News

POST TAGGED AS

ဓာတ်ပုံဆရာ

22-Sep-2016

ဓာတ်ပုံဆရာ
အမြင်ချို့ယွင်းသူ ဓာတ်ပုံဆရာရဲ့ အားကစားပွဲ ဓာတ်ပုံတွေ လူကြည့်များ
ရီယိုဒီဂျနေရိုး ပါရာအိုလံပစ်ပွဲကို သတင်းဓာတ်ပုံ ရိုက်ဖို့ ကမ္ဘာတစ်ဝန်းက ဓာတ်ပုံဆရာတွေ ဘရာဇီးကို လာခဲ့ကြပါတယ်။ ဒါပေမဲ့ ဂျိုအာမာရီယာလို ဓာတ်ပုံဆရာကတော့ နှစ်ယောက် မရှိပါဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ အမြင်အာရုံ အားနည်းချို့ယွင်းသူ ဓာတ်ပုံဆရာ ဖြစ်နေလို့ပါပဲ။ အသက် ၄၁ နှစ်အရွယ် ဘရာဇီး ဓာတ်ပုံဆရာဟာ ပါရာအိုလံပစ် ပွဲတော်ရဲ့ မြင်ကွင်းတွေကို ရုပ်သေပုံတွေအဖြစ် မှတ်တမ်းတင်ခဲ့သူ တစ်ဦးဖြစ်ပါတယ်။ ဂျိုအာမာရီယာဟာ အသက် ၂၈ နှစ်အရွယ်မှာ ကူးစက်မှု တစ်ခုကြောင့် အမြင်အာရုံ ချွတ်ယွင်းခဲ့ရသူ ဖြစ်ပါတယ်။

“ဓာတ်ပုံ ရိုက်ဖို့ရာမှာ ခင်ဗျားက မြင်ဖို့ မလိုပါဘူး။ ကျွန်တော့် နှလုံးသားဟာ ကျွန်တော့် မျက်လုံးပါပဲ”လို့ မာရီယာက ပြင်သစ်သတင်းဌာန AFP သတင်း တစ်ရပ်က ဖော်ပြ ထားပါတယ်။ ဓာတ်ပုံရိုက်တာဟာ ခံစားမှုကို အခြေခံရတာ ဖြစ်ကြောင်း၊ ခံစားပြီးတော့ မြင်ရတာတွေကို ပုံရိပ်ဖမ်းခဲ့တာ ဖြစ်ကြောင်း သူက ပြောကြားပါတယ်။ မာရီယာဟာ ဘရာဇီးနိုင်ငံ ဆော်ပေါ်လိုမြို့မှာ စာပို့သမား တစ်ဦးအဖြစ် အလုပ် လုပ်ကိုင်တာ ဖြစ်ပါတယ်။ လမ်းလျှောက်တုတ် တစ်ချောင်းနဲ့ သွားပြီးတော့ အလုပ် လုပ်တတ်သူ ဖြစ်ပါတယ်။

သူဟာ ဓာတ်ပုံပညာကို စိတ်ဝင်စားသူ ဖြစ်ပြီး အနီးကပ် ဆိုရင် အချို့ ပုံသဏ္ဌန်တွေနဲ့ အရောင်တွေကို ခံစားနိုင်သူ ဖြစ်ပါသတဲ့။                                

Ref : UPI



FOLLOW US