News

POST TAGGED AS

တရုတ်

ဒေါ်နယ်ထရမ့်အစိုးရသည် တရုတ်နည်းပညာနှင့် ပို့ဆောင်ရေး ထုတ်ကုန် ၁၃၀၀ ခန့်အပေါ် အခွန် ဒေါ်လာ ၅၀ ဘီလီယံ ချမှတ်ရန် ကြေညာခြင်းအားဖြင့် တရုတ်နိုင်ငံနှင့် ကုန်သွယ်ရေး ထိပ်တိုက်ရင်ဆိုင်မှု ပြုလုပ်လိုက်သည်ဟု DW သတင်းတွင် ဖော်ပြထားသည်။
ပြည်တွင်းထွက် ကြက်သွန်နီများကို တရုတ်နိုင်ငံက ပြန်လည်ဝယ်ယူနေပြီဖြစ်သော်လည်း လတ်တလောတွင် ကြက်သွန်ဈေးအေးနေသေးကြောင်း မန္တလေးမြို့ခံ ကြက်သွန်နီ ရောင်းဝယ်ရေးလုပ်ငန်းရှင်အချို့ထံမှ သိရသည်။
တရုတ်၏ ပုံစံငယ် အာကာသစခန်း ထျန်ကုန်း-၁ (နတ်ဘုံနန်း-၁) သည် ဧပြီလ ၂ ရက်နေ့တွင် ကမ္ဘာ့လေထုတွင်းသို့ ပြန်လည်ဝင်ရောက်လာခဲ့ပြီး တောင်ပစိဖိတ် သမုဒ္ဒရာအထက် ဝေဟင်တွင် လောင်ကျွမ်းပျက်စီးသွားခဲ့ကြောင်း တရုတ်အာကာသ အေဂျင်စီတာဝန်ရှိသူများက ထုတ်ပြန်ခဲ့ကြောင်း Reuters သတင်းဌာနက ဖော်ပြသည်။
သက်တမ်းကုန်သွားပြီဖြစ်သော တရုတ်အာကာသစခန်းတစ်ခုသည် ယခင်က ခန့်မှန်းထားသည်ထက် ဆောလျင်စွာ ကမ္ဘာပေါ်သို့ ပြန်လည်ကျရောက်လာမည်ဖြစ်ကြောင်း ဥရောပ အာကာသအေဂျင်စီ ESA က ထုတ်ပြန်လိုက်သည်။
31-Mar-2018 tagged as ပညာရေး တရုတ်
နိုင်ငံတကာတွင် ကလေးများအား အိမ်စာလျှော့ပေးရန် တောင်းဆိုနေကြချိန်၊ ဖင်လန်တွင် လုံးဝအိမ်စာပေးခြင်းမပြုချိန်တွင် တရုတ်မိဘတွေက မိမိတို့သားသမီးများကို အိမ်စာပေးခြင်း လျော့နည်းလာသည့်အပေါ် ပြစ်တင်ဝေဖန်မှုများ ပြုနေကြပြီဖြစ်သည်။ ကျောင်းများတွင် အိမ်စာကိုလျှော့လိုက်လျှင် အချိန်ပိုအလုပ်လုပ်နေသော ကျူရှင်လုပ်ငန်းကြီးတစ်ခုက ထိုးရပ်သွားနိုင်သည်။ ထို့ကြောင့် ကျောင်းပြီးလျှင် ကျူရှင်အပို့ပြိုင်နေကြသည့် မိဘတွေကလည်း ဘာလုပ်လို့ လုပ်ရမှန်းမသိ ဖြစ်ကုန်ကြသည်။
တရုတ်-မြန်မာ စီးပွားရေးစင်္ကြံလမ်း စီမံကိန်းတွင်ပါဝင်သည့် အခြေခံအဆောက်အဦကဏ္ဍအတွက် ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံမှုများ ဖိတ်ခေါ်သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် အတွင်းရေးမှူး ဦးအောင်နိုင်ဦးက ပြောကြားသည်။
တရုတ်ပြည်သူ့သမ္မတ နိုင်ငံနှင့် အမေရိကန်ပြည်ထောင်စုတို့အကြား ပြင်းထန်လာသည့် ကုန်သွယ်ရေးစစ်ပွဲက ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးအပေါ်တွင် ဆိုးရွားသည့် ဂယက်ရိုက်ခတ်မှုရှိစေမည် ဖြစ်သည်ဟု ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ (WTO) က သတိပေးပြောကြားလိုက်ကြောင်း BBC သတင်းဌာနက ရေးသားဖော်ပြသည်။
တရုတ်နှင့် တောင်ကိုရီးယားနိုင်ငံပိုင် မီဒီယာများ၏ အတည်ပြုရေးသားချက်များအရ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းသည် မြို့တော်ဘေဂျင်း၌ တရုတ်သမ္မတ ရှီကျင့်ဖျင်နှင့် တွေ့ဆုံခဲ့ကြောင်းနှင့် ထိုသို့တွေ့ဆုံရာတွင် မြောက်ကိုရီးယား ကွန်မြူနစ်အစိုးရအနေနှင့် နျူကလီးယား ဖြုတ်သိမ်းရေးကိစ္စကို လုပ်ဆောင်သွားရန် ဆုံးဖြတ်ထားပြီဖြစ်သည်ဟူသော အချက်ကို ကင်ဂျုံအန်းက သမ္မတရှီကျင့်ဖျင်အား အသိပေးပြောကြားလိုက်ကြောင်း DW သတင်းဌာနက ရေးသားဖော်ပြသည်။
27-Mar-2018 tagged as မြန်မာ တရုတ်
တတိယအရာမှာ အခြားမဟုတ်ပါ။ ပြီးခဲ့သည့်ရက်များအတွင်း ကျင်းပခဲ့သည့် တရုတ်-မြန်မာ သုတေသန အစီရင်ခံစာကို ရှင်းလင်းသည့် မိတ်ဆက်ပွဲတစ်ခုတွင် တရုတ်က မြန်မာနိုင်ငံအကြောင်းကို လေ့လာနေသည်မှာ နှစ်ပေါင်း အတန်ကြာပြီဖြစ်ကြောင်း ပြောပြသွားသည်။ ထို့အတွက် မြန်မာ့ဘက်မှလည်း တရုတ်အကြောင်းကို စနစ်တကျ ကျယ်ပြန့်စွာ လေ့လာကြဖို့ လိုအပ်နေပါသည်။
မြန်မာနိုင်ငံသို့ တရုတ်နိုင်ငံမှခရီးသွားဧည့်သည်များ ဝင်ရောက်မှုမြင့်တက်ရန် ခရီးသွားဈေးကွက် စစ်တမ်းကောက်ယူရန် စီစဉ်နေကြောင်း မြန်မာ-တရုတ် ခရီးသွားမြှင့်တင်ရေး ကော်မတီဥက္ကဋ္ဌ ဦးအုန်းမြင့်က ပြောကြားသည်။