News

POST TAGGED AS

ထိုင်း

27-Aug-2017 tagged as ထိုင်း
အငြင်းပွားစရာ ဆန်စပါး အစီအစဉ်တွင် အဂတိလိုက်စားမှုနှင့် တာဝန်ပေါ့လျော့မှုများ ရှိခဲ့သည် ဟူသော စွဲချက်များဖြင့် အမှုရင်ဆိုင်နေရသူ ထိုင်းဝန်ကြီးချုပ်ဟောင်း ယင်းလတ်ရှင်နာဝပ်သည် ၎င်း၏အမှုအတွက် နောက်ထပ်ရုံးချိန်းမတိုင်မီ ပြည်ပသို့ ထွက်ပြေးတိမ်းရှောင်သွားပြီ ဖြစ်သည်ဟု သတင်းရင်းမြစ်များက ပြောကြားကြောင်း BBC သတင်းဌာနက ရေးသားဖော်ပြသည်။
25-Aug-2017 tagged as မြန်မာ ထိုင်း
မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်သည် ထိုင်းနှင့် မြန်မာတို့၏ ဆီမီးဖိုင်နယ်ပွဲစဉ်အတွက် လက်မှတ်စောင်ရေ ၂၀၀၀ ပေးဝေသွားရန် စီစဉ်ထားကြောင်း ၎င်းတို့၏ ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက် စာမျက်နှာကတစ်ဆင့် ထုတ်ပြန်အသိပေးထားပြီ ဖြစ်သည်။
25-Aug-2017 tagged as မြန်မာ ထိုင်း
ထိုင်းကို မြန်မာရင်ဆိုင်ဖို့ အကောင်းဆုံးနည်းလမ်းက ခံစစ်ကို အားပြုပြီး တန်ပြန်တိုက်စစ်ကို ထိရောက်စွာ အသုံးချတာပါပဲ။ ထိုင်းဟာ သူနဲ့ တိုက်စစ်ချင်းယှဉ်ပြီး သူဖွင့်ကိုယ်ဖွင့် ကစားရင် ပိုပြီး အကြိုက်တွေ့တတ်ပါတယ်။ ဗီယက်နမ်ဟာ အဲ့ဒီလိုမျိုး ကစားလိုက်လို့ အင်ဒိုနီးရှား၊ အရှေ့တီမောနဲ့ ဖိလစ်ပိုင်တို့ထက် ဂိုးပိုပေးလိုက်ရတာပါ။ အင်ဒိုနီးရှား၊ အရှေ့တီမောနဲ့ ဖိလစ်ပိုင်တို့က ခံစစ်ကိုပိတ်ပြီး မာမာထန်ထန် တုံ့ပြန်ခဲ့တဲ့အတွက် ထိုင်းဟာ လုပ်ချင်သလို လုပ်မရခဲ့ပါဘူး။ အဲ့ဒီသုံးသင်းလုံးဟာ ထိုင်းအသင်း ကစားကွက် တည်မရအောင် အတင်းဝင် အတင်းဖျက်ခဲ့လို့ ထိုင်း အကျပ်တွေ့ခဲ့ရပါတယ်။
ထိုင်းနိုင်ငံတွင် ၂၀၁၄ ခုနှစ်က စစ်အာဏာသိမ်းမှုကြောင့် အမေရိကန်နှင့် ဆက်ဆံရေး ဆိုးဝါးကာ ထိုင်းစစ်အစိုးရနှင့် တရုတ်နိုင်ငံတို့ နီးစပ်သွားပြီးနောက်ပိုင်း အဆင့်မြင့် အမေရိကန် တာဝန်ရှိသူတစ်ဦး၏ ခရီးစဉ်အဖြစ် အင်္ဂါနေ့က ထိုင်းနိုင်ငံသို့ နိုင်ငံခြားရေးဝန်ကြီး တေလာဆန် ရောက်ရှိလာခဲ့သည်
21-Jul-2017 tagged as ထိုင်း ထားဝယ်
ထားဝယ်မြို့တွင် ပတ်စ်ပို့လာလုပ်ပြီး ထိုင်းနိုင်ငံကို ပြန်သွားသည့် မြန်မာနိုင်ငံသား ၂၃ ဦးကို စစ်ဆေးရေးဂိတ်က ဇူလိုင်လ ၁၈ ရက်က ဖမ်းဆီးလိုက်ကြောင်း ဖူးကစ်မြို့ ရွှေ့ပြောင်းအလုပ်သမားများကွန်ရက် (MNP) ထံမှ သိရသည်။
30-Jun-2017 tagged as ထိုင်း
ထိုင်းနိုင်ငံတွင် အထောက်အထားမဲ့ မြန်မာအလုပ်သမားများအား ဖမ်းဆီးမှုကို ဇွန်လ ၃၀ ရက်နေ့မှ စတင်ကာ ရက်ပေါင်း ၁၂၀ ရပ်ဆိုင်းထားမည်ဟု ထိုင်းအစိုးရက အကြောင်းကြားလာကြောင်း အလုပ်သမား ညွှန်ကြားရေး ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးမောင်မောင်ကျော်က ပြောကြားသည်။
09-Jun-2017 tagged as မြန်မာ ထိုင်း
ထိုင်းစစ်တပ်အတွင်းမှ လက်နက်များကို ခိုးထုတ်ကာ မှောင်ခိုရောင်းဝယ်မှု နှစ်ခု ဆက်တိုက်ဖြစ်ပွားပြီး နောက်ပိုင်း ထိုင်း-မြန်မာနယ်စပ်ရှိ လက်နက်ကိုင်များကို ထောက်ပံ့ခြင်း မရှိကြောင်း ထိုင်းစစ်တပ် အကြီးအကဲ ဗိုလ်ချုပ်ကြီး ချာလမ် ချိုင်းစစ်တီဆတ်က ပြောဆိုလိုက်သည်။
ထိုင်းနိုင်ငံမှ ကာရာအိုကေဘားတွင် သီချင်းဆိုသူ တေးသံရှင် အမျိုးသမီးတစ်ဦးကို ရက်စက်စွာ သတ်ဖြတ်ခဲ့ပြီးနောက် အချိန်အတန်ကြာ တိမ်းရှောင်နေခဲ့သည့် ထိုင်းအမျိုးသမီးငယ် သုံးဦးသည် အိမ်နီးချင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ထံတွင် အဖမ်းခံခဲ့ပြီးနောက် ၎င်းတို့ကို ချင်းရိုင်ရှိ ထိုင်းရဲတပ်ဖွဲ့ထံသို့ လွှဲပြောင်းပေးလိုက်ပြီဖြစ်ကြောင်း ဘန်ကောက်အခြေစိုက် The Nation သတင်းစာက ရေးသားဖော်ပြသည်။
12-May-2017 tagged as ထိုင်း
ပတ္ထနီစီရင်စီစု Muang ခရိုင် Big C ဈေးဝယ်စင်တာတွင် ကျောင်းဖွင့်ချိန်မတိုင်မီ လိုအပ်သည်များကို ဝယ်ခြမ်းနေကြသော မိဘများ၊ ကလေးများနှင့် စည်ကားနေချိန်တွင် ပထမ ဗုံးတစ်လုံး စပေါက်ခဲ့သည်။
16-Apr-2017 tagged as ထိုင်း
ထိုင်းယာဉ်စည်းကမ်းထိန်းသိမ်းရေး ရဲတပ်ဖွဲ့သည် ဆောင်ခရန် အားလပ်ရက်ကာလ ပထမ လေးရက်တာအတွင်း လူသေဆုံးမှု အရေအတွက်မှာ ၂၂၆ ဦးအထိ ရှိခဲ့သည်ဟု သတင်းထုတ်ပြန်လိုက်ပြီ ဖြစ်ကြောင်း Bangkok Post က ဖော်ပြထားသည်။