POST TAGGED AS

ထိုင်း

ထိုင်း-မြန်မာ ချစ်ကြည်ရေးတံတားသစ်အတွက် တံတားချဉ်ကပ်လမ်းဖောက်လုပ်ရာတွင် လျော်ကြေးပေးထားသော မြေလွတ်မြေရိုင်းများမှ ဖောက်လုပ်ခြင်းမရှိဘဲ လမ်းအူကြောင်းပြောင်းလဲဖောက်လုပ်မှုကြောင့် မလွတ်ကင်းသော နေအိမ်ခြံဝင်းများမှာ ထိုက်တန်သော လျော်ကြေးရရှိခြင်း မရှိသေးကြောင်း မြဝတီဒေသခံများက ပြောကြားသည်။
ထိုင်းနိုင်ငံမှ တရားမဝင် တင်သွင်းလာသည့် အသားစား ကြက်အကောင်ရေ ၆၀၀၀ ခန့်ကို မွန်ပြည်နယ် မော်လမြိုင်မြို့တွင် မတ်လ ၆ ရက် နံနက်ပိုင်းက ဖမ်းဆီးရမိထားသည်ဟု မွန်ပြည်နယ် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနထံမှ သိရသည်။
Times Higher Education (THE) အဖွဲ့၏ ၂၀၁၈ ခုနှစ် အာရှတက္ကသိုလ်များ အဆင့်သတ်မှတ်ချက်စာရင်း ထွက်လာသည်။ ထို့ကြောင့် ထိုင်းနိုင်ငံတက္ကသိုလ်များ၏ အဆင့်ကိုလည်း ဆန်းစစ်စရာဖြစ်လာပါသည်။ ၂၀၁၈ ခုနှစ်စစ်တမ်းတွင် ထိုင်းနိုင်ငံတက္ကသိုလ်များအဆင့်က အိမ်နီးချင်းနိုင်ငံများထက်ပင် အောက်ကိုရောက်သွားကြောင်း တွေ့လိုက်ရသည်။
22-Feb-2018 tagged as ထိုင်း
ဗုဒ္ဓဟူးနေ့ နံနက်တွင် တက္ကစီသမားက တိုက်ခိုက်ပြီး ပိုက်ဆံလုသည်ဟု ဇာတ်လမ်းဆင်တိုင်ကြားသည့် အသက် ၂၆ နှစ်အရွယ် အမျိုးသမီးကို သတင်းအမှား တိုင်ကြားသည့်အမှုဖြင့် တရားစွဲဆိုရန် ထိုင်းရဲတပ်ဖွဲ့က စီစဉ်နေသည်ဟု ဘန်ကောက်ပို့စ် သတင်းဌာနတွင် ဖော်ပြသည်။
မြန်မာ-ထိုင်း နှစ်နိုင်ငံအကြား သမိုင်းကြောင်းအရ ထိစပ်နေသော မြို့များသို့ ပထမဆုံး နယ်စပ်ဖြတ်ကျော်သွားရောက်မည့် ခရီးစဉ်ကိုစီစဉ်ကာ ဈေးကွက်မြှင့်တင်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ခရီးသွားဈေးကွက်မြှင့်တင်ရေးအသင်း အကြံပေး ဦးဖြိုးဝေရာဇာက ပြောကြားသည်။
10-Feb-2018 tagged as ပညာရေး ထိုင်း
ထိုင်းနိုင်ငံပညာရေးစနစ်တွင် ဝေဖန်မှုတွေ ညံနေလောက်အောင် ကြားနေရသည်။ နိုင်ငံတော်က ကျင်းပနေသည့် O-Net ဟုခေါ်သော Grade 12 တန်းအတွက် Ordinary National Educational Test ကို လေ့လာသုံးသပ်ကြည့်လျှင် အဖြေဖြစ်သည်။
ထိုင်းနိုင်ငံတွင် အိမ်အကူလုပ်ကိုင်ခဲ့ပြီး သေနတ်ဒဏ်ရာဖြင့် သေဆုံးခဲ့သော မြန်မာနိုင်ငံသူ အသက် ၁၆ နှစ်ရှိ ကရင်အမျိုးသမီးငယ်၏ အမှုကို ပြန်စစ်ဆေးနိုင်ရန် ထိုင်းအာဏာပိုင်များထံ တင်ပြခဲ့ရာ ထိုင်းနိုင်ငံ၏ အထူ စုံစမ်းစစ်ဆေးရေးဌာန DSI (Department of Special Investigation) က ပြန်လည်စစ်ဆေးရန် လက်ခံခဲ့ကြောင်း ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံး ဥပဒေအကြံပေးရှေ့နေ ဦးအောင်မျိုးသန့်က ပြောကြားသည်။
ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်း အလုပ်သမားများအတွက် မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ် CI (Certificate Identity) စာအုပ်ကို ထုတ်ပေးလျက်ရှိရာ ၂၀၁၇ ခုနှစ် မေလမှ ၂၀၁၈ ခုနှစ် ဇန်နဝါရီလ ၂၃ ရက်ထိ အဆိုပါစာအုပ်လုပ်ရန် အလုပ်သမား ၄၅၀,၀၀၀ ခန့် ကျန်ရှိနေကြောင်း ဘန်ကောက်ရှိ မြန်မာသံရုံးထံမှ သိရသည်။
မြန်မာနိုင်ငံသားနှစ်ဦး၏ လိပ်ကျွန်းအမှု နောက်ဆုံးအယူခံ ဆုံးဖြတ်ချက်ချရန် ထိုင်းအစိုးရဘက်က လျှောက်လဲချက် မတင်သေးသည့်အတွက် ထိုင်းတရားရုံးက တစ်ရက် ထပ်တိုးပေးလိုက်ကြောင်း အဆိုပါအမှု၏ အထူးစုံစမ်းစစ်ဆေးရေး ကော်မတီဝင် အကြံပေးရှေ့နေ ဦးအောင်မျိုးသန့်က ပြောကြားသည်။
တောမီးလောင်ကျွမ်းမှုကြောင့် မီးခိုးမြူများအုံ့ဆိုင်းကာ လေယာဉ်များဆင်းသက်ရန် အခက်အခဲကြုံနေသည့် ထိုင်း-မြန်မာနယ်စပ် ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့နှင့် ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ နယ်စပ်တစ်လျှောက်တွင် ဇန်နဝါရီလ ၂၀ ရက်မှစတင်ကာ နှစ်နိုင်ငံပူးပေါင်း၍ မီးတားလမ်းများ ဖောက်လုပ်နေကြောင်း တာချီလိတ်မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနထံမှ သိရသည်။