News

POST TAGGED AS

ထိုးကြိတ်

အမျိုးသမီးတစ်ဦးကို လက်သီးနှင့်ထိုးခဲ့ကြသူများ ယနေ့အထိဖမ်းမမိသေး
သပိတ်ကျင်း၊ ဇန်နဝါရီ ၃

သပိတ်ကျင်းမြို့နယ် ဇရပ်ကွင်းကျေးရွာမှ အမျိုးသမီးတစ်ဦးကို ဒီဇင်ဘာလ ၃၀ ရက်နေ့ ညပိုင်းတွင် လူတစ်စုက လက်သီးနှင့် ထိုးကြိတ်ခဲ့ကြရာ ကျူးလွန်သူများကို လက်ရှိအချိန်အထိ ဖမ်းမမိသေးကြောင်း ယင်းကျေးရွာ ရဲကင်းမှူး ရဲအုပ်မြင့်သိန်းက ပြောကြားသည်။

အခြေခံပညာ အထက်တန်းကျောင်းရှေ့၌ ဖြစ်ခဲ့သည့် ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ ကာယကံရှင် အမျိုးသမီးကိုယ်တိုင် တိုင်ကြားထားသည့်အတွက် ကျူးလွန်သူများကို ဖမ်းဆီးရမိရေး စုံစမ်းရှာဖွေနေသည်ဟု ၎င်းက ပြောဆိုသည်။

“လက်သီးနဲ့အထိုးခံရတဲ့ အမျိုးသမီးက ဇရပ်ကွင်းကျေးရွာ အမှတ် (၁) ရပ်ကွက်က ဈေးရောင်းတဲ့သူပါ။ သူ့ကိုထိုးခဲ့တဲ့ လူတစ်ယောက်ကိုတော့ သိတယ်။ ကျန်နှစ်ယောက်ကိုတော့ မသိဘူး၊ လူမြင်ရင် မှတ်မိတယ်လို့ ပြောပါတယ်”ဟု ရဲအုပ်က ရှင်းပြသည်။

ဆိုင်ကယ်ဆီထည့်ရန် အမှတ် (၇) ရပ်ကွက်ရှိ ဆီဆိုင်သို့သွားနေစဉ် အရက်သောက်ထားသော လူတစ်စုက တားဆီးခဲ့ရာမှ ဖိုးသားဆိုသူနှင့် အမည်မသိ အမျိုးသားနှစ်ဦးက ထိုးကြိတ်ခဲ့ခြင်းဖြစ်ကြောင်း ကာယကံရှင် ဒေါ်မိုးစန္ဒာက ပြောကြားသည်။

ယင်းသို့ ထိုးကြိတ်ခံရမှုကြောင့် မျက်လုံးနှင့်ဦးခေါင်းတွင် နာကျင်ဒဏ်ရာများ ရရှိခဲ့သည့်အတွက် အမှုဖွင့်ခဲ့ခြင်းဖြစ်သည်ဟု ၎င်းက ပြောဆိုသည်။

လတ်တလောတွင် အမျိုးသမီးတစ်ဦး ကာယိနြေ္ဒပျက်စီးစေရန် ပြုလုပ်ခဲ့ကြသူများကို (ပ) ၂၇၀/၂၀၁၇ ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၃၅၄/၃၂၃/၁၁၄ ရေးဖွင့်ထားပြီး ကျူးလွန်သူများကို စုံစမ်းရှာဖွေလျက်ရှိကြောင်း သပိတ်ကျင်း မြို့မရဲစခန်းထံမှ သိရသည်။              

R-05



FOLLOW US