News

POST TAGGED AS

ဓာတ်အားပေးစက်ရုံ

ရန်ကုန်မြို့အတွက် အဓိက ရေသန့်စင် ဖြန့်ဖြူးပေးနေသည့် ညောင်နှစ်ပင် ရေသန့်စင်စက်ရုံသို့ ချိတ်ဆက်သော ငမိုးရိပ်ပြွန်ပိုက်လိုင်းကို အဆင့်မြှင့်တင်မည်ဖြစ်သောကြောင့် ဇွန်လ ၉ ရက် နံနက် ၉ နာရီမှစ၍ မြို့နယ် ၂၀ ခန့်၌ ရေပြတ်တောက်မည်ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ အင်ဂျင်နီယာဌာန (ရေနှင့်သန့်ရှင်းမှု)ထံမှ သိရသည်။
မြန်မာနိုင်ငံအတွင်း လျှပ်စစ်မီး မရသေးသော ကျေးလက်ဒေသများရှိ အိမ်ထောင်စု သုံးသောင်းကျော်ကို ယခုနှစ်အတွင်း ဆိုလာစွမ်းအင်သုံး အိမ်သုံးလျှပ်စစ်မီတာများကို တစ်လလျှင် ငါးထောင်ကျပ်နှုန်းဖြင့် ၂ နှစ် အရစ်ကျစနစ်ဖြင့် တပ်ဆင်ပေးရန် စီစဉ်ထားကြောင်း Solar Home ကုမ္ပဏီမှ ပြန်ကြားရေးတာဝန်ခံ ဒေါ်ဝတ်ရည်အောင် က ပြောကြားသည်။
လျှပ်စစ်ဓာတ်အား လိုအပ်ချက်များရှိနေသော်လည်း ဇီဝလောင်စာသုံး ဓာတ်အားပေးစက်ရုံကို အကန့်အသတ်နှင့် အခက်အခဲအချို့ကြောင့် လတ်တလောတွင် တည်ဆောက်ရန် အစီအစဉ်မရှိသေးကြောင်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဒေါက်တာထွန်းနိုင်က ပြောကြားသည်။