News

POST TAGGED AS

ထားဝယ်

တနင်္သာရီတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ (TRIC) ဖွဲ့စည်းပြီး အချိန်ရှစ်လအတွင်း ခွင့်ပြုခဲ့သည့် လုပ်ငန်း ၈ ခုအနက် ဟိုတယ်လုပ်ငန်း ထက်ဝက်ပါဝင်ကြောင်း တနင်္သာရီတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီအတွင်းရေးမှူးက ပြောသည်။
26-Feb-2018 tagged as ထားဝယ်
တနင်္သာရီအပတ်စဉ်တွင် ရေးသားဖော်ပြခဲ့သည့် မဲဆွယ်အပြုံးသရော်စာကို တနင်္သာရီတိုင်းအစိုးရက တရားစွဲဆိုထားသည့် အမှုကို ဖေဖော်ဝါရီလ ၂၆ ရက်က ၈ ကြိမ်မြောက် ရုံးချိန်းအဖြစ် တရားလိုဖြစ်သည့် တိုင်းအစိုးရအဖွဲ့ရုံး ဒုတိယညွှန်ကြားရေးမှူး ဦးအေးလူကို စတင်စစ်ဆေးခဲ့သည်။
ထားဝယ် အထူးစီးပွားရေးဇုန်နှင့် ထိုင်းနယ်စပ် ထီးခီးကို ဆက်သွယ်ဖောက်လုပ်ထားသည့် လမ်းအဆင့်မြှင့်ရန် ထိုင်းနိုင်ငံချေးငွေကို လာမည့်သုံးလအတွင်း ရယူမည်ဖြစ်ကြောင်း တနင်္သာရီ တိုင်းဒေသကြီး စီမံကိန်းနှင့်ဘဏ္ဍာရေး ဝန်ကြီးက ပြောကြားသည်။
တနင်္သာရီတိုင်းဒေသကြီးအတွင်း ဆောက်လုပ်ရေးဆိုင်ရာလုပ်ငန်းရှင်များ အသင်းဝင်ကုမ္ပဏီများ တည်ဆောက်ထားသည့် အဆောက်အအုံနှင့် လမ်းများ စံချိန်မီစေရန် ကြီးကြပ်သွားမည်ဖြစ်ကြောင်း အဆိုပါအသင်းထံမှ သိရသည်။
19-Feb-2018 tagged as ထားဝယ် လမ်း
ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့အနီးရှိ စုံစင်ဖျားရွာမှ ထိုင်းနိုင်ငံနယ်စပ် ထီးခီးအထိ ဆက်သွယ်မည့်လမ်းကို လာမည့်ဘဏ္ဍာရေးနှစ်တွင် စတင်ဖောက်လုပ်ရန် လျာထားကြောင်း လမ်းဦးစီးဌာန တနင်္သာရီတိုင်းဒေသကြီး ဦးစီးမှူးက ပြောသည်။
ထားဝယ် ပိန္နဲတောရပ်ကွက်အတွင်း တည်ဆောက်ထားသည့် အစိုးရအငှားအိမ်ရာတွင် နေရာချထားပေးမည့် ကျူးကျော်များအား ကော်မတီတစ်ရပ် ဖွဲ့စည်းပေးသွားမည်ဖြစ်ကြောင်း ထားဝယ်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးလင်းသန့်ထံမှ သိရသည်။
ထားဝယ်မြစ်ကိုဖြတ်ကာ ထားဝယ်မြို့နယ်နှင့် လောင်းလုံးမြို့နယ်ကို ဆက်သွယ်တည်ဆောက်ထားသည့် လက်ရှိတံတားနှင့်အပြိုင် တံတားအသစ်တစ်စီးကို လာမည့် ဘဏ္ဍာရေးနှစ်တွင် ဆောက်လုပ်ရန်လျာထားကြောင်း တနင်္သာရီတိုင်းဒေသကြီး လမ်းဦးစီးဌာန တိုင်းဦးစီးမှူးက ပြောသည်။
လောင်းလုံးမြို့နယ် နခံတောကျေးရွာရှိ ရပ်ခံတောင်စေတီတော် ဘုရားပွဲတွင် LED မီးလုံးရေ သန်းတစ်ရာဖြင့် အလှဆင်ထားသည့် မီးပွဲတော်တစ်ခု ထည့်သွင်းကျင်းပမည်ဖြစ်ကြောင်း ရပ်ခံတောင်စေတီ ဂေါပကအဖွဲ့ထံမှ သိရသည်။
ထားဝယ်မြို့ ကမ်းနားလမ်းကို အဆင့်မြှင့်မည့်စီမံကိန်း စတင်ပြီးနောက် အဆိုပါလမ်းရှိ အိမ်၊ ခြံနှင့် မြေကွက်များကို ဝယ်လိုသူများကာ စိတ်ဝင်စားမှုမြင့်တက်နေကြောင်း တနင်္သာရီတိုင်းဒေသကြီး အိမ်၊ ခြံ၊ မြေ ဝန်ဆောင်မှုအသင်း အတွင်းရေးမှူးက ပြောသည်။
ကျူးကျော်များအတွက် ထားဝယ်မြို့နှင့် မြိတ်မြို့တွင် ဆောက်လုပ်ထားသည့် အငှားအိမ်ရာအခန်းများကို တစ်လလျှင် ကျပ်သုံးသောင်းခွဲနှုန်းဖြင့် ငှားရမ်းသွားမည်ဖြစ်ကြောင်း တနင်္သာရီတိုင်းဒေသကြီး စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးက ပြောကြားသည်။