News

POST TAGGED AS

ဒူတာတေး

28-Oct-2016 tagged as ဒူတာတေး
အမေရိကန်သမ္မတ အိုဘားမား အပါအဝင် အခြားသူများကို ရိုင်စိုင်း ကြမ်းတမ်းသည့် မှတ်ချက်များ ပေးခဲ့သည့် ဖိလစ်ပိုင်သမ္မတ ဒူတာတေးက ရိုင်းရိုင်းစိုင်းစိုင်း ပြောဆိုဝေဖန်မှုများ ရပ်တန့်ရန် ဘုရားသခင်က သူ့ကိုညွှန်ကြားခဲ့သည်ဟု ပြောကြားလိုက်ကြောင်း BBC သတင်းဌာနတွင် ဖော်ပြထားသည်။
ဂျပန်အန်နမီလို့ ခေါ်ကြတဲ့ ဂျပန်ပုံစံ ကာတွန်း လှုပ်ရှားမှုရုပ်ရှင် ပုံစံဒီဇိုင်းနဲ့ ဖိလစ်ပိုင်သမ္မတ လူကြမ်းကြီး ရိုဒရီဂို ဒူတာတေးကို ဂုဏ်ပြုထားတဲ့ ဗီဒီယိုလေး Youtube မှာ လူကြည့် များနေပါတယ်။ တစ်မိနစ်ခွဲလောက်ပဲကြာတဲ့ ဒီဗီဒီယိုကို El President လို့ အမည်ပေးထားပြီးတော့ ဒူတာတေးရဲ့ ရိုးရှင်းစွာနေတဲ့ ပုံစံနဲ့ ခေါင်းဆောင် တစ်ဦးအဖြစ် ပြတ်သားပုံကို ဖော်ပြထားပါတယ်။
အများပြည်သူ လုံခြုံရေးအတွက် မူဝါဒ ခပ်ကြမ်းကြမ်းတွေ ချတတ်သော ဖိလစ်ပိုင်သမ္မတ ရိုဒရီဂိုဒူတာတေးသည် အများပြည်သူကြား ဆေးလိပ်သောက်သုံးခြင်းကို ပိတ်ပင်မိန့်ထုတ်တော့မည် ဖြစ်ကြောင်း ကျန်းမာရေး ဝန်ကြီးဌာနက သတင်းထုတ်ပြန်လိုက်ကြောင်း အေဂျင်စီ သတင်းများက ဖော်ပြထားကြသည်။
ဖိလစ်ပိုင်တွင် မူးယစ်ဆေးဝါး တိုက်ဖျက်ရေး လုပ်ဆောင်ပုံ ကြမ်းတမ်းမှုအပေါ် ပြစ်တင်ဝေဖန်ခဲ့သော အမေရိကန်သမ္မတ အိုဘားမားကို ဖိလစ်ပိုင်သမ္မတ ဒူတာတေးက ‘ငရဲကိုသာ သွားသေလိုက်’ ဟု ဆဲဆိုလိုက်ပြန်ကြောင်း BBC သတင်းတွင် ဖော်ပြထားသည်။
တာဝန်ထမ်းဆောင်ပြီး သုံးလအကြာတွင် ဖိလစ်ပိုင်သမ္မတ ရိုဒရီဂိုဒူတာတေးသည် အနှိုင်းမဲ့ နိုင်ငံရေးရာ လွှမ်းမိုးမှုကို ချုပ်ကိုင်ထားနိုင်နေသည်။ အချို့သော ညွန်းကိန်းများအရဆိုလျှင် ဒူတာတေးသည် လွန်ခဲ့သည့် နှစ်သုံးဆယ်ခန့်တွင် နိဂုံးချုပ်သွားပြီ ဖြစ်သည့် ဖိလစ်ပိုင် အာဏာရှင် ဖာဒီနန်မားကို့စ် နောက်ပိုင်း သြဇာအကြီးမားဆုံးသော ဖိလစ်ပိုင်ခေါင်းဆောင် ဖြစ်နေသည်။ ထို့အပြင် ဒူတာတီးသည် ဖိလစ်ပိုင်ပြည်တွင်း နိုင်ငံရေး အခင်းအကျင်းနှင့် နိုင်ငံခြားရေးမူဝါဒကို အလုံးစုံ ပြောင်းလဲနိုင်ရေး ထူးခြားသည့် အနေအထားတစ်ရပ်ကိုလည်း ပိုင်ဆိုင်ထားသည်။
မူးယစ်ဆေး ရောင်းဝယ်သူတွေ၊ သုံးစွဲသူတွေကို ကြမ်းကြမ်းတမ်းတမ်း နှိမ်နင်းမှုတွေ ပြုလုပ်နေမှုတွေကြောင့် ထောက်ခံမှုတွေရော၊ ဝေဖန်မှုတွေပါ ရရှိနေတဲ့ ဖိလစ်ပိုင်သမ္မတ ဒူတာတေးက အခုတစ်ခါမှာ သူ့ကိုယ်သူ စစ်အာဏာရှင် ဟစ်တလာနဲ့ပါ ဆက်စပ်ပြီး ပြောဆိုလိုက်ပြန်ပါပြီ။