုပ်ငန်း ဆောင်ရွက်ခြင်း၊ ငွေဆောင်နှင့် ချောင်းသာကမ်းခြေတွင် စည်းကမ်းစနစ်တကျဖြစ်ရေး ဆောင်ရွက်ခြင်းလုပ်ငန်း၊ မြတ်မော်တင်ဘုရားရင်ပြင်နှင့် တောင်ကုန်းပြုပြင်ခြင်းများကို ဆောင်ရွက်ခြင်း၊ တိုင်းအတွင်းရှိ တိုက်နယ်များကို မြို့အဖြစ် ၄ မြို့ တိုးမြှင့်ခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်း ၎င်းထံမှသိရသည်။

ဆက်လက်၍ ဆောင်ရွက်ရမည့် လုပ်ငန်းများမှာ ပုသိမ်မြို့ရေပေးဝေရေး စီမံကိန်းလုပ်ငန်း၊ ၂၀၁၈-၂၀၁၉ နှစ်လယ်တွင် ပြီးစီးနိုင်မည့် ငပုတောမြို့နယ်၊ မီးလောင်ဂျိုင်ဒေသတွင် LMG ကုမ္ပဏီက ၁၃၈၀ မဂ္ဂါဝပ်ထုတ်နိုင်မည့် လျှပ်စစ်ဓာတ်အားရရှိရေး စီမံကိန်းလုပ်ငန်းများဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။

၎င်းအစိုးရ တာဝန်ယူစဉ် စိန်ခေါ်မှုအရှိဆုံးနှင့် အခက်အခဲဆုံးလုပ်ငန်းမှာ ရေချိုငါးလုပ်ငန်းနှင့် အင်းတင်ဒါ ကိစ္စရပ်များဖြစ်ကြောင်း၊ ယင်းအပြင် လယ်မြေပြဿနာများမှာလည်း ဖြေရှင်းရန် ခက်ခဲကြောင်း ၎င်းက ပြောသည်။

R-11




FOLLOW US