News

POST TAGGED AS

ဒုက္ခသည်

အကြမ်းဖက်မှု ဖြစ်စဉ်ကြောင့် ဘင်္ဂလားဒေ့ရှ်ဘက်သို့ ထွက်ပြေးတိမ်းရှောင်သော ဒုက္ခသည်များကို မောင်တော တောင်ပိုင်းတွင် ပြန်လည် လက်ခံနေရာချပေးရန် စီစဉ်နေမှုကို ဒေသခံများက ကန့်ကွက်နေကြသည်။
ဘင်္ဂလားဒေ့ရှ်မှပြန်လာမည့် ဒုက္ခ သည်များ လက်ခံရန် တောင်ပြိုလက်ဝဲ လက်ခံရေးစခန်းတွင် ဌာနဆိုင်ရာဝန်ထမ်း ၆၈ ဦးရောက်ရှိလာပြီဖြစ်သောကြောင့် လက်ခံရေးစတင်ရန် ပြင်ဆင်နေပြီဖြစ် ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့ အင်အားဦးစီးဌာနမှ အမြဲတမ်းအတွင်းဝန် ဦးမြင့်ကြိုင်က ပြောကြားသည်။
မြန်မာအစိုးရနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့ကြား သဘောတူထားသည့် ဘင်္ဂလားဒေ့ရှ်ရောက် ဒုက္ခသည်များ ပြန်လည်နေရာချထားရေး ဆောင်ရွက်မှုအပေါ် ရခိုင်ပါတီက ဝေဖန်လိုက်သည်။
တရုတ်အစိုးရက လှူဒါန်းသည့် အသင့်ဆောက်ပြီး အိမ် ၁၀၀ ကို ဒုက္ခသည်များ ပြန်လည်လက်ခံရေးစခန်းတွင် အသုံးပြုမည်ဖြစ်ကြောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ပြောကြားသည်။
ရခိုင်ပြည်နယ် စစ်တွေမြို့အနီးတွင် ၂၀၁၂ ခုနှစ်က ဖွင့်လှစ်ထားသည့် သက္ကယ်ပြင် ဒုက္ခသည်စခန်းကို ပိတ်သိမ်းသွားမည်ဖြစ်ကြောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ပြောကြားသည်။
ကချင်ပြည်နယ်၊ တနိုင်းမြို့ပေါ်ရှိ စစ်ဘေးရှောင်ဒုက္ခသည်များ ခိုလှုံနေထိုင်ရာ စစ်ရှောင်စခန်းများတွင် သုံး​ရေအတွက်​ ​ရေသိုလှောင်​ရန် ကန်မရှိသည့်အတွက် အခက်အခဲရှိကြောင်း ယင်းစခန်း​နေထိုင်သူများထံမှ စုံစမ်းသိရှိရသည်​။
“တကယ် ပြန်လာချင်တဲ့သူ တကယ် အထောက်အထားရှိရင် ဘယ်လောက်များများ လက်ခံမယ်။ အကန့်အသတ် ဦးရေကို တွက်ထားတာမရှိဘူး”
ရခိုင်ပြည်နယ်အတွင်း အကြမ်းဖက်ဖြစ်စဉ်များကြောင့် ဘင်္ဂလားဒေ့ရှ်သို့ ထွက်ပြေးတိမ်းရှောင်နေသူများ လက်ခံရာတွင် တစ်ရက်လျှင် ဒုက္ခသည် ၁၅၀ ကို စိစစ် လက်ခံမည်ဖြစ်ကြောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ပြောကြားသည်။
ရခိုင်ပြည်နယ်မြောက်ပိုင်းဒေသတွင် ARSA အကြမ်းဖက် တိုက်ခိုက်မှုကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးတိမ်းရှောင်သူများ မြန်မာနိုင်ငံက ပြန်လည် လက်ခံနိုင်ရေးအတွက် နှစ်နိုင်ငံ အစိုးရတို့ နားလည်မှုစာချွန်လွှာ (MoU) ရေးထိုးမည်ဖြစ်ကြောင်း ပြန်ကြားရေး ဝန်ကြီးဌာနမှ သိရသည်။
ရခိုင်ပြည်နယ် ဘူးသီးတောင်၊ မောင်တောမြို့များသို့ မြန်မာနိုင်ငံဆိုင်ရာ ဘင်္ဂလားဒေ့ရှ်သံအမတ် H.E Mr. Mohammad Sufiur Rahman နှင့် ရခိုင်ပြည်နယ် ပြန်လည် ထူထောင်ရေးအတွက် အကောင်အထည်ဖော် ဆောင်ရွက်ရေး ကော်မတီဝင်များ အောက်တိုဘာလ ဒုတိယအပတ်တွင်း ကွင်းဆင်းလေ့လာမည်ဖြစ်ကြောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ပြောကြားသည်။