POST TAGGED AS

ထိုင်း

22-Jul-2018

မန္တလေး ထိုင်း
ထိုင်းမင်းသမီး သီရိဒုံ၏ ကိုယ်စားလှယ်အဖွဲ့ ဗန်းမော်ကျောင်းတိုက်တွင် ဝါဆိုသင်္ကန်းကပ်

မန္တလေး၊ ဇူလိုင် ၂၂

ထိုင်းနိုင်ငံဘုရင်မင်းမြတ် ဗာဂျီယာလောင်ကွန်၏နှမတော် မဟာချက်ကရီ သီရိဒုံ၏ ကိုယ်စား ထိုင်းတပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ဟောင်းနှင့်အဖွဲ့သည် နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ ဆရာတော်သီတင်းသုံးရာ မန္တလေးမြို့ ဗန်းမော်ကျောင်းတိုက်၌ ဇူလိုင်လ ၂၂ ရက်နေ့က ဝါဆိုသင်္ကန်းကပ်လှူခဲ့ကြသည်။

အဆိုပါဝါဆိုသင်္ကန်းကပ်လှူပွဲကို ထိုင်းတပ်မတော်မှ ကာကွယ်ရေးဦးစီးချုပ်ဟောင်း ဗိုလ်ချုပ်ကြီးဟောင်း ANUTAT BUNNAG၊ ဒုတိယဗိုလ်ချုပ်ကြီး THITINAN UTTAMANG တို့ တက်ရောက်ခဲ့ကြောင်း၊ ဝါဆိုသင်္ကန်းကို ဒုတိယဗိုလ်ချုပ်ကြီး THITINAN UTTAMANG နှင့် Mature Myanmar Group ဥက္ကဋ္ဌ ဦးသက်ဆွေတို့က မန္တလေးတိုင်းသံဃနာယကဥက္ကဋ္ဌ ဆရာတော် ဘဒ္ဒန္တဝိစိတ္တာဘိဝံသထံ ကပ်လှူခဲ့ပြီး ပင့်သံဃာတော် ၂၇ ပါးကိုလည်း နေ့ဆွမ်းများ ဆက်ကပ်လှူဒါန်းခဲ့သည်။

ဝါဆိုသင်္ကန်းကပ်လှူပွဲကို ထိုင်းနိုင်ငံမှ အလှူရှင် ၁၄၀ ကျော်ပါဝင်ခဲ့ပြီး မြန်မာငွေကျပ် သိန်း ၃၄၀ ကျော်တန်ဖိုးရှိမည့် ထိုင်ဘတ်ငွေ ရှစ်သိန်းကျော်လည်း လှူဒါန်းခဲ့ကြောင်း ကိုယ်စားလှယ်အဖွဲ့က ထုတ်ပြန်ခဲ့သည်။

M-05



FOLLOW US