News

POST TAGGED AS

ဒူတာတေး

ဒေါ်နယ်ထရမ့်က ဒူတာတေးကို အိမ်ဖြူတော်သို့ ဖိတ်ခေါ်
ဝါရှင်တန်၊ မေ ၁

ဖိလစ်ပိုင်သမ္မတ ဒူတာတေးသည် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နှင့် အလွန်ခင်မင်ရင်းနှီးစွာ ဖုန်းပြောခဲ့ပြီးနောက် အိမ်ဖြူတော်သို့ ဖိတ်ကြားခြင်း ခံရကြောင်း BBC သတင်းတွင် ဖော်ပြထားသည်။

ခေါင်းဆောင်နှစ်ဦးသည် ၁၂ လ အတွင်း လူပေါင်း ၇၀၀၀ ကျော် သုတ်သင်ခံရသော ဒူတာတေး၏ အငြင်းပွားဖွယ် မူးယစ်ဆေးဝါး နှိမ်နင်းရေး စီမံချက် အကြောင်းကိုလည်း ဆွေးနွေးခဲ့ကြသည်။

ထို့ပြင် မြောက်ကိုရီးယားအရေးကိုလည်း ဆွေးနွေးခဲ့ကြသည်ဟု သိရှိရသည်။

သမ္မတထရမ့်က ဒူတာတေးနှင့် စကားပြောဆိုရခြင်းကို သဘောတွေ့သောကြောင့် အိမ်ဖြူတော်သို့ ဖိတ်ကြားခဲ့ပြီး  ရက်အတိအကျ မသတ်မှတ်ရသေးကြောင်း အိမ်ဖြူတော်က ပြောကြားသည်။

ဒူတာတေး၏ ခရီးစဉ်သည် အမေရိကန်-ဖိလစ်ပိုင် မဟာမိတ်ဖွဲ့မှု၏ အရေးပါမှုကို ဆွေးနွေးရန် အခွင့်အလမ်းဖြစ်ပြီး အလွန်အပြုသဘောဆောင်သောဖက်သို့ ဦးတည်နေသည်ဟု အိမ်ဖြူတော် ကြေညာချက်တွင် ပါရှိသည်။

ယခင်နှစ်ကမူ ဒူတာတေးက သမ္မတ အိုဘားမားကို လူလွန်မသားဟု ခေါ်ဝေါ်ခဲ့မှုကြောင့် နှစ်ဦးတွေ့ဆုံမည့် အစီအစဉ်ကို ဖျက်သိမ်းခဲ့ရသည်။

ဖိလစ်ပိုင်သမ္မတ ဒူတာတေးသည် မူးယစ်ဆေးဝါးနှင့် ဆက်နွှယ်သူများကို ရက်စက်ကြမ်းတမ်းစွာ သုတ်သင်ကွပ်မျက်နေခြင်းကြောင့် နိုင်ငံတကာ၏ ပြစ်တင်ဝေဖန်မှုကို ခံနေရသူ ဖြစ်သည်။

အဆိုပါ မူးယစ်ဆေး နှိမ်နင်းမှုအတွင်း ရဲတပ်ဖွဲ့နှင့် လက်မရွံ့အုပ်စုများက မူးယစ်ဆေးဝါး တရားခံ ၇၀၀၀ ကျော်ကို လက်လွတ်စပယ် သတ်ဖြတ်ခဲ့ကြပြီး သံသယရှိသူ ထောင်ပေါင်းများစွာကို ဖမ်းဆီးထိန်းသိမ်းခဲ့ကြသည်။

သမ္မတထရမ့်နှင့် အသွင်တူသော ဒူတာတေးသည် မနှစ်က အာဏာရလာပြီးနောက် နိုင်ငံတွင်းရှိ မူးယစ်ဆေးသုံးစွဲသူများကို သတ်ဖြတ်ရသည့်အတွက် ပျော်ရွှင်သည်ဟု ပြောဆိုခဲ့ဖူးသည်။

ဒေါ်နယ်ထရမ့်သည်လည်း အငြင်းပွားဖွယ် စကားများ ပြောဆိုရာတွင် အကျွမ်းတဝင်ရှိသူတစ်ဦး ဖြစ်ပြီး မက္ကဆီကို ရွှေ့ ပြောင်းနေထိုင်သူများကို မုဒိန်းသမားတွေဟု ခေါ်ဝေါ်ခဲ့ဖူးသည့်အပြင် အမျိုးသမီးများနှင့် ပတ်သက်၍ မဖွယ်မရာ စကားများကို ပါးစပ်အရသာခံကာ ထုတ်ဖော်ပြောဆိုခဲ့သူ ဖြစ်သည်။             

F-04



FOLLOW US