News

POST TAGGED AS

ထီလက်မှတ်

29-Sep-2017

ထီလက်မှတ်
ယခုလအတွင်း ထီအုပ်ရေ နှစ်သောင်းလေးထောင်ကျော် ရောင်းမကုန်
ရန်ကုန်၊ စက်တင်ဘာ ၂၈

အောက်တိုဘာလ ၁ ရက်နေ့တွင် ၇ ကြိမ်မြောက်အဖြစ် ဖွင့်လှစ်မည့် အောင်ဘာလေထီဖွင့်ပွဲအတွက် စက်တင်ဘာလအတွင်း ရောင်းမကုန်သည့် ထီအုပ်ရေသည် ၂၄,၁၈၅ အုပ်ရှိကြောင်း ပြည်တွင်းအခွန်များဦးစီးဌာနက ထုတ်ပြန်သည်။

ထီတစ်အုပ်လျှင် ၁၁ စောင် ပါဝင်သည့်အတွက် စက်တင်ဘာလအတွင်း ရောင်းမထွက်သည့် ထီလက်မှတ်စောင်ရေ ၂၆၆,ဝ၃၅ စောင်ရေ ကျန်ရှိနေခြင်း ဖြစ်သည်။ 

“ခြောက်ကြိမ်မြောက်တုန်းကတော့ မကျန်ဘူး။ ကုန်တယ်။ ငါးကြိမ်မြောက်တုန်းက ကျန်တယ်။ အခုလလည်း ကျန်တာပေါ့” ဟု ပြည်တွင်းအခွန်များဦးစီးဌာန အောင်ဘာလေသိန်းဆုဌာနခွဲမှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

ထိုရောင်းမကုန်သည့် ထီလက်မှတ်များအတွင်းမှ ဆုမဲများ ထွက်ပေါ်လာပါက ရောင်းထွက်ထားသည့် ဆုမဲများကို ပြန်လည်ဖွင့်လှစ်ပေးမည်ဖြစ်ပြီး ယခုလအတွက် ကျပ်သိန်းတစ်သောင်းဆု တစ်ဆုနှင့် ကျပ်သိန်းငါးထောင်ဆု နှစ်ဆု အပါအဝင် ဆုမဲပေါင်း ၁၂၃,၂၀၂ ဆုချီးမြှင့်ပေးမည် ဖြစ်ကြောင်း ယင်းဌာနထံမှ သိရသည်။

၇ ကြိမ်မြောက်တွင် ကျန်ရှိသည့် ထီအုပ်ရေသည် ၅ ကြိမ်မြောက်က ရောင်းမထွက်ဘဲ ကျန်ရှိသည့် ထီအုပ်ရေထက် နည်းပါးပြီး ၅ ကြိမ်မြောက်က ရောင်းမထွက်သည့် ထီအုပ်ရေသည် တစ်သိန်းလေးသောင်းကျော် ရှိကြောင်း ယင်းဌာနထံမှ သိရသည်။ 

ရောင်းမထွက်သည့် ထီလက်မှတ်များမှ ဆုမဲအဖြစ် ထွက်ရှိလာပါက ရောင်းထွက်ပြီး ထီလက်မှတ်များကို အစားထိုး ပြန်ဖွင့်လှစ်ပေးမည် ဆိုခြင်းကြောင့် ထီကံစမ်းသူများအတွက် အခွင့်အရေးကောင်း ဖြစ်ကြောင်း ထီထိုးသူများက မှတ်ချက်ပြုသည်။

S-04



FOLLOW US