News

POST TAGGED AS

ဒုရဲအုပ်

ခင်ပွန်းဖြစ်သူနှင့် အချင်းများပြီးနောက် ဇနီးဖြစ်သူ ကြွက်သတ်ဆေးသောက် အဆုံးစီရင်
ရန်ကုန်၊ ဖေဖော်ဝါရီ ၂၈

ကြည့်မြင်တိုင်မြို့နယ် တစ်ဖက်ကမ်းရှိ အေးရွာအရှေ့ပိုင်း ရပ်ကွက်တွင် ဖေဖော်ဝါရီလ ၂၇ ရက်နေ့က ခင်ပွန်းဖြစ်သူက လက်သီးဖြင့်ထိုးသဖြင့် အသက် ၂၀ နှစ်အရွယ် အမျိုးသမီးတစ်ဦး ကြွက်သတ်ဆေးသောက်ပြီး မိမိကိုယ်ကိုယ် အဆုံးစီရင်ခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှသိရသည်။ 

သေဆုံးသူ အမျိုးသမီးမှာ ဖေဖော်ဝါရီလ ၂၆ ရက် ည ၁၁ နာရီက ညပိုင်း အပြင်ထွက်သွားသည့်ကိစ္စနှင့် ပတ်သက်ပြီး ၎င်း၏ ခင်ပွန်းဖြစ်သူနှင့် စကားများရာမှ မျက်နှာကို လက်သီးဖြင့် သုံးချက်ဆင့်ထိုးခံရပြီး ပေါက်ပြဲဒဏ်ရာများရခဲ့သဖြင့် စိတ်ဆိုးကာ နေအိမ်ရှိကြွက်သတ်ဆေးကို သောက်ခဲ့ကြောင်း တိုင်ကြားချက်အရ သိရသည်။

“ကြွက်ဆေးသောက်တဲ့ အမျိုးသမီးက ဆေးခန်းသွားမပြဘူး ငြင်းဆိုနေလို့ မိသားစုက ကန်စွန်းရွက်ထောင်းပြီး တိုက်လိုက်တယ်။ သက်သာသလို ပုံစံဖြစ်ပြီး အိပ်ပျော်သွားရာက မနက်အိပ်ရာနိုးတော့ ရေထသောက်ချိန်မှာ ဗိုက်ထဲက မခံနိုင်အောင်ပူပြီး လူးလှိမ့်နေလို့ ရပ်ကွက်က ဆေးရုံပို့ဖို့ စီစဉ်နေချိန်မှာ သူကဆုံးသွားတာလို့ မိသားစုရဲ့ ထွက်ဆိုချက်အရ သိရတယ်”ဟု ရဲအရာရှိက ရှင်းပြသည်။ 

အဆိုပါ သေဆုံးသွားသည့် အမျိုးသမီး၏ ရုပ်အလောင်းကို ရန်ကုန် ပြည်သူ့ဆေးရုံကြီးသို့ ပို့အပ်ပြီး ဓမ္မတာအတိုင်း သေဆုံးခြင်း ဟုတ်မဟုတ် သိရှိရန် ကြည့်မြင်တိုင်မြို့နယ်၊ စက်ဆန်း နယ်မြေရဲစခန်းမှ သေမှုသေခင်း အမှတ်စဉ် ၃/၁၈ ဖြင့် အမှုဖွင့် အရေးယူထားကြောင်း ရဲတပ်ဖွဲ့ထံမှသိရသည်။

S-03




FOLLOW US