News

POST TAGGED AS

ထန်းပင်

24-Jun-2018 tagged as ထန်းပင်
ခေတ်အဆက်ဆက် ထန်းသမားတို့၏ ဘဝပြောင်းလဲမှု မရှိသေးသော်လည်း ထန်းတောတို့၏အနေအထားကပြောင်းလဲနေပြီဖြစ်သည်။ ထန်းပင်တစ်ပင်အရွယ်ရောက်ရန် ဆယ်စုနှစ်များစွာကြာမြင့်သည်။ သို့သော်လည်း အညာဒေသတွင် ပေါ်ပေါက်နေသော ထန်းပင်အရေအတွက် အများအပြားကို ရောင်းချရန်အတွက် စက်လွှဖြင့် တိုက်ဖြတ်ခုတ်လှဲခြင်းအတွက်မူ နာရီအနည်းငယ်သာလိုအပ်မည်ဖြစ်သည်။
01-Jun-2018 tagged as ပုဂံ ထန်းပင်
ပုဂံ-ညောင်ဦးနှင့် ကျောက်ပန်းတောင်းဒေသရှိ ထန်းပင်များကို စီးပွားဖြစ် ခုတ်လှဲခြင်းမလုပ်ရန် တားမြစ်ထားကြောင်း ကျောက်ပန်းတောင်းမြို့နယ် မဲဆန္ဒနယ်မှ မန္တလေးတိုင်းလွှတ်တော် ကိုယ်စားလှယ် ဦးအေးခိုင်က ပြောကြားသည်။
06-May-2018 tagged as ထန်းပင်
ရုပ်ရှင်သရုပ်ဆောင် အကယ်ဒမီ ဝတ်မှုံရွှေရည်နှင့် ပရဟိတမင်းသားကြီး ကျော်သူတို့က ထန်းပင်များကို ကာကွယ်စောင့်ရှောက် ထိန်းသိမ်းစေလိုကြောင်း တိုက်တွန်း ပြောကြားလိုက်သည်။
ကျောက်ပန်းတောင်းမြို့နယ် ရွာတန်းရှည်ကျေးရွာ၌ မေလ ၆ ရက်နေ့တွင် ထန်းနှင့် ဝါးဆိုင်ရာ အသိပညာပေးဟောပြောပွဲနှင့် ထန်းတက်တောင်သူဘဝမြှင့်တင်ရေး လက်မှုပညာ ရက်တိုသင်တန်းဖွင့်မည်ဖြစ်ကြောင်း တော်ဝန်ထန်းအဖွဲ့ထံမှ သိရသည်။
မန္တလေးတိုင်းလွှတ်တော် သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ရေး ကော်မတီက ကျောက်ပန်းတောင်း မြို့နယ်အတွင်း ထန်းပင်များ ခုတ်လှဲရောင်းချနေသောဒေသများသို့ ကွင်းဆင်းစစ်ဆေးမည်ဖြစ်ကြောင်း ယင်းကော်မတီဥက္ကဋ္ဌ ဦးအေးခိုင်က ပြောကြားသည်။
အညာဒေသ၏ ပြယုဂ်ဖြစ်သော ထန်းပင်များကို ရာနှင့်ချီ၍ ခုတ်လှဲရောင်းချထားပြီးဖြစ်သော်လည်း တစ်ထောင်ကျော်ခန့်အထိ ဆက်ခုတ်ပေးရန် ကျန်ရှိနေသေးကြောင်း ကျောက်ပန်းတောင်းမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးအေးခိုင်က ဆိုသည်။