News

POST TAGGED AS

ထန်းတပင်မြို့နယ်

ထန်းတပင်မြို့နယ်၊ ဒိတ်ကုန်းကျေးရွာ အုပ်စု၊ ပေါက်တန်းကျေးရွာ၊ ကွက်သစ်ရပ်ကွက်ရှိ နေအိမ်တစ်လုံးတွင် မေလ ၁၉ ရက် နံနက် ၂ နာရီခွဲခန့်က သားအမိနှစ်ဦး ဓားထိုးခံခဲ့ရကာ အသက် ၃၉ နှစ်အရွယ် မိခင်ဖြစ်သူသေဆုံးသွားကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ထံမှ စုံစမ်းသိရသည်။
ထန်းတပင်မြို့နယ်၊ အနောက်ပိုင်း တက္ကသိုလ်လမ်းတွင် ဧပြီလ ၂၈ ရက် နံနက် ၇ နာရီက အထည်ချုပ် စက်ရုံ ကြို/ ပို့ ယာဉ်တစ်စီး အရှိန်လွန်ကာ တိမ်းမှောက်ရာမှ ယာဉ်ပေါ်လိုက်ပါလာသည့် စက်ရုံဝန်ထမ်း အမျိုးသမီးတစ်ဦး သေဆုံးကာ ၁၀ ဦးမှာ ထိခိုက်ဒဏ်ရာများ ရခဲ့ကြောင်း ယာဉ်ထိန်းရဲတပ်ဖွဲ့ထံမှ သိရသည်။
ထန်းတပင်မြို့နယ်၊ အလိမ်လည်ကျေးရွာအုပ်စုရှိ စစ်ပင်ကိုင်းကျေးရွာတွင် မတ်လ ၃၁ ရက် မွန်းလွဲပိုင်းက ကြက်တိုက်လောင်းကစား ပြုလုပ်နေသည့်အဖွဲ့မှ အမျိုးသား ၈ ဦးကို ဖမ်းမိခဲ့ပြီး အခင်းဖြစ်ရပ်အနီးတွင် တွေ့ရှိခဲ့သည့် မော်တော်ယာဉ် ၅ စီးနှင့် မော်တော်ဆိုင်ကယ် ၁၅ စီးတို့ကို သိမ်းဆည်းခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှသိရသည်။