News

POST TAGGED AS

တရုတ်

21-Mar-2018 tagged as သမ္မတ တရုတ်
တရုတ်ပြည်သူ့ကွန်ဂရက် လွှတ်တော်ပိတ်ပွဲအခမ်းအနားတွင် ပြောကြားခဲ့သော သမ္မတရှီကျင့်ဖျင်၏ မိန့်ခွန်းမှာအမျိုးသားရေး လေသံလွှမ်းမိုးနေပြီး တရုတ်နိုင်ငံသည် နိုးထလာသည့် ကမ္ဘာ့အင်အားကြီး နိုင်ငံဖြစ်လာပြီဟု သုံးသပ်ပြောကြားခဲ့ကြောင်း BBC သတင်းဌာနက ဖော်ပြထားသည်။
19-Mar-2018 tagged as သမ္မတ တရုတ်
တရုတ်ကွန်မြူနစ်ပါတီ၏ အမျိုးသားပြည်သူ့ကွန်ဂရက်က သမ္မတရှီကျင့်ဖျင်၏ ဒုတိယငါးနှစ်သက်တမ်းကို စနေနေ့က တစ်ခဲနက်ထောက်ခံ အတည်ပြုလိုက်သည်ဟု DW သတင်းတွင် ဖော်ပြထားသည်။
ဒေသတွင်း၌ တရုတ်နိုင်ငံ၏ လွှမ်းမိုးမှုနှင့် အကျိုးစီးပွား ကြီးထွားလာမှုကြောင့် ကမ္ဘာလုံးဆိုင်ရာ မဟာဗျူဟာဟန်ချက် ပြောင်းလဲကာ အရှေ့တောင်အာရှ နိုင်ငံများအကြား စိုးရိမ်တကြီးတုံ့ပြန်မှုများ ဖြစ်ပေါ်လာစေသည်ဟု စင်ကာပူဝန်ကြီးချုပ် လီရှန်လွန်းက ပြောကြားလိုက်ကြောင်း CNA သတင်းတွင် ဖော်ပြထားသည်။
တရုတ်နိုင်ငံရေးစနစ်မှာ ရာသက်ပန်ခေါင်းဆောင် စနစ်တစ်ရပ် ပေါ်ထွန်းလာတာဟာ ခုချိန်မှာ အံ့အားသင့်စရာပါ။ ကျွန်တော်တို့ဟာ ရာသက်ပန်အာဏာရှင်စနစ်ကို ဆန့်ကျင်ခဲ့ကြပါတယ်။ အာဏာကို သေတပန်သက်တစ်ဆုံး ဖက်တွယ်ထားခဲ့ကြတဲ့ ခေါင်းဆောင်တွေ ကမ္ဘာမှာ ပေါ်ထွန်းခဲ့ပြီးပါပြီ။ ဒီလို ထာဝရအာဏာရှင် ခေါင်းဆောင်တွေကြောင့် တိုးတက်ထွန်းကားသွားတဲ့ နိုင်ငံမတွေ့ဖူးသေးပါဘူး။
17-Mar-2018 tagged as ပညာရေး တရုတ်
တရုတ်နိုင်ငံ ဘေဂျင်းတွင် ဆောင်းရာသီ ဖြစ်သည်။ ရမ်းလီသည် မနက် ၃ နာရီထိုးကို အိပ်ရာက လူးလဲထလိုက်သည်။ တစ်ညလုံး သုံးလအရွယ် သူ့သမီးကို စောင့်ရှောက်ရသဖြင့် နွမ်းနယ်နေသော်လည်း မနက် ၇ နာရီထိုးတွင် အလုပ်သွားရန် ပြင်ဆင်ရမည်။ အိပ်ရာကနိုးသော်လည်း အသက် ၃၈ နှစ်အရွယ် ဆရာဝန်မသည် ကော်ဖီမသောက်သေး။ ဖုန်းကိုယူပြီး ဖွင့်လိုက်ကာ မနားတမ်းသုံးနေမိတော့သည်။
15-Mar-2018 tagged as နည်းပညာ တရုတ်
တရုတ်နိုင်ငံမှ တင်ပို့သောနည်းပညာနှင့် တယ်လီဖုန်းဆက်သွယ်ရေးဆိုင်ရာ သွင်းကုန်များအပေါ် အခွန်တိုးမြှင့်သတ်မှတ်ရန် ဒေါ်နယ်ထရမ့် အစိုးရက စဉ်းစားလျက်ရှိသည်ဟု DW သတင်းတွင်ဖော်ပြထားသည်။
တရုတ်ပြည်သူ့သမ္မတနိုင်ငံကို စီးပွားရေးနှင့် စစ်ရေးဆူပါပါဝါဖြစ်စေရေး ရည်မှန်းချက်ဖြင့် အကြွင်းမဲ့အာဏာကို တရုတ်သမ္မတ ရှီကျင့်ဖျင်လက်ထဲသို့ ထည့်နိုင်ရေးအတွက် သမ္မတသက်တမ်းသတ်မှတ်ချက် ပယ်ဖျက်ခြင်းကို တရုတ်ပါလီမန်အမတ်များက ဆောင်ရွက်ပေးလိုက်ပြီဖြစ်ကြောင်း AFP သတင်းက ဖော်ပြထားသည်။
ဗဟန်းမြို့နယ်၊ ရွှေဂုံတိုင်ရပ်ကွက်၊ ကမ္ဘာအေးဘုရားလမ်းတွင် မတ်လ ၁၀ ရက် ညသန်းခေါင်အချိန်က ပလက်ဖောင်းပေါ် တစ်ဦးတည်း လမ်းလျှောက်လာသည့် တရုတ်နိုင်ငံသား အမျိုးသားတစ်ဦးကို ဝိုင်းထိုးကြိတ်ပြီး လက်ကိုင်ဖုန်း လုယူထွက်ပြေးသည့် အမျိုးသားသုံးဦးကို နာရီပိုင်းအတွင်း ဖမ်းမိခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ထံမှ သိရသည်။
ယခု ၂၀၁၈ ခုနှစ်အတွင်း ကာကွယ်ရေးအသုံးစရိတ်အတွက် ၈ ဒသမ ၁ ရာခိုင်နှုန်း တိုးမြှင့်သွားမည်ဖြစ်သည်ဟု တရုတ်ပြည်သူ့သမ္မတနိုင်ငံက တရားဝင် ထုတ်ပြန်ကြေညာလိုက်ကြောင်း CNA သတင်းဌာနက ရေးသားဖော်ပြသည်။
28-Feb-2018 tagged as ကလေးငယ် တရုတ်
ဓာတ်လှေကားအတွင်း အပေါ့စွန့်သည့် ကလေးငယ်ဗီဒီယိုဖိုင်ကို တရုတ်နိုင်ငံပိုင် မီဒီယာကထုတ်ပြန်ခဲ့ပြီး မိဘများ ပိုမိုဂရုစိုက် ထိန်းကျောင်းရန် လိုအပ်ပုံကိုသတိပေးခဲ့သည်ဟု BBC သတင်းဌာနက ဖော်ပြသည်။