News

POST TAGGED AS

ဒူတာတေး

အစ္စလာမ္မစ်စစ်သွေးကြွများအန္တရာယ် အာဆီယံနိုင်ငံများ ပူးပေါင်း ဆောင်ရွက်ရန် ဖိလစ်ပိုင်သမ္မတ တိုက်တွန်း

မနီလာ၊ နိုဝင်ဘာ ၂

ဒေသတွင်း အာဆီယံ ညီလာခံ ကျင်းပရန် သီတင်းပတ် နှစ်ပတ်အလိုတွင် ဖိလစ်ပိုင်သမ္မတ ရိုဒရီဂိုဒူတာတေးက အာဆီယံနိုင်ငံများ အစ္စလာမ္မစ်စစ်သွေးကြွ အန္တရာယ်ကို ပူးပေါင်းဆောင်ရွက် တားဆီးရန် တိုက်တွန်းလိုက်သည်ဟု Reuters သတင်းဌာနက ရေးသားဖော်ပြထားသည်။

အစ္စလာမ္မစ်စစ်သွေးကြွများကို ဖိလစ်ပိုင်နိုင်ငံ တောင်ပိုင်း မာရာဝီမြို့တွင် အောင်ပွဲခံခဲ့ပြီးနောက် ဖိလစ်ပိုင်အစိုးရ အကြီးအကဲက အထက်ပါအတိုင်း တိုက်တွန်းလိုက်ခြင်းဖြစ်သည်။

သမ္မတဒူတာတေးအနေနှင့် အကြမ်းဖက်ဝါဒ တိုက်ဖျက်ရေးအတွက် အာဆီယံ ခေါင်းဆောင်များ၊ အမေရိကန် ပြည်ထောင်စုကဲ့သို့ ဒေသနှင့် မိတ်ဖက်များနှင့် ဆွေးနွေးမည်ဖြစ်ကြောင်း ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး အလန်ပီတာကာယီတာနိုက ပြောကြားသည်။

“IS တွေကို အီရတ်၊ ဆီးရီးယားနဲ့ ဖိလစ်ပိုင်တို့မှာ နှိမ်နင်းလိုက်နိုင်ရုံနဲ့ စစ်ပွဲပြီးဆုံးသွားပြီလို့ မဆိုနိုင်ပါဘူး”ဟု ကာယီတာနိုက ကြေညာချက်တစ်ရပ်တွင် ပြောကြားခဲ့သည်။

အထက်ပါ ကြေညာချက်ကို နယူးယောက်မြို့တွင် IS ကို နှစ်သက်သဘောကျသူတစ်ဦး၏ တိုက်ခိုက်မှု ဖြစ်ပွားပြီးနောက် ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

“နယူးယောက်နဲ့ ကမ္ဘာ့တခြား နေရာတွေမှာ ဖြစ်ပွားတဲ့ အကြမ်းဖက် တိုက်ခိုက်မှုများက ကမ္ဘာပေါ်မှာ ခြိမ်းခြောက်မှု ရှိသေးတယ်ဆိုတာကို ပြသနေပါတယ်”ဟုလည်း ဆိုထားသေးသည်။ 

မာရာဝီမြို့တွင် ဖိလစ်ပိုင်စစ်သားများက ISIS ဖိုက်တာများကို သုတ်သင်ခဲ့ပြီး လက်ရဖမ်းမိခဲ့သော အကြမ်းဖက်သမားများထဲတွင် အင်ဒိုနီးရှား စစ်သွေးကြွတစ်ဦးလည်း ပါဝင်ခဲ့သည်။

အကြမ်းဖက်သမားများသည် အရှေ့တောင်အာရှဒေသတွင် ပိုမိုချိတ်ဆက်မှုများ ရှိလာသည့်အတွက် ဖြိုခွင်းရေးစစ်ဆင်ရေးများကိုလည်း ပူးတွဲဆောင်ရွက်ရမည်ဟု ယူဆလာကြသည်။

ဖိလစ်ပိုင်သည် ကတ်သလစ် လူများစု နိုင်ငံဖြစ်ပြီး မင်ဒါနာအိုကျွန်းစုဒေသတွင် လုံခြုံရေးဆိုင်ရာ အကျပ်အတည်းများ ပေါ်ပေါက်ခဲ့ပြီး ဖိလစ်ပိုင်စစ်တပ်က နှိမ်နင်းခဲ့ရသည်။ 

ဖိလစ်ပိုင်စစ်တပ်၏ သူပုန်နှိမ်နင်းရေး ထိုးစစ်များအတွက် သူပုန်ပေါင်း တစ်ထောင့်တစ်ရာကျော် သေဆုံးခဲ့ပြီးမှ မြို့ကို ပြန်လည် သိမ်းပိုက်နိုင်ခဲ့သည်။

F-02



FOLLOW US