News

POST TAGGED AS

ထိုင်း

ထိုင်းနိုင်ငံ သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာနသည် အာရှဖွံ့ဖြိုးရေးဘဏ် (ADB) မှ ဒေါ်လာ သန်း ၃၀၀ ချေးငှားရန်အတွက် ထိုင်းကက်ဘိနက်သို့ တင်ပြတောင်းဆိုထားသည်။ နိုင်ငံပညာရေးတွင် သိပ္ပံနှင့် နည်းပညာကို တီထွင်မှုများတွင် အားပေးရေးအတွက် ဆောင်ရွက်ရန်ဖြစ်သည်။ ထိုင်းနိုင်ငံတွင် Thailand 4.0 ဆိုသည့် စီမံချက်ကို အထောက်အကူပြု အကောင်အထည်ဖော်ရန်အတွက် ADB မှ ငွေချေးရန် စီစဉ်နေခြင်းဖြစ်သည်။
05-Jan-2018 tagged as ထိုင်း ရေယာဉ်
မြွေတော်ကျွန်း စစ်ဆေးရေးစခန်းရှေ့က မဖြတ်သည့် ပဲ့ချိတ်ရေယာဉ်များကို ၂၀၁၇ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက်က စတင်ခံဝန်ထိုးခိုင်းခဲ့ကြောင်း ကော့သောင်းမြို့နယ် ရေယာဉ်ငယ်ထိန်းသိမ်းရေး အသင်းဥက္ကဋ္ဌ ဦးတင်ဦးက ပြောကြားသည်။
လာမည့် ငါးနှစ်အတွင်း ထိုင်းနိုင်ငံ အစိုးရဌာနအားလုံး၏ ၈၀ ရာခိုင်နှုန်းကျော်၌ e-Documents စနစ်များကို အသုံးချပြီး e-Government စနစ်ကို အပြည့်အဝ အကောင်အထည်ဖော်တော့မည်ဖြစ်ကြောင်း The Nation သတင်းတွင် ဖော်ပြထားသည်။
10-Dec-2017 tagged as မြန်မာ ထိုင်း
မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံတို့အကြား ချစ်ကြည်ရေး သံဃာအပါးနှစ်သောင်း ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို မန္တလေးမြို့၌ ၂၀၁၈ ခုနှစ် ဇန်နဝါရီလကုန်ပိုင်းတွင် ကျင်းပသွားမည်ဖြစ်ကြောင်း ပွဲကျင်းပရေး လုပ်ငန်းကော်မတီထံမှ သိရသည်။
02-Dec-2017 tagged as ထိုင်း
ထိုင်းနိုင်ငံရှိ မဲဆောက်-ဘန်ကောက် သွားရာလမ်းတွင် နိုဝင်ဘာလ ၂၄ ရက်က ကုန်တင်ကားတစ်စီးနှင့် တိုက်မိ၍ သေဆုံးခဲ့သည့် မြန်မာလုပ်သား ၁၃ ဦးအတွက် လျော်ကြေးပေးနိုင်ရန် စတင် ညှိနှိုင်းနေပြီဖြစ်ကြောင်း ထိုင်းနိုင်ငံဆိုင်ရာ မြန်မာအလုပ်သမား သံအရာရှိ ဦးအောင်မိုးခိုင်က ပြောကြားသည်။
30-Sep-2017 tagged as ထိုင်း တရုတ်
တရုတ်နှင့် ထိုင်းနိုင်ငံတို့သို့ တရား မဝင်တင်ပို့မှု လျော့ကျလာခြင်းကြောင့် ရော်ဘာ တင်ပို့မှု ပြန်လည် မြင့်တက်လာကြောင်း မြန်မာနိုင်ငံ ရော်ဘာစိုက်ပျိုး ထုတ်လုပ်သူများအသင်း အထွေထွေ အတွင်းရေးမှူး ဦးခိုင်မြင့်က ပြောကြားသည်။
ထိုင်းဘုရင့်သမီးတော် သီရိဒုံက ပေးအပ်သည့် ထူးချွန်ဆရာဆုကို စစ်ကိုင်း တိုင်းဒေသကြီး ဝက်လက်မြို့နယ် ရွာသာကြီး အထက်တန်းကျောင်းမှ အလယ်တန်းဆင့် အင်္ဂလိပ်စာပြဆရာ ဦးသန်းထွန်းက ရရှိပြီး အောက်တိုဘာလ ၉ ရက်တွင် ထိုင်းနိုင်ငံ ဘန်ကောက်မြို့သို့ သွားရောက်ဆုလက်ခံယူမည်ဖြစ်ကြောင်း ယင်းကျောင်း ကျောင်းအုပ်ဆရာမကြီး ဒေါ်မြအေးက ပြောကြားသည်။
ထိုင်းနိုင်ငံ စက်မှုစီးပွားဌာန (OIE) ၏ ထုတ်ပြန်ချက်အရ စက်မှုနည်းပညာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် စက်ရုပ်များနှင့် အလိုအလျောက် စက်ပစ္စည်းများကို တိုးမြှင့်တပ်ဆင် သုံးစွဲရန်အတွက် ကက်ဘိနက်က အတည်ပြုချက်ကို လက်ခံလိုက်ပြီး အစိုးရအနေနှင့် ဒေါ်လာ ၆ ဘီလီယံ ရင်းနှီးစိုက်ထုတ်ပေးမည် ဖြစ်ကြောင်း South China Morning Post သတင်းတွင် ဖော်ပြထားသည်။
01-Sep-2017 tagged as ထိုင်း
ကာလအတန်ကြာမြင့်စွာ ကွယ်ပျောက်နေခဲ့သည့် ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်က ထိုင်းနိုင်ငံ၏ တရားစီရင်ရေးစနစ်သည် အာဏာရှင်ဆန်သည့် စနစ်တစ်ရပ် ဖြစ်သည်ဟု ဝေဖန်ပြောဆိုလိုက်ကြောင်း Reuters သတင်းဌာနက ရေးသားဖော်ပြသည်။
29-Aug-2017 tagged as ထိုင်း
အမှုရင်ဆိုင်နေရစဉ် ထိုင်းနိုင်ငံတွင်းမှ ပြည်ပသို့ အလွယ်တကူ ထွက်ပြေးတိမ်းရှောင်သွားနိုင်ခဲ့သော ဝန်ကြီးချုပ်ဟောင်း ယင်းလပ်ရှင်နာဝပ်နှင့်ပတ်သက်၍ ၎င်းကိုလိုက်လံဖမ်းဆီးရန် ထိုင်းရဲတပ်ဖွဲ့က ပြင်ဆင်လျက်ရှိကြောင်း The Nation သတင်းစာက ရေးသားဖော်ပြသည်။