POST TAGGED AS

ဒူတာတေး

ဖိလစ်ပိုင်သမ္မတ ဒူတာတေးက မာရှယ်လော ကျင့်သုံးနိုင်ခြေ ခန့်မှန်းချက်များကို ပယ်ချခဲ့ပြီး တစ်လခန့်အကြာတွင် မူးယစ်ဆေး ပြဿနာ အန္တရာယ် အလွန်ကြီးလာပါက စစ်အုပ်ချုပ်ရေး ဥပဒေ ထုတ်ပြန်မည်ဟု ပြောကြားလိုက်ကြောင်း Reuters သတင်းတွင် ဖော်ပြထားသည်။
အငြင်းပွားစရာ ပြင်းထန်တဲ့ ဝေဖန်စကားတွေနဲ့ ခြိမ်းခြောက်စကားတွေ မကြာခဏ ပြောကြားခဲ့တဲ့ ဖိလစ်ပိုင်သမ္မတ ဒူတာတေးက သူဟာ အရင်တုန်းက လူတစ်ယောက်ကို ရဟတ်ယာဉ်ပေါ်ကနေ တွန်းချပစ်ခဲ့ဖူးတယ်လို့ ပြောကြားလိုက်ပြန်ပါတယ်။
ဖိလစ်ပိုင်နိုင်ငံသည် မူးယစ်ဆေးကြောင့် ချောက်ထဲကျလုလု အနေအထားဖြစ်နေပြီ ဆိုသည့် ဒူတာတေး၏ ပြောစကားသည် လက်ရှိအနေအထားတွင် စိုးရိမ်ထိတ်လန့်စရာ ဖြစ်နေသေးသလော တွေးစရာ ဖြစ်လာသည်။
ဖိလစ်ပိုင်နိုင်ငံမှာ မူးယစ်ဆေးနဲ့ ပတ်သက်ပြီး သံသယရှိသူတွေကို အစစ်ဆေး၊ အမေးမြန်း မရှိ သတ်ဖြတ် နှိမ်နင်းနေတဲ့ စစ်ဆေးရေးတွေအတွင်း သေဆုံးရသူတွေထဲမှာ ၆ နှစ်အရွယ် ကလေးငယ် တစ်ဦးလည်း ပါဝင်သွားခဲ့တယ်
ဖိလစ်ပိုင် သမ္မတ ဒူတာတေးက ရာဇဝတ်ကောင်အဖြစ် သံသယရှိသူများကို ကိုယ်တိုင် သတ်ဖြတ်ခဲ့ဖူးကြောင်း ပြောကြားလိုက်သည်။
06-Nov-2016 tagged as ဒူတာတေး
ဖိလစ်ပိုင်သမ္မတ ဒူတာတေးသည် အမေရိကန် ပြည်ထောင်စုကို ရိုင်းစိုင်းစွာ ဆဲဆိုကာ အမေရိကန်များကို မျောက်တွေဟု ခေါ်ဝေါ်ခဲ့ပြီး ဖိလစ်ပိုင်ရဲတပ်ဖွဲ့အား ချေမှုန်းရေး ရိုင်ဖယ်အလက် ၂၆,ဝဝဝ ရောင်းချပေးမည့် အစီအစဉ်ကို အမေရိကန် နိုင်ငံခြားရေး ဌာနက ရပ်ဆိုင်းလိုက်ခြင်းအပေါ် တုံ့ပြန်ခြင်းဖြစ်သည်ဟု Xinhua သတင်းတွင် ဖော်ပြထားသည်။
28-Oct-2016 tagged as ဒူတာတေး
အမေရိကန်သမ္မတ အိုဘားမား အပါအဝင် အခြားသူများကို ရိုင်စိုင်း ကြမ်းတမ်းသည့် မှတ်ချက်များ ပေးခဲ့သည့် ဖိလစ်ပိုင်သမ္မတ ဒူတာတေးက ရိုင်းရိုင်းစိုင်းစိုင်း ပြောဆိုဝေဖန်မှုများ ရပ်တန့်ရန် ဘုရားသခင်က သူ့ကိုညွှန်ကြားခဲ့သည်ဟု ပြောကြားလိုက်ကြောင်း BBC သတင်းဌာနတွင် ဖော်ပြထားသည်။
ဂျပန်အန်နမီလို့ ခေါ်ကြတဲ့ ဂျပန်ပုံစံ ကာတွန်း လှုပ်ရှားမှုရုပ်ရှင် ပုံစံဒီဇိုင်းနဲ့ ဖိလစ်ပိုင်သမ္မတ လူကြမ်းကြီး ရိုဒရီဂို ဒူတာတေးကို ဂုဏ်ပြုထားတဲ့ ဗီဒီယိုလေး Youtube မှာ လူကြည့် များနေပါတယ်။ တစ်မိနစ်ခွဲလောက်ပဲကြာတဲ့ ဒီဗီဒီယိုကို El President လို့ အမည်ပေးထားပြီးတော့ ဒူတာတေးရဲ့ ရိုးရှင်းစွာနေတဲ့ ပုံစံနဲ့ ခေါင်းဆောင် တစ်ဦးအဖြစ် ပြတ်သားပုံကို ဖော်ပြထားပါတယ်။
အများပြည်သူ လုံခြုံရေးအတွက် မူဝါဒ ခပ်ကြမ်းကြမ်းတွေ ချတတ်သော ဖိလစ်ပိုင်သမ္မတ ရိုဒရီဂိုဒူတာတေးသည် အများပြည်သူကြား ဆေးလိပ်သောက်သုံးခြင်းကို ပိတ်ပင်မိန့်ထုတ်တော့မည် ဖြစ်ကြောင်း ကျန်းမာရေး ဝန်ကြီးဌာနက သတင်းထုတ်ပြန်လိုက်ကြောင်း အေဂျင်စီ သတင်းများက ဖော်ပြထားကြသည်။
ဖိလစ်ပိုင်တွင် မူးယစ်ဆေးဝါး တိုက်ဖျက်ရေး လုပ်ဆောင်ပုံ ကြမ်းတမ်းမှုအပေါ် ပြစ်တင်ဝေဖန်ခဲ့သော အမေရိကန်သမ္မတ အိုဘားမားကို ဖိလစ်ပိုင်သမ္မတ ဒူတာတေးက ‘ငရဲကိုသာ သွားသေလိုက်’ ဟု ဆဲဆိုလိုက်ပြန်ကြောင်း BBC သတင်းတွင် ဖော်ပြထားသည်။