News

POST TAGGED AS

ဓာတုပစ္စည်း

လုပ်ငန်းလိုင်စင် ၈၀ ကျော် သက်တမ်းတိုးစနစ်ဖြင့် ခွင့်ပြု


ဟင်္သာတ၊ မတ် ၁၅

စည်ပင်သာယာရေးကော်မတီ၏ ၂၀၁၇ - ၂၀၁၈ ဘဏ္ဍာရေးနှစ်လုပ်ငန်း လိုင်စင်စီအဟောင်းများကို၂၀၁၈ - ၂၀၁၉ ဘဏ္ဍာရေးနှစ် အပိုင်း ၁၊ ပထမခြောက်လအတွက် လုပ်ငန်းလိုင်စင် ၈၄ ခုကို သက်တမ်းတိုးစနစ်ဖြင့် မတ်လ ၁၄ ရက်နေ့က လုပ်ကိုင်ခွင့်ပြုချထားပေးခဲ့ကြောင်း ဟင်္သာတမြို့နယ် စည်ပင်သာယာရေးအဖွဲ့ထံမှ သိရသည်။

၂၀၁၇ - ၂၀၁၈ ဘဏ္ဍာရေးနှစ် လုပ်ကိုင်ခွင့်ရထားစဉ်က ကော်မတီ၏ သတ်မှတ်စည်းကမ်းနှင့်အညီ လုပ်ကိုင်ခဲ့သူများကို သက်တမ်းတိုးစနစ်ဖြင့် ချထားပေးခြင်းဖြစ်ကြောင်း၊ လုပ်ပိုင်ခွင့်ကို တစ်နှစ်စာအတွက်မဟုတ်ဘဲ ခြောက်လစာအတွက်သာ ချထားပေးခဲ့ခြင်းဖြစ်ကြောင်း ယင်းအဖွဲ့ထံမှ စုံစမ်းသိရှိရသည်။

သက်တမ်းတိုးစနစ်ဖြင့် ဆွဲဝယ်ခြင်းမရှိသည့် လိုင်စင်များကို ဒုတိယအကြိမ်အဖြစ် အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ရောင်းချမည်ဖြစ်ကြောင်း၊ ယင်းအပြင် လုပ်ငန်းလိုင်စင်များကျန်ရှိပါက အခြားနည်းစနစ်ဖြင့် တတိယအကြိမ် ရောင်းချမည်ဖြစ်ကြောင်း မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ဒုတိယညွှန်ကြားရေးမှူး ဦးဘုန်းလွင်က ပြောကြားသည်။ 

သက်တမ်းတိုးစနစ်တွင် သားသတ်လိုင်စင်၊ ကူးတို့လိုင်စင်၊ အပေါင်ဆိုင်လိုင်စင်၊ ဈေးကောက်လိုင်စင်၊ မြို့ဝင်ဘီးကောက်လိုင်စင်နှင့် အခြားလိုင်စင်များပါဝင်ပြီး လုပ်ငန်းပေါင်း ၈၄ ခုဖြစ်ကြောင်း ၎င်းက ရှင်းပြပြောဆိုသည်။

ကူးတို့လုပ်ငန်းလိုင်စင်များအနေနှင့် မြို့နယ်အုပ်ချုပ်ရေးမှူးရုံးနှင့် ရေယာဉ်စနစ်တကျပြေးဆွဲရေး ကြီးကြပ်မှုကော်မတီအပါအဝင် တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ရေယာဉ်မှတ်ပုံတင် လက်မှတ်ဆွဲဝယ်မည့် ကူးတို့လိုင်စင်၏ ရေယာဉ်အစီးရေတို့ကို တင်ပြနိုင်ရမည်ဖြစ်ကြောင်း ဟင်္သာတမြို့နယ် စည်ပင်သာယာရေးအဖွဲ့ထံမှ သိရသည်။

ဟင်္သာတမြို့မ အမဲသားသတ်လိုင်စင်၏ မူလလိုင်စင်ဈေးနှုန်းများအရ လုပ်ငန်းရပ်တည်ရန် အဆင်မပြေခြင်းကြောင့် သက်တမ်းတိုးလုပ်ကိုင်ခွင့်ကို မလုပ်နိုင်တော့ကြောင်း၊ ခြောက်လစာလုပ်ပိုင်ခွင့်အတွက် အနည်းဆုံး ကျပ်သိန်းနှစ်ရာအောက်ဖြင့် ရောင်းချမှသာလျှင် လုပ်ကိုင်နိုင်မည်ဖြစ်ကြောင်း လုပ်ငန်းရှင် ဦးနိုင်နိုင်က သုံးသပ်ပြောကြားသည်။

R-13



FOLLOW US