News

POST TAGGED AS

ဓားကိုင်ဆောင်သူ

မြိတ်ခရိုင် တနင်္သာရီမြို့နယ် မောတောင်နယ်စပ် ပြည်ထောင်စုလမ်းမပေါ်တွင် စက်တင်ဘာလ ၁၇ ရက် မွန်းလွဲတစ်နာရီခန့်က အမျိုးသားတစ်ဦးက ဓားဖြင့်လိုက်ခုတ်သဖြင့် လူ ၃ ဦး ဒဏ်ရာရခဲ့ကြောင်း မြို့မရပ်ကွက် အုပ်ချုပ်ရေးမှူးနှင့် မောတောင်နယ်မြေ ရဲစခန်းထံမှသိရသည်။
ကျိုင်းတုံမြို့ အမှတ် ၄ ရပ်ကွက် မြို့ပတ်လမ်းပေါ်တွင် စက်တင်ဘာ ၁၃ ရက် ည ၉ နာရီခန့်က အရက်မူးပြီး ဆဲဆိုကာ ဓားကိုင်သောင်းကျန်းသူကို ဖမ်းဆီးထားကြောင်း ကျိုင်းတုံမြို့မရဲစခန်း နယ်ထိန်း ဒုရဲအုပ်ဇင်မင်းလတ်က ပြောသည်။
ပဲခူးတိုင်း​ဒေသကြီး ပဲခူးမြို့နယ်​ မြို့ သစ် ​(ခ) ရပ်​ကွက်​ ​ငွေ​တောင်​စားသောက်ဆိုင်တွင် ​ဇွန်​လ ၂၈ ရက်​​​နေ့ ညနေ ၄ နာရီခန့်​က တုတ်​ဓားလက်နက်​များကိုင်​ပြီး ယမ်းကား​နေသူ အမျိုးသားသုံးဦး ပြန်ခုခံ၍ ရဲတပ်​ဖွဲ့က ပစ်​ခတ်​ဖမ်းဆီးခဲ့သည်​ဟု ​မြို့သစ်​နယ်​​မြေအုပ်​ချုပ်​​ရေးမှူးရုံးမှ စုံစမ်းသိရှိရသည်​။
ဓားလက်နက်များ ကိုင်ဆောင်ကာ မူးယစ်ဆေးဝါးများရောင်းချသည့် အဖွဲ့တစ်ဖွဲ့ကို ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်၊ အမှတ် (၂၄) ရပ်ကွက်၊ နံ့သာမြိုင်လမ်းရှိ ခေါင်ရည်ဆိုင်တစ်ဆိုင်တွင် မတ်လ ၂၈ ရက် ညနေ ၆ နာရီခွဲခန့်က ဖမ်းဆီးရရှိခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ထံမှ စုံစမ်းသိရသည်။
ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့တွင် ပြီးခဲ့သည့် သီတင်းပတ်အတွင်းက ဓားခုတ်မှုများ မကြာခဏဖြစ်ပွားခဲ့သဖြင့် လုံခြုံရေးတင်းကျပ်လျက်ရှိပြီး ဓားကိုင်ဆောင်သူများကို ဖမ်းဆီးအရေးယူလျက်ရှိကြောင်း ရဲတပ်ဖွဲ့ထံမှ စုံစမ်းသိရှိရသည်။