News

POST TAGGED AS

ဓာတ်လိုက်မှု

လိင်ပိုင်းဆိုင်ရာစော်ကားခံရမှုကို မကူညီဘဲ လူမှုကွန်ရက်ပေါ်တင်သည့် ယာဉ်မောင်းကို ၆၆ (ဃ) ဖြင့်အမှုဖွင့်
တောင်ငူ၊ ဇူလိုင် ၁၄

တောင်ငူမှရန်ကုန်သို့ ဇူလိုင် ၇ ရက်နေ့ နံနက် ၉ နာရီက ထွက်ခွာလာသည့် ဂန္တဝင်ခရီးသည်တင်ယာဉ်ပေါ်၌ အမျိုးသမီးတစ်ဦး လိင်ပိုင်းဆိုင်ရာစော်ကားခံရမှု ပူးပေါင်းဆောင်ရွက်ရန် ပျက်ကွက်ရုံမက လူမှုကွန်ရက်ပေါ်တင်သည့် ယာဉ်မောင်းကို နစ်နာသူအမျိုးသမီးက ဇူလိုင် ၁၂ ရက်နေ့က ဆက်သွယ်ရေးပုဒ်မ ၆၆ (ဃ) ဖြင့် အမှုဖွင့်လှစ်တိုင်ကြားခဲ့ကြောင်း အဆိုပါအမျိုးသမီးက ဆိုသည်။

လိင်ပိုင်းဆိုင်ရာ အစော်ကားခံရသူ အမျိုးသမီးကိုသည် ဖြူး ၁၁၅ မိုင် ယာဉ်ရပ်နားစခန်းအနီးသို့အရောက် နောက်မှ အမည်မသိအမျိုးသားတစ်ဦးက ခြေထောက်ဖြင့် ခန္ဓာကိုယ်ကိုထိတို့ပြီး မဖွယ်မရာလုပ်ခဲ့သည့်အတွက် နောက်လှည့်ပြောဆိုသည့်အခါ ဆဲဆိုခြိမ်းခြောက်ခဲ့သည့်အပြင် ယာဉ်မောင်းကိုနီးစပ်ရာရဲစခန်းသို့ မောင်းနှင်ပေးရန် အကူအညီတောင်းခံခဲ့ခြင်းကို ငြင်းပယ်ခံခဲ့ရသည့်အပြင် ၎င်း၏လူမှုကွန်ရက်စာမျက်နှာတွင် ဂုဏ်သိက္ခာကျဆင်းစေရန်တင်ခဲ့ခြင်းကို ရုပ်သိမ်းပေးရန် ကာယကံရှင်က ပြောကြားခဲ့သော်လည်း မရုပ်သိမ်းပေးသဖြင့် အမှုဖွင့်တိုင်ကြားခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။

ထို့ကြောင့် အဆိုပါ အမျိုးသမီးကို မိတ်ဆွေအချို့၏ အကူအညီဖြင့် အမြန်လမ်းရဲစခန်းများကို ဆက်သွယ်တိုင်ကြားခဲ့သည့်အတွက် အမြန်လမ်းရဲကင်းတစ်ခုမှ ကားကိုတားမြစ်ကာ မဖွယ်မရာပြုကျင့်သူဆိုသူ အသက် ၃၈ နှစ်အရွယ် ဦးထွန်းဦးကိုစစ်ဆေးပြီး ဝန်ခံကတိ လက်မှတ်ရေးထိုးခိုင်းခဲ့ကြောင်း ဘောနီအမြန်လမ်းရဲစခန်းထံမှ သိရသည်။

“ကျွန်မတစ်ယောက်တည်းရဲ့ ပုဂ္ဂလိကကိစ္စလို့ မမြင်ကြစေချင်ဘဲ အမျိုးသမီးအားလုံးအတွက် ခုလိုတုံ့ပြန်ခဲ့တာလို့ မှတ်ယူပေးစေချင်ပါတယ်။ ကျွန်မခုလို မလုပ်ခဲ့ဘူးဆိုရင် အမျိုးသမီးတွေရဲ့အသံ ပိတ်လိုက်သလိုမျိုးဖြစ်သွားမှာ စိုးရိမ်မိလို့ပါ”ဟု ယင်းအမျိုးသမီးက ပြောကြားသည်။

၎င်းအမျိုးသမီးသည် ခုံနံပါတ် ၆ တွင် ထိုင်နေရာမှ ၁၁၅ မိုင်ယာဉ်ရပ်နားစခန်း ရောက်ခါနီးတွင် လူမှုရေးကိစ္စကြောင့် ရဲစခန်းမောင်းပေးရန် လာရောက်ပြောဆိုခဲ့ပြီး နောက်ခုံတွင်ထိုင်နေသူနှင့် စကားများနေသည့်အတွက် ခုံနံပါတ် ၂ သို့ ပြောင်းထိုင်ခဲ့ရကြောင်း၊ ထိုဖြစ်စဉ်အပြီး၌ မိမိမှာအလုပ်မှ ထုတ်ပယ်ခံခဲ့ရကြောင်း အမှုဖွင့်ခံရသူ ယာဉ်မောင်း ဦးတေဇာအောင်က ပြောကြားသည်။ 
 
R-15




FOLLOW US