News

POST TAGGED AS

ဓားထိုးမှု

မင်္ဂလာဒုံမြို့နယ်၊ သင်္ဃန်းကျွန်းကြီး ကျေးရွာရှိ အောင်စည်းခုံဘုရားပေါ်တွင် မိန်းကလေးငယ် တစ်ဦးနှင့် ချိန်းတွေ့နေသည့် ခင်ပွန်းဖြစ်သူကို ၎င်း၏ ဇနီးကဓားဖြင့် ထိုးခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။
ပဲခူးတိုင်း တောင်ငူခရိုင် ထန်းတပင်မြို့နယ် နတ်ရွာတွင် ဇွန်လ ၇ ရက်နေ့ ညနေ ၆ နာရီခန့်က သားအဖနှစ်ယောက် အရက်အတူသောက်စားကြရာမှ ဖခင်ဖြစ်သူကို သားက ဓားဖြင့်ထိုးသတ်ခဲ့ကြောင်း ထန်းတပင် မြို့မရဲစခန်းထံမှ သိရသည်။
ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ်၊ အမှတ် (၉၂) ရပ်ကွက်၊ ကွန်ကရစ်လမ်းဘေး၊ အုတ်ပုံတစ်ခုအနီးတွင် ချိန်းတွေ့နေသော သမီးရည်းစားစုံတွဲကို ဓားနှင့်ထိုးသတ်သူ အမျိုးသားနှစ်ဦးအနက် တစ်ဦးကို အလုပ်နှင့်ထောင်ဒဏ် ၂၃ နှစ် ကျခံစေရန် မေလ ၂၁ ရက် မွန်းလွဲပိုင်းက အမိန့်ချမှတ်ခဲ့ကြောင်း အရှေ့ပိုင်းခရိုင် တရားရုံးထံမှ စုံစမ်းသိရသည်။
စမ်းချောင်းမြို့နယ် သံတံတားရပ်ကွက်၊ တရုတ်ကျောင်းလမ်းနှင့် သံတံတားလမ်းသွယ်ကွေ့တွင် မေလ ၁၉ ရက် ညနေ ၆ နာရီခန့်က ကားပါကင်ထိုးရာက စကားများရန်ဖြစ်ပြီး အမျိုးသားတစ်ဦး ဓားထိုးခံခဲ့ရကြောင်း ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့ထံမှ စုံစမ်းသိရသည်။
ထန်းတပင်မြို့နယ်၊ ဒိတ်ကုန်းကျေးရွာ အုပ်စု၊ ပေါက်တန်းကျေးရွာ၊ ကွက်သစ်ရပ်ကွက်ရှိ နေအိမ်တစ်လုံးတွင် မေလ ၁၉ ရက် နံနက် ၂ နာရီခွဲခန့်က သားအမိနှစ်ဦး ဓားထိုးခံခဲ့ရကာ အသက် ၃၉ နှစ်အရွယ် မိခင်ဖြစ်သူသေဆုံးသွားကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ထံမှ စုံစမ်းသိရသည်။
ကွာရှင်းပြတ်စဲထားသည့် ခင်ပွန်းဟောင်းဖြစ်သူက မူလတန်းပြကျောင်းဆရာမတစ်ဦးအား ဓားဖြင့် ထိုးသတ်မှုတစ်ခု မော်လမြိုင်မြို့တွင် ဖြစ်ပွားခဲ့ကြောင်း မုပွန်နယ်မြေရဲစခန်းမှ သိရသည်။
အောင်မြေသာစံမြို့နယ်အတွင်းရှိ ကျောက်တော်ကြီးဘုရားမှ သတ္တဌာနဝင်းအတွင်း မေလ ၁၇ ရက်နေ့ မွန်းလွဲ ၁ နာရီခန့်အချိန်က အမျိုးသမီးဈေးသည် အချင်းချင်း စကားများရန်ဖြစ်ရာမှ ဓားထိုးမှုတစ်ခု ဖြစ်ပွားခဲ့သည်။
တိုက်ကြီးမြို့နယ်၊ ချင်းကုန်းကျေးရွာရှိ ဘိလိယက်ခုံတစ်ခုတွင် မေလ ၁၃ ရက် ည ၇ နာရီခွဲခန့်က အကြွေးရရန်ရှိသည့် ငွေကျပ်တစ်သိန်းကို သွားရောက်တောင်းသူ အမျိုးသားနှစ်ဦး ဓားထိုးခံခဲ့ရကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ထံမှသိရသည်။
သံပိုက်လုံးနှင့် ရိုက်နှက်ခံရသဖြင့် ဓားဖြင့်ပြန်ထိုးရာမှ ဖခင်ဖြစ်သူ သေဆုံးသွားသဖြင့် ပြစ်မှုကျူးလွန်သည်ဟုဆိုသော အသက် ၂၉ နှစ်အရွယ် မသန်စွမ်းအမျိုးသားကို မေလ ၈ ရက် မွန်းလွဲပိုင်းက အရှေ့ပိုင်းခရိုင်တရားရုံးတွင် တရားစွဲဆို တင်ပို့ထားကြောင်း ယင်းတရားရုံးထံမှ စုံစမ်းသိရသည်။
02-May-2018 tagged as ဓားထိုးမှု
ကျောက်တန်းမြို့နယ် မြိုင်သာယာ ၂ ရပ်ကွက်ရှိ နေအိမ်တစ်လုံးရှေ့ လမ်းမပေါ်တွင် ဧပြီလ ၂၉ ရက် ည ၁၀ နာရီခွဲခန့် က အရက်အတူသောက်လာသူနှစ်ဦး အချင်းများရာမှ ဓားထိုးမှုဖြစ်ပွားခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ထံမှ စုံစမ်းသိရသည်။