News

POST TAGGED AS

ထန်းပင်

ပုဂံဘုရားများ ဂေါပကအဖွဲ့ ပြန်ဖွဲ့
မန္တလေး၊ မေ ၃၀

ပုဂံရှေးဟောင်းယဉ်ကျေးမှု နယ်မြေအတွင်းရှိ ဘုရားများ ဂေါပကအဖွဲ့သစ်များ ပြန်လည်ရွေးချယ်ဖွဲစည်းလျက်ရှိကြောင်း ညောင်ဦးခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးခင်ဇော်က ပြောကြားသည်။ 

“အရင်တုန်းက ဂေါပကစည်းမျဉ်း စည်းကမ်းဆိုတာမရှိဘူး။ မရှိတော့ သက်တမ်းလည်းမရှိဘူး။ ရပ်ရွာဓလေ့အရ ဖွဲ့ခဲ့ကြတာ။ ခုက နိုင်ငံတော် သံဃမဟာနာယက ညွန်ကြားလွှာ ၃၆ နဲ့အညီ စည်းမျဉ်းစည်းကမ်းတွေရှိလာပြီ။ ဂေါပကတစ်ဖွဲ့ သက်တမ်းက လေးနှစ်ပဲ”ဟု ၎င်းက ရှင်းပြသည်။

ပုဂံရှေးဟောင်းယဉ်ကျေးမှု နယ်မြေအတွင်း ဂေါပကအဖွဲ့ရှိသည့်ဘုရား ၁၇ ဆူရှိပြီး ဂေါပကအဖွဲ့ ရွေးချယ်ခြင်းလုပ်ငန်းများကို ဇန်နဝါရီလက စတင်လုပ်ဆောင်ခဲ့ရာ လက်ရှိတွင် ဗူးဘုရားနှင့် ရွှေစည်းခုံဘုရားတို့သာ ဖွဲ့စည်းနိုင်သေးကြောင်း၊ ကျန်ဘုရားများအတွက် ဆက်လက်ရွေးချယ်ဖွဲ့စည်းမည်ဖြစ်ကြောင်း ညောင်ဦးခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနထံမှ သိရသည်။

“ကျွန်တော်တို့တော့ ဘယ်အချိန်လာမယ်မသိသေးဘူး။ ဒီလိုလုပ်လိုက်တော့ တကယ်လုပ်မယ့် ပုဂ္ဂိုလ်တွေကျန်မှာပေါ့။ နောက်လာမယ့် အသစ်တွေအနေနဲ့ စေတနာ၊ ဝါသနာ၊ အနစ်နာခံပြီးလုပ်နိုင်မယ့် ပုဂ္ဂိုလ်တွေလာရင်ကောင်းတယ်”ဟု ထီးလိုမင်းလို ဘုရားဂေါပကအဖွဲ့ အတွင်းရေးမှူး ဦးတင်လှဦးက ပြောကြားသည်။

ဂေါပကအဖွဲ့များ ပြန်လည်ရွေးချယ်ရာတွင် ခရိုင်သာသနာရေးမှူးဦးဆောင်သည့် ကြီးကြပ်ရေးအဖွဲ့က လျှောက်လွှာခေါ်ယူကာ လျှောက်ထားသူများစာရင်းကို မြို့နယ်သံဃနာယကထံသို့ ပေးပို့ရပြီး မြိုနယ်သံဃနာယကနှင့် သက်ဆိုင်ရာ ဘုရားများမှ ဩဝါဒါစရိယ ဆရာတော်များက စိစစ်ရွေးချယ်ပေးနေခြင်းဖြစ်သည်။  

M-05



FOLLOW US