News

POST TAGGED AS

ဒီမိုကရေစီ

အဂတိလိုက်စားမှုတိုက်ဖျက်ရာတွင် အဂတိလိုက်စားသူကို ဥပဒေအရ အပြစ်ပေး အရေးယူခြင်းဖြင့် အဂတိလိုက်စားမှု ပျောက်သွားမည်ဟု တရားသေဆိုရန် ခက်ခဲပေမည်။ အချို့သော တည်ဆဲဥပဒေ၊ နည်းဥပဒေများနှင့် လုပ်ထုံးလုပ်နည်းများသည် အဂတိလိုက်စားမှု ဖြစ်စေရန် အားပေးထားသကဲ့သို့ တစ်ဦးတစ်ယောက်တည်းကိုသာ လုပ်ပိုင်ခွင့် များစွာပေးထားခြင်း၊ အပြန်အလှန် ထိန်းညှိမှု မရှိခြင်းတို့ ရှိနေဆဲဖြစ်သည်။
ပြည်သူများ၏ ယုံကြည်လေးစား အားထားမှု ရရှိရန်နှင့် ပါတီအင်အားတိုးတက်ရန် ဆောင်ရွက်ရမည်ဖြစ်ကြောင်း ရန်ကုန်မြို့၌ ဇွန်လ ၂၃ ရက်က ပြုလုပ်သော အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ၏ ဒုတိယအကြိမ်မြောက် နိုင်ငံလုံးဆိုင်ရာ ပါတီညီလာခံ ပထမနေ့တွင် သဘာပတိအဖြစ် ဆောင်ရွက်သူ ပါတီဗဟိုကော်မတီဝင်တစ်ဦးဖြစ်သူ ဦးညီပုက ပြောကြားခဲ့သည်။
Cobrapost ဆိုသော ဝက်ဘ်ဆိုက်သည် မီဒီယာကုမ္ပဏီ အများအပြားနှင့်တွေ့ဆုံကာ ဟိန္ဒူအမျိုးသား ရေးဝါဒနှင့်ပတ်သက်၍ ကောင်းမွန်စွာရေးသားပါက ကုမ္ပဏီများကို ဒေါ်လာသန်းနှင့်ချီ၍ပေးရန် မြှူဆွယ်သည်။ သူတို့လိုအပ်သော ကြေညာချက်များမှာ ဘီဂျေပီအစိုးရနှင့် ဟိန္ဒူအမျိုးသားရေးဝါဒကို အကျိုးရှိစေမည့် ကြေညာချက်များဖြစ်သည်။
သတင်းလွတ်လပ်ခွင့်နှင့် သတင်းသမားတို့ လုံခြုံရေးသည် ဆိတ်သုဉ်းနေပြီလားဖြစ်သည်။ အမှန်ကို အမှန်အတိုင်း၊ အရှိကိုအရှိအတိုင်း ဖော်ထုတ်နေသည့် သတင်းသမားတွေ၊ စာရေးဆရာတွေနှင့် ဖော်ကောင်တွေ အသတ်ခံနေရမှုကို ဤအတိုင်း ကြည့်နေလျှင် အိန္ဒိယ ဒီမိုကရေစီသည် ပြက်ရယ်ပြုစရာ ဖြစ်လာပေတော့မည်။ လွတ်လပ်စွာ သဘောထားကွဲလွဲခွင့်သည် ဒီမိုကရေစီနည်းဖြစ်သည်။
13-Mar-2018 tagged as ဒီမိုကရေစီ
စားဝတ်နေရေးအခက်အခဲ၊ အလုပ်အကိုင် အခွင့်အလမ်း အခက်အခဲတွေနဲ့ ရင်ဆိုင်နေကြရတဲ့အချိန်မှာ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးကို နံပါတ်တစ်ဦးစားပေးပြီး ကြွေးကြော်ခဲ့တဲ့ ပါတီကြီးတစ်ရပ်ကနေပြီးတော့ အခြေခံလူ့အခွင့်အရေးတစ်ရပ်ဖြစ်တဲ့ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်ဆိုတဲ့ တန်ဖိုးရှိလှတဲ့အခွင့်အရေးကို ကန့်သတ်လိုက်တဲ့ ဥပဒေကြမ်းကို အမျိုးသားလွှတ်တော်မှာ အဆိုတင်ပြီး NLD ပါတီဝင်ကိုယ်စားလှယ် မဲအများစုနဲ့ အတည်ပြုလိုက်တဲ့အခါမှာ အားလုံးဟာ အံ့အားတသင့် ယူကျုံးမရ ဖြစ်ကြရပါတော့တယ်။
12-Mar-2018 tagged as ဒီမိုကရေစီ
နှစ် ၃၀ ကြာ ဒီမိုကရေစီခရီးလမ်းကို စတင်ဖောက်ခဲ့တဲ့ ၈၈ ကျောင်းသားဟောင်းတွေ ဘယ်ရောက်ပြီး ဘာတွေလုပ်နေကြသလဲ။ ဒီအပြောင်းအလဲဖြစ်စဉ်မှာ ဒီလူတွေအားလုံး ပါဝင်ခွင့်အပြည့်အဝ ရကြပါရဲ့လား၊ ဘေးဖယ်ခံထားရသူတွေ ရှိနေဆဲလား၊ တကယ်လို့ အားလုံးကို ပါဝင်ခွင့်ပေးပါ့မယ်လို့ အစိုးရဘက်က ပြောမယ်ဆိုရင် ဒီလူတွေ အစိုးရပါတီထဲ ဝင်ကြမှာလား၊ မဟာမိတ်ပါတီ ထောင်မှာလား၊ အတိုက်အခံပါတီ ထောင်မှာလား၊ အရပ်ဘက်အဖွဲ့အစည်းတွေအဖြစ် ဆက်လှုပ်ရှားကြမှာလား၊ သာမန် အရပ်သားတွေအဖြစ်ပဲ နေကြတော့မလား။
အခု မြန်မာနိုင်ငံမှာကြုံနေရတဲ့အခြေအနေက ကြာလေ စစ်ဘက်လွှမ်းမိုးမှုက ပိုများလာလေဖြစ်နေပါတယ်။ စစ်ဘက်ကို အားနည်းသွားအောင် လုပ်မိ၊ ပြောမိရင်ပဲ တိုင်းပြည်အချုပ်အခြာအာဏာနဲ့ အမျိုးဘာသာသာသနာကို ထိခိုက်စေသူ၊ မျိုးချစ်စိတ်မရှိသူဆိုပြီး တံဆိပ်ကပ်တဲ့ ခေတ်နောက်ပြန်ဆွဲတဲ့ အတွေးအခေါ်တွေဝင်လာနေတာဟာ အတော်ဆိုးပါတယ်။
ငြိမ်း၊ စု၊ စီ ဥပဒေ ခေါ် ငြိမ်းချမ်းစွာ စုဝေးခြင်းနှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခြင်းဆိုင်ရာ ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းတွင် ဖြည့်စွက် ပြင်ဆင်လိုက်သည့် အချက်များသည် ဒီမိုကရေစီစနစ်နှင့် မလျော်ညီကြောင်း ဝေဖန်မှုများ ထွက်ပေါ်လာခဲ့သည်။
မြန်မာနိုင်ငံ၏ ဒီမိုကရေစီအရေး အောင်မြင်မှုကို လိုလားသော အမေရိကန်ပြည်ထောင်စုနှင့် နိုင်ငံတကာ အသိုင်းအဝိုင်းများအတွက် ထိတွေ့ဆက်ဆံမှုနှင့် ကန့်ကွက်ဝေဖန်မှုအကြား ဟန်ချက်ညီရန် လိုအပ်သည်။
၈၈ မျိုးဆက် ကျောင်းသားဟောင်းများ ဦးဆောင်ဖွဲ့စည်းမည့် ရှစ်လေးလုံးပါတီ နိုင်ငံရေးပါတီ ဖြစ်မြောက်ရေးကော်မတီ၊ မန္တလေးတိုင်းစည်းရုံးရေး ကော်မတီရုံးခန်းဖွင့်ပွဲကို ဖေဖော်ဝါရီလ ၁၁ ရက်နေ့က ဖွင့်လှစ်ခဲ့သည်။