News

POST TAGGED AS

ထိုင်း

ထိုင်းနိုင်ငံရှိ ထန်လွမ်ဂူကွန်ရက်အတွင်း ပိတ်မိနေသော ကျောင်းသားလေး ၁၂ ဦးနှင့် နည်းပြဖြစ်သူကို ကယ်ဆယ်ရန် သူတီထွင်ပေးလိုက်သော ကလေးအရွယ် ထည့်သယ်နိုင်သည့် ရေငုပ်သင်္ဘောငယ်ကို အသုံးမပြုခဲ့သည့်အပြင် အသုံးမတည့်ဟု မှတ်ချက်ပေးခံရမှုအပေါ် နည်းပညာရှင် ဘီလျံနာသူဌေးကြီး အယ်လွန်မက်စ်က တုံ့ပြန်ဝေဖန်မှုများ ပြုလုပ်ခဲ့ကြောင်း Channel News Asia သတင်းဌာနက ဖော်ပြသည်။
ထိုင်းနိုင်ငံရောက် အထောက်အထား မဲ့ မြန်မာအလုပ်သမားများအနက် ၁၀ ရက်အတွင်း လူဦးရေ လေးထောင်ခန့် ဖမ်းဆီးရမိကြောင်း မြဝတီမြို့နယ် အလုပ်သမား ညွှန်ကြားရေး ဦးစီးဌာနမှ ဦးစီးမှူး ဦးတင်နိုင်က ပြောကြားသည်။
ထိုင်းနိုင်ငံရောက် အထောက်အထားမဲ့ တရားမဝင် မြန်မာရွှေ့ပြောင်း လုပ်သား ၁၅၀၀ ခန့်ကို ထိုင်းရဲတပ်ဖွဲ့က သုံးရက်အတွင်း ဖမ်းဆီးထားကြောင်း မြဝတီမြို့နယ် အလုပ်သမား ညွှန်ကြားရေး ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးတင်လှိုင်က ပြောကြားသည်။
မြန်မာနိုင်ငံထဲသို့ တရုတ်နှင့်ထိုင်းနိုင်ငံမှ မှောင်ခိုပစ္စည်းတင်သွင်းမှုများကို ရှမ်းပြည်နယ်အစိုးရက ပြည်နယ်အတွင်းရှိ နယ်စပ်မြို့များတွင် ဇူလိုင်လမှ စတင်ကာ အထူးအဖွဲ့များဖွဲ့စည်းပြီး ဖမ်းဆီးမည်ဖြစ်ကြောင်း ရှမ်းပြည်နယ်အစိုးရအဖွဲ့ ဘဏ္ဍာရေးဝန်ကြီး ဦးစိုင်းရှဲန်တစ်လုံက ပြောသည်။
ထိုင်းနိုင်ငံမြောက်ပိုင်း ဂူဝင်္ကပါထဲတွင် ပိတ်မိနေသော ကျောင်းသားကလေးများနှင့် ဘောလုံးနည်းပြဆရာ စုစုပေါင်း ၁၃ ဦးကို မိုးရေများ ထပ်မဝင်လာခင် ရှာဖွေကယ်ထုတ်နိုင်ရေး ကယ်ဆယ်ရေးအဖွဲ့များက ကြိုးစားနေရာ ပိတ်မိနေဖွယ်ရှိသည့် နေရာသို့ ရောက် လုနီးပါးဖြစ်နေပြီဟု ဘန်ကောက်ပို့စ် သတင်းတစ်ရပ်က ဖော်ပြထားသည်။
ထိုင်းနိုင်ငံအနေနှင့် နိုင်ငံခြားသား အလုပ်သမားများနှင့် ပတ်သက်၍ ဇူလိုင်လ ၁ ရက် (ယနေ့)မှစ၍ တရားမဝင် လုပ်သားများကို စီမံချက်ဖြင့် စတင် ဖမ်းဆီးတော့မည်ဖြစ်၍ အထောက်အထားမဲ့ မြန်မာလုပ်သားများ မဲဆောက်နယ်စပ်ဂိတ်မှတစ်ဆင့် နေရပ်ပြန်သူ တစ်ထောင်နီးပါးရှိကြောင်း မြန်မာသံအရာရှိက ပြောကြားသည်။
ပြီးခဲ့သည့် ဇွန်လ ၂၃ ရက်နေ့ ချင်းရိုင်ဒေသ မယ်ဆိုင်ခရိုင်အတွင်း ဒေသခံလူငယ်ဘောလုံးအသင်းသား ၁၂ ဦးနှင့် နည်းပြတို့ ရှုခင်းကြည့်လေ့လာရေးခရီးသွားခဲ့ကြပြီး အဆက်အသွယ်ပြတ်တောက်ရာမှ အဆိုပါသတင်းကို တစ်ကမ္ဘာလုံးက စိတ်ဝင်တစားစောင့်ကြည့်ခဲ့ကြခြင်းဖြစ်သည်။
ထိုင်း- မြန်မာနယ်စပ် ထိုင်းနိုင်ငံ မယ်ဆိုင်မြို့၌ လိုဏ်ဂူအတွင်း ပျောက်ဆုံးနေသည့် ထိုင်းကျောင်းသားများကို ဇွန်လ၂၈ ရက်နေ့ မွန်းလွဲပိုင်းမှစ၍ မြန်မာဘက်ခြမ်းတွင် မြန်မာနိုင်ငံရှာဖွေ ကယ်ဆယ်ရေးအဖွဲ့က စတင်ကူညီရှာဖွေပေးနေကြောင်း ရှမ်းပြည်နယ်အစိုးရအဖွဲ့ထံမှ သိရသည်။
ထိုင်းနိုင်ငံတွင် တရားမဝင်နိုင်ငံခြားသား အလုပ်သမားများကို ဇူလိုင် ၁ ရက်မှ စတင်အရေးယူမည်ဖြစ်ရာ ဇွန်လအတွင်း အထောက်အထားမဲ့ မြန်မာလုပ်သားများ မဲဆောက်-မြဝတီနယ်စပ်ဂိတ်မှ နေ့စဉ် ၁၀၀ မှ ၃၀၀ ကြား နေရပ်ပြန်လာကြကြောင်း ထိုင်းနိုင်ငံဆိုင်ရာ အလုပ်သမားသံအရာရှိ မဲဆောက်တာဝန်ခံ ဦးအောင်မင်းက ပြောကြားသည်။
ထိုင်းနိုင်ငံမြောက်ပိုင်း မယ်ဆိုင်ခရိုငရှိ တမ်လောင်နန်နွမ်အမည်ရ လိုဏ်ဂူတစ်ခုထဲတွင် ဘောလုံးကစားသမား ၁၁ ဦးနှင့် နည်းပြတစ်ဦးတို့ ပိတ်မိနေသည်ဟု ယုံကြည်ရသောကြောင့် ရှာဖွေရေးနှင့် ကယ်ဆယ်ရေးအဖွဲ့က ၎င်းတို့ကိုတွေ့ရှိရန် ရှာဖွေလျက်ရှိကြောင်း Bangkok Post သတင်းဌာနက ရေးသားဖော်ပြသည်။