News

POST TAGGED AS

ထိုင်း

ထိုင်း-မြန်မာချစ်ကြည်ရေး သံဃာ အပါးနှစ်သောင်း ဆွမ်းဆန်စိမ်းလောင်းပွဲကို ချမ်းမြသာစည်မြို့နယ်ရှိ လေယာဉ်ကွင်းဟောင်း၌ ဇန်နဝါရီ ၂၁ ရက်နေ့ နံနက် ခြောက်နာရီခန့်က စတင်ကျင်းပခဲ့ရာ လူတစ်သိန်းခန့် တက်ခဲ့ကြောင်း အခမ်းအနား ဖြစ်မြောက်ရေး ကော်မတီထံမှ သိရှိရသည်။
ထိုင်းနိုင်သို့ တရားမဝင်လမ်းကြောင်းမှ ဝင်လာသည့် ဖမ်းဆီးခံ မြန်မာနိုင်ငံသား ၁၁ ဦး ယနေ့ (ဇန်နဝါရီလ ၁၈ ရက်) မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိမည်ဖြစ်ကြောင်း မြန်မာသံရုံးမှ အလုပ်သမား သံအရာရှိချုပ် ဦးစန်းမောင်ဦးက ပြောကြားသည်။
ထိုင်းနိုင်ငံ ပတ္တရားမြို့၌ ဖေဖော်ဝါရီလအတွင်းကျင်းပမည့် Burapa Battle Stunt ဆိုင်ကယ်စတန့်ပြိုင်ပွဲကို မြန်မာလူငယ်နှစ်ဦး ပါဝင်ယှဉ်ပြိုင်မည် ဖြစ်သည်။
09-Jan-2018 tagged as ထိုင်း
သတင်းစာရှင်းလင်းပွဲတစ်ခုတွင် အမေးခံရသောမေးခွန်းများကို ရှောင်ရှားလိုသော ထိုင်းဝန်ကြီးချုပ် ပရာယုချန်အိုချာက ၎င်း၏ ပုံတူဓာတ်ပုံ ကတ်ထူပြားတစ်ပြားကိုထောင်ကာ မေးခွန်းများဖြေရန် တာဝန်ပေးခဲ့သည်ဟု BBC သတင်းဌာနတွင် ဖော်ပြခဲ့သည်။
06-Jan-2018 tagged as ပညာရေး ထိုင်း
ထိုင်းနိုင်ငံပညာရေးသည် ၂၀၁၈ ခုနှစ်တွင်လည်း စိန်ခေါ်မှုများကို ဆက်လက် ရင်ဆိုင်နေရဦးမည် ဖြစ်သည်။ အထူးသဖြင့် ဘွဲ့ရပြီးသူများ၏ လုပ်ငန်းခွင်နှင့် အံဝင်ခွင်ကျဖြစ်စေမည့် ကျွမ်းကျင်မှု (Skill) မရှိသေးခြင်းနှင့် အတွေးအမြင် (Mindset) တို့ကို ပြောင်းပေးရန် လိုအပ်နေသေးခြင်းဖြစ်သည်။ ကျောင်းဆရာ၊ ဆရာမများဘက်ကလည်း သူတို့၏ အခန်းကဏ္ဍကို ရှေ့တန်းတင် စိုးမိုးထားခြင်းအား လျှော့ချပေးနိုင်မှု မရှိသေးခြင်း၊ ပညာရှာရေးတွင် ဆရာသာ အရေးပါသည်ဆိုသည့် အစွဲများကို မချွတ်နိုင်သေးခြင်းမှာ ထိုင်းနိုင်ငံပညာရေး၏ အကြီးမားဆုံးသော စိန်ခေါ်မှု များဖြစ်သည်။
ထိုင်းတရားရုံးတစ်ခုက လူလိမ်တစ်ဦးကို ထောင်ဒဏ်နှစ်ပေါင်း ၁၃,၀၀၀ ကျော် ချမှတ်လိုက်သည်ဟု BBV သတင်းတွင် ဖော်ပြထားသည်။
ထိုင်းဘောလုံးအဖွဲ့ချုပ်နှင့် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်တို့က သက်တမ်းအလိုက် လူငယ်ကမ္ဘာ့ဖလားပြိုင်ပွဲကို အိမ်ရှင်အဖြစ် ပူးတွဲလျှောက်ထားရန် စီစဉ်နေကြောင်း မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဦးကိုကိုသိန်းက ပြောကြားသည်။
ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားများ ကူညီစောင့်ရှောက်သည့် ထိုင်းနိုင်ငံ အခြေစိုက်အဖွဲ့အစည်းလေးဖွဲကို အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနက ချီးမြှင့်သော မြန်မာလူမှုထောက်ကူပြု ဆုရရှိခဲ့ကြောင်း အဆိုပါဝန်ကြီးဌာနထံမှ သိရသည်။
19-Dec-2017 tagged as ထိုင်း
ထိုင်းနိုင်ငံစစ်အစိုးရ၏ ဒုတိယဝန်ကြီးချုပ် ပရာဝတ်ဝမ်ဆူဝမ်၏လက်တွင် ဘတ်ငွေ သန်းနှင့်ချီတန်သော လက်ပတ်နာရီ ဝတ်ဆင်ထားသည့် ဓာတ်ပုံထွက်ရှိလာပြီးနောက် ထိုင်းပြည်သူများအကြား စစ်အစိုးရခေါင်းဆောင်များ၏ ကြွယ်ဝချမ်းသာမှုနှင့်ပတ်သက်၍ ဝေဖန်ပြောဆိုမှုများ မြင့်တက်လျက်ရှိကြောင်း Bangkok Post သတင်းစာက ရေးသားဖော်ပြထားသည်။
အပြည်ပြည်ဆိုင်ရာရွှေ့ပြောင်း အလုပ်သမားများနေ့ အထိမ်းအမှတ်အဖြစ် ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်းလုပ်သားများအရေးဖိုရမ်ကို ဒဂုံတက္ကသိုလ်တွင် ယနေ့(ဒီဇင်ဘာလ ၁၉) ကျင်းပမည်ဖြစ်ကြောင်း ဒဂုံတက္ကသိုလ်ကျောင်းသားများ သမဂ္ဂဥက္ကဋ္ဌ ဦးမိုးဟိန်းက ပြောကြားသည်။