News

POST TAGGED AS

ထားဝယ်

ထားဝယ်မြို့အတွင်း သဲကျောက်တင်ကား၊ မြေကားနှင့် အမှိုက်ကားများ လမ်းမပေါ်ဖိတ်စဉ်ပါက အနည်းဆုံးငွေ ကျပ်ငါးသောင်း ဒဏ်ရိုက်မည်ဖြစ်ပြီး နောက်တစ်ကြိမ်ထပ်ဖြစ်ပါက ဆတိုး ဒဏ်ရိုက်တော့မည်ဖြစ်ကြောင်း ထားဝယ်မြို့နယ် စည်ပင်သာယာရေးကော်မတီ အတွင်းရေးမှူးက ဆိုသည်။
မလေးရှားမူးယစ်အမှု၏ ကွင်းဆက်တရားခံဆိုသည့် အောင်လွင် (ခ) ထားဝယ်ကြီးကို ဇူလိုင်လ ၁၂ ရက်နေ့က ထားဝယ်ခရိုင် တရားရုံးတွင် စတင်တရားစွဲဆိုလိုက်သည်။
အာဆီယံတွင် အဓိကအချက်အချာ ဒေသတစ်ခုဖြစ်လာမည့် ထားဝယ်အထူး စီးပွားရေးဇုန်ကို ယခုနှစ် ပွင့်လင်းရာသီတွင် စတင်ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း ထားဝယ်အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီ ဒုတိယဥက္ကဋ္ဌ ဦးဖြိုးဝင်းထွန်းက ပြောကြားသည်။
ထားဝယ်မြို့ရှိ တိုင်းဒေသကြီးလွှတ်တော်ဝင်းနံဘေးတွင် တည်ဆောက်နေသည့် အာဇာနည်ကျောက်တိုင်နှင့်ရင်ပြင်ကို အာဇာနည်နေ့အမီ အပြီးတည်ဆောက်မည်ဖြစ်ကြောင်း လမ်းဦးစီးဌာန တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူး ဦးဝင်းမင်းထွဋ်က ပြောသည်။
ထားဝယ်မြို့တွင် နေထိုင်သည့် အသက် ၅၀ ကျော်အရွယ် လုပ်ငန်းရှင် အမျိုးသားတစ်ဦးကို ဇွန်လ ၁၂ ရက်ညက မူးယစ်ဆေးမှုဖြင့် ဖမ်းဆီးလိုက်သည်။
06-Jun-2018 tagged as ထားဝယ်
ထားဝယ်ခရိုင်အတွင်းရှိ ထိုင်း- မြန်မာ နယ်စပ်တစ်ခုဖြစ်သည့် ထီးခီးနယ်စပ်တွင် ဌာနဆိုင်ရာအရာရှိအချို့က KNU တပ်ဖွဲ့နှင့်ပေါင်းကာ အဂတိလိုက်စားသည် ဟုဆိုကာ ပြီးခဲ့သည့် ဧပြီလက နိုင်ငံတော် သမ္မတထံ တိုင်ကြားထားမှုကို ယခုဇွန်လလယ်ပိုင်းတွင် အပြီးစစ်ဆေးမည်ဖြစ်ကြောင်း ထားဝယ်ခရိုင် အုပ်ချုပ်ရေးမှူး ဦးမောင်မောင်ဇင်က ပြောသည်။
ထားဝယ်မြို့နယ် အားကစားနှင့် ကာယပညာကော်မတီဥက္ကဋ္ဌဖလား ရပ်ကွက်/ကျေးရွာ ဘောလုံးပြိုင်ပွဲတွင် ကွင်းဝင်ကြေးကောက်ခံသည့် လုပ်ငန်းအတွက် အိတ်ပိတ်တင်ဒါလျှောက်လွှာများကို ဇွန်လ ၂ ရက်နေ့တွင် စတင်လျှောက်ထားနိုင်ကြောင်း ထားဝယ်မြို့နယ် အားကစားမှူး ဦးသန်းဇော်မိုးက ပြောသည်။
ထားဝယ်အကျဉ်းထောင်တွင် သတင်းစာနှင့် ဂျာနယ်အချို့ကို လွယ်ကူစွာ ဖတ်ခွင့်ပြုရန် အပါအဝင် အကြံပြုချက် ၁၁ ချက်ကို မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်က မေလ၂၅ ရက်တွင် ထုတ်ပြန်လိုက်သည်။
တရားရုံးများ အမှုစစ်ဆေးမှု မြန်ဆန်လာရေးအတွက် ရှေ့ပြေးတရားရုံးစနစ်ကို ထားဝယ်ခရိုင်နှင့် ထားဝယ်မြို့နယ် တရားရုံးတို့တွင် လာမည့် ဩဂုတ်လ ၁ ရက်မှစ၍ အကောင်အထည်ဖော်တော့မည်ဖြစ်ကြောင်း တနင်္သာရီတိုင်းဒေသကြီး တရားလွှတ်တော်ထံမှ သိရသည်။
ထားဝယ်ခရိုင်အတွက် လျှပ်စစ်ထုတ်လုပ်ခြင်း၊ ဖြန့်ဖြူးခြင်းလုပ်ငန်းများ လုပ်ကိုင်ရန်အတွက် ယခုမေလအတွင်း တင်ဒါပြန်ခေါ်မည်ဖြစ်ကြောင်း တနင်္သာရီတိုင်းဒေသကြီး လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီး ဦးကြည်လှိုင်က ပြောသည်။