News

POST TAGGED AS

ဒုက္ခသည်

24-Jun-2018 tagged as ကချင် ဒုက္ခသည်
ကချင်ပြည်နယ်အတွင်းရှိ ဒုက္ခသည်စခန်း ၁၀ ခုကို စစ်ဆေးရာတွင် နေရာကျပ်တည်းမှုနှင့် ရေပြတ်လပ်မှု အရေးပေါ်လိုအပ်နေကြောင်း မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေး ကော်မရှင်အဖွဲ့ဝင် ဦးယုလွင်အောင်က ပြောကြားသည်။
ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ် အတွင်းရှိ စစ်ရှောင်စခန်းရှစ်ခုမှ အိမ်ထောင်စု ၉၅ စုကို မိုင်းနားကျေးရွာရှိ နယ်စပ်ဒေသ တိုင်းရင်းသား လူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ရန်ပုံငွေဖြင့် ဆောက်လုပ်ပြီးစီးသည့် တန်ဖိုးနည်းအိမ်ရာသို့ ဇွန်လ ၂၀ ရက်နေ့၌ ပြောင်းရွှေ့နေရာချထားပေးခဲ့ကြောင်း ပြည်နယ်အစိုးရအဖွဲ့ထံမှ သိရသည်​။
20-Jun-2018 tagged as ကချင် ဒုက္ခသည်
ကချင်ပြည်နယ်အတွင်းရှိ မိုးညှင်း အကျဉ်းထောင်နှင့် မြစ်ကြီးနား အကျဉ်းထောင်များတွင် အခြေခံ လူ့အခွင့်အရေး ချိုးဖောက်ခံရမှု ရှိ၊ မရှိကို မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင်က စစ်ဆေးနေပြီဖြစ်ကြောင်း ကော်မရှင်အဖွဲ့ဝင် ဦးယုလွင်အောင်က ပြောကြားသည်။
အမေရိကန်ပြည်ထောင်စုသည် ရွှေ့ပြောင်းအခြေချသူများအတွက် စခန်းတစ်ခုမဟုတ်သလို ဒုက္ခသည်များကို ကူညီပံ့ပိုးနေသည့် ဌာနေတစ်ခုလည်း ဖြစ်လာလိမ့်မည်မဟုတ်ဟု သမ္မတဒေါ်နယ်ထရမ့်က အာမခံပြောကြားလိုက်ကြောင်း VOA သတင်းဌာနက ရေးသားဖော်ပြသည်။ သမ္မတထရမ့်သည် မက္ကဆီကိုနယ်စပ်ဒေသ၌ အမေရိကန်အစိုးရ အာဏာပိုင်များက ရွှေ့ပြောင်းအခြေချသူများနှင့် အတူပါလာသည့် ကလေးငယ်များကိုမိဘများနှင့် ဖိအားပေးခွဲခြားထားခြင်းကြောင့် ဝေဖန်ခံနေရစဉ်ယခုလို ထုတ်ဖော်ပြောဆိုခြင်းလည်းဖြစ်သည်။
ရခိုင်ပြည်နယ်မြောက်ပိုင်း အရေးနှင့်ပတ်သက်၍ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးသွားသည့် ဒုက္ခသည်များ ပြန်လည် လက်ခံရေး အစီအစဉ်တွင် ပူးပေါင်းပါဝင်ရန် မြန်မာအစိုးရနှင့် ကုလသမဂ္ဂ အဖွဲ့အစည်း နှစ်ခုတို့ ယနေ့ (ဇွန်လ ၆ ရက်)တွင် နားလည်မှုစာချွန်လွှာ (MoU) ထိုးသွားမည်ဖြစ်ကြောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူး ဒေါက်တာကိုကိုနိုင်က ပြောကြားသည်။
03-Jun-2018 tagged as ဒုက္ခသည်
မြန်မာနိုင်ငံတွင်း ပြည်နယ် လေးခုရှိ ဒုက္ခသည်စခန်းများကို ပိတ်သိမ်းရန် မဟာဗျူဟာ စီမံကိန်း ရေးဆွဲနေပြီဖြစ်ကြောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဦးစိုးအောင်က ပြောကြားသည်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ မိမိသဘောဆန္ဒအလျောက် ပြန်လာသည့် နေရပ်စွန့်ခွာ ၆၂ ဦးကို မြန်မာအစိုးရက ငါးခူရ ပြန်လည်လက်ခံရေးစခန်းတွင် စတင်လက်ခံလိုက်ပြီဖြစ်ကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံးက မေလ ၂၇ ရက်တွင် သတင်းထုတ်ပြန်ခဲ့သည်။
မြန်မာနိုင်ငံမှ ပြန်လည်လက်ခံနိုင်မည့် ဘင်္ဂါလီဦးရေ ၁၁၀၀ ခန့်စာရင်းကို ဘင်္ဂလားဒေ့ရှ်ဘက်သို့ မေလ ၁၇ ရက်က ပေးပို့ထားသော်လည်း ၅ ရက်ကြာသည်အထိ အကြောင်းပြန်ကြားခြင်း မရှိသေးကြောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးစိုးအောင်က ပြောသည်။
စစ်ဘေးရှောင်များနှင့် အကြောင်းအမျိုးမျိုးကြောင့် ထိုင်းနိုင်ငံဒုက္ခသည် စခန်းအသီးသီးသို့ ရောက်ရှိပြီး ပြန်လာသည့် ဒုက္ခသည် ၇၃ ဦးကို ၎င်းတို့၏ မူရင်းနေရပ်အသီးသီးသို့ ပြန်လည်ပို့ဆောင်ပေးမည်ဖြစ်ကြောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနထံမှ သိရသည်။
၂၀၁၂ ခုနှစ်ကဖွင့်လှစ်ခဲ့သည့် ရခိုင်ပြည်နယ်အတွင်းရှိ ဒုက္ခသည်စခန်းသုံးခုကို ပိတ်သိမ်းရန် စီစဉ်နေကြောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ပြောကြားသည်။