News

POST TAGGED AS

ဓာတ်လိုက်မှု

တောင်ငူမြို့ အမှတ်၂ ရပ်ကွက် သီရိမင်္ဂလာလမ်း ၃ လမ်းတွင်နေထိုင်သော အမျိုးသားတစ်ဦး ဇူလိုင်လ ၁၉ ရက်နေ့ ညနေ ၆ နာရီခွဲခန့်က ဓာတ်လိုက်သေဆုံးခဲ့သည်ဟု တောင်ငူမြို့နယ် အမှတ် ၂ နယ်မြေရဲစခန်းမှ စုံစမ်းသိရှိရသည်။
မိတ္ထီလာမြို့ မြို့မ (၄) နယ်မြေ မင်းရပ်ရှိ ဆောက်လုပ်နေဆဲ အဆောက်အအုံတစ်ခုတွင် အလုပ်လုပ်ကိုင်နေသည့် အသက် ၁၈ နှစ်အရွယ် ပန်းရန်လုပ်သားတစ်ဦး ဇူလိုင်လ ၁၆ ရက်နေ့က ဓာတ်လိုက်သေဆုံးခဲ့ကြောင်း ရပ်ကွက်ဒေသခံများနှင့် အုပ်ချုပ်ရေးမှူးရုံးထံမှ စုံစမ်းသိရှိရသည်။
တောင်ဥက္ကလာပမြို့နယ် သံသုမာလမ်းပေါ်တွင် အသက် ၁၃ နှစ်အရွယ် ရှစ်တန်းကျောင်းသား ဓာတ်လိုက်သေဆုံးခဲ့သည့် ဖြစ်စဉ်နှင့်ပတ်သက်၍ သက်ဆိုင်ရာမြို့နယ် လျှပ်စစ်ကော်ပိုရေးရှင်းမှ တာဝန်ရှိသူများကို ခုံရုံးဖွဲ့၍ စစ်ဆေးနေကြောင်း အရှေ့ပိုင်းခရိုင် လျှပ်စစ်ဌာနမှူးက ပြောကြားသည်။
ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်၊ အမှတ် (၄၀) ရပ်ကွက်၊ ဦးဘချိုလမ်းနှင့် ဖိုးဝဇီရာလမ်းထောင့်ရှိ ရေမြောင်းဘေးတွင် ဇူလိုင်လ ၆ ရက် မွန်းလွဲ ၂ နာရီခန့်က အသက် ၂၆ နှစ်အရွယ် အမျိုးသားတစ်ဦး လမ်းဘေးဓာတ်တိုင်မှ ပြုတ်ကျနေသည့် ဓာတ်ကြိုးကို တက်နင်းမိကာ ဓာတ်လိုက်သေဆုံးသွားကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ထံမှစုံစမ်းသိရသည်။
ပဲခူးတိုင်း တောင်ငူမြို့နယ် အမှတ် ၁၁ ရပ်ကွက် ကျုံးဟောင်းအနီး ဆန်စက်တစ်ခုမှ အိမ်သာကို ဇွန်လ ၂၉ ရက်နေ့ နံနက် ၁၀ နာရီခွဲခန့်က ရွှေ့ပြောင်းရာမှ အမျိုးသားလေးဦး ၁၁ ကေဗီရှိ ဓာတ်အားလိုင်းကြိုးနှင့်ထိကာ ဓာတ်လိုက်ခဲ့၍ အမျိုးသားနှစ်ဦး သေဆုံးခဲ့ကြောင်း တောင်ငူ အမှတ် (၂) နယ်မြေရဲစခန်းထံမှ သိရသည်။
ရန်ကင်းမြို့နယ်၊ အမှတ် (၁၁) ရပ်ကွက်၊ ဆည်းမြောင်းလမ်းဘေးရှိ ဓာတ်တိုင်နှစ်တိုင်ကြား၌ ပြတ်ကျနေသည့် ဓာတ်ကြိုးကို ကိုင်မိရာက အသက် ၈၁ နှစ်အရွယ် အဘိုးအိုတစ်ဦး ဓာတ်လိုက်သေဆုံးမှု ဇွန်လ ၂၅ ရက် ညနေ ၆ နာရီခွဲခန့်က ဖြစ်ပွားခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ထံမှ သိရသည်။
စမ်းချောင်းမြို့နယ်၊ စမ်ချောင်း (တောင်) ရပ်ကွက်၊ ဗဟိုလမ်းနှင့် မင်းလမ်းထောင့်တွင် ဇွန်လ ၁ ရက် ညနေ ၄ နာ ရီခွဲခန့်က ကွန်ကရစ်လမ်းခင်းရန် သံချောင်းစိုက်သည့် အသက် ၄၁ နှစ်အရွယ် စည်ပင်ဝန်ထမ်းအမျိုးသားတစ်ဦး ဓာတ်လိုက်သေဆုံးသွားကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ထံမှသိရသည်။
လှိုင်သာယာမြို့နယ်၊ ရွှေလင်ပန်းကျေးရွာ၊ မြေတိုင်း (၂၆) ရှိ နေအိမ်တစ်လုံးတွင် မေလ ၁၀ ရက် ည ၉ နာရီခန့်က မီးစက်နှိုးထားစဉ် ရေစိုအဝတ်ဖြင့် ကိုင်မိရာက အသက် ၁၈ နှစ်အရွယ် အမျိုးသားတစ်ဦး ဓာတ်လိုက်သေဆုံးသွားကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ထံမှသိရသည်။
ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ်၊ အမှတ် (၈၉) ရပ်ကွက်၊ ဦးမှိုလမ်းရှိ ဆောက်လက်စဂိုဒေါင် လုပ်ငန်းခွင်တစ်ခုတွင် မေလ ၆ ရက် ညနေ ၄ နာရီခွဲခန့်က ဂိုဒေါင်တိုင်အဖြစ် အသုံးပြုရန် သံချောင်းများကို ဖယ်ထုတ်သည့် အမျိုးသားနှစ်ဦး ဓာတ်လိုက်သေဆုံးခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ထံမှ သိရသည်။
ရွှေပြည်သာမြို့နယ်၊ အမှတ် (၄) ရပ်ကွက်၊ သာဓုကန်စက်မှုဇုန် (၁) ရှိ အထည်ချုပ်စက်ရုံတစ်ခုတွင် မေလ ၁ ရက် နံနက် ၁၁ နာရီ မိနစ် ၄၀ ခန့်က သံစင်များအား “မ” ၍ ရွှေ့ပြောင်းစဉ် ဓာတ်လိုက်ပြီး အသက် ၁၈ နှစ်အရွယ် အမျိုးသားတစ်ဦး သေဆုံးကာ ၅ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှသိရသည်။