News

POST TAGGED AS

ဒုံးပျံ

ဒီနေ့ YouTube မှာ ဘာခေတ်စားနေလဲ

အမေရိကန် အာကာသ သယ်ယူ ပို့ဆောင်ရေး ကုမ္ပဏီ Space X ရဲ့ ဒုံးပျံတစ်စင်း လွှတ်တင်ဖို့အတွက် စမ်းသပ်နေတုန်းမှာ ပေါက်ကွဲသွားခဲ့တဲ့ ဗွီဒီယိုကို ဒီရက်ထဲမှာ လူကြည့် များနေပါတယ်။

အဲဒီိလို ပေါက်ကွဲ သွားခဲ့တဲ့ ဒုံးပျံဟာ Facebook လူမှုကွန်ယက်က လုပ်ဆောင်နေတဲ့ အာဖရိက ကျေးလက်ဒေသက လူတွေ အင်တာနက် ရရှိရေး ပရောဂျက်မှာ အသုံးပြုမယ့် ဂြိုဟ်တုကို တင်ဆောင် ပေးသွားမယ့် ဒုံးပျံဖြစ်ပြီး အမေရိကန် ဒေါ်လာ သန်း ၂၀၀ လောက် တန်ကြေး ရှိပါတယ်။

ဒုံးပျံပေါက်ကွဲမှုကြောင့် ထိခိုက် ဒဏ်ရာ ရရှိသူ တစ်ဦး တစ်ယောက်မှ မရှိပေမယ့် ငွေကြေးအရ နစ်နာ ဆုံးရှုံးမှုကတော့ ကြီးမားခဲ့ပါတယ်။

၅ မိနစ်ကျော် ရှည်လျားတဲ့ ဒီဗွီဒီယိုကို ကြည့်ရှု့သူ အရေအတွက်ကတော့ တစ်ရက်အတွင်းမှာတင် ၃ သန်းကျော် ရှိနေပါပြီ။



FOLLOW US