News

POST TAGGED AS

ထားဝယ်

11-Nov-2017 tagged as ထားဝယ်
ထားဝယ်ခရိုင်၏ ဧည့်သည်လာရောက်မှု အများဆုံး ပင်လယ်ကမ်းခြေဖြစ်သော မောင်းမကန်ကမ်းခြေတွင် အပျော်စီး ရေဆိုင်ကယ်များ စတင် ငှားရမ်းနေပြီ ဖြစ်သော်လည်း ငှားစီးသူမရှိသလောက် နည်းပါးနေကြောင်း ငွေဇင်ယော် အပျော်စီး ရေယာဉ်ပိုင်ရှင်ထံမှ သိရသည်။
09-Nov-2017 tagged as ထားဝယ်
မွန်ပြည်နယ်တွင် ရပ်/ကျေး အုပ်ချုပ်ရေးမှူးများကို ဒီဇင်ဘာလအတွင်း ပြန်လည် ရွေးချယ်သွားမည်ဟု ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာအေးဇံက ပြောသည်။
08-Nov-2017 tagged as ထားဝယ်
ထားဝယ်မြို့နှင့် ထိုင်းနိုင်ငံ နယ်စပ် ကို ဆက်သွယ်ဖောက်လုပ်ထားသည့် ထီးခီးလမ်းကို အဆင့်မြှင့်ရန်အတွက် ထိုင်းနိုင်ငံ၏ ချေးငွေယူရန် ပြီးခဲ့သည့် အောက်တိုဘာလက ဆုံးဖြတ်လိုက်ပြီ ဖြစ်ကြောင်း တနင်္သာရီ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးက ပြောသည်။
29-Oct-2017 tagged as ထားဝယ်
လာမည့် နိုဝင်ဘာလ ၁၈ ရက်နှင့် ၁၉ ရက်တွင် ထားဝယ် အမျိုးသားညီလာခံတစ်ရပ် ကျင်းပမည်ဖြစ်ကြောင်း ထားဝယ် လူမျိုး စုစည်းမှု ကော်မတီ တာဝန်ရှိသူများထံမှ သိရသည်။
29-Oct-2017 tagged as ထားဝယ်
ထားဝယ်တွင် နှစ်စဉ် ကျင်းပလာခဲ့သည့် တန်ဆောင်တိုင် နှစ်ကျိပ်ရှစ်ဆူဘုရား လှည့်လည်ပူဇော်ပွဲတွင် ပါဝင်ထည့်သွင်းလေ့ရှိသည့် အကယာဉ် (ဒေသအခေါ် ကဖောင်) ဈေးနှုန်းများ ယခုနှစ်တွင် ငွေကျပ် သောင်းဂဏန်း ဈေးပိုလာကြောင်း ထားဝယ်ဒေသရှိ တီးဝိုင်းအချို့ထံမှ သိရသည်။
ဒေသခံ ငါးဖမ်းလှေများအတွက် ကမ်းနီးငါးဖမ်းလိုင်စင်များ အမြန်ချထားပေးရန် တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်အတွင်းရှိ ရေလုပ်သားများက နိုင်ငံတော် သမ္မတထံသို့ စာပေးပို့ အသနားခံထားသော်လည်း ၂ လ ကျော်ကြာမြင့်သည်အထိ တစ်စုံတစ်ရာအကြောင်း ထူးခြားမှု မရှိသေးကြောင်း စုပေါင်း အသနားခံစာ တင်ပြထားသူများထံမှ သိရသည်။
မြန်မာနိုင်ငံ၏ တတိယမြောက် အထူးစီးပွားရေးဇုန် ဖြစ်လာမည့် ထားဝယ် အထူးစီးပွားရေးဇုန်မှ ထိုင်းနိုင်ငံ ဘန်ကောက်မြို့အထိ လေးနာရီသာ ကြာမြင့်မည့် အမြန်လမ်းမ ဖောက်လုပ်မည်ဖြစ်ကြောင်း ထားဝယ် အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှု ကော်မတီ ဒုတိယဥက္ကဋ္ဌ ဦးဖြိုးဝင်းထွန်းက ပြောကြားသည်။
ထားဝယ်တွင် မြေယာပြဿနာနှင့် ပတ်သက်ပြီး ဆန္ဒပြမည့်သူများကို အောက်တိုဘာလ ၁၈ ရက်နေ့ မနက်ပိုင်းတွင် ရဲတပ်ဖွဲ့က တားမြစ်သည့်အတွက် ဆန္ဒပြမည့် အစီအစဉ် ပျက်သွားခဲ့သည်။
16-Oct-2017 tagged as ထားဝယ်
ထားဝယ်ခရိုင်အတွင်းရှိ အသက် ၁၅ နှစ်မှ ၂၄ နှစ်ကြားအရွယ် လူငယ်တစ်ရာဦးလျှင် ခြောက်ဆယ်ဦးမှာ ပြည်ပ ရောက်ရှိနေကြောင်း အောက်တိုဘာလ ၁၁ ရက်နေ့က ထုတ်ပြန်သည့် ကလေးသူငယ်နှင့် လူငယ် အကြောင်းအရာ သုတေသန စာတမ်းအရ သိရသည်။