News

POST TAGGED AS

တရုတ်

မေလအတွင်း တရုတ်နှင့် စင်ကာပူနိုင်ငံတို့က ပြည်တွင်း၌ ရင်းနှီးမြှုပ်နှံမှု အများဆုံးဝင်ရောက်ပြီး ပမာဏမှာ အမေ ရိကန်ဒေါ်လာ သန်း ၃၀ နီးပါးရှိကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာနထံမှ သိရသည်။
02-Jun-2018 tagged as ပညာရေး တရုတ်
၂၀၁၇ ခုနှစ်ကတည်းက တရုတ်ခေါင်းဆောင်များသည် လာမည့် ၂၀၃၀ ပြည့်နှစ်တွင် AI သုတေသနလုပ်ငန်းများ၌ ကမ္ဘာကို ဦးဆောင်နိုင်သည့် နိုင်ငံကြီးတစ်နိုင်ငံဖြစ်နေရမည်ဆိုသည် Masterplan ကို ချမှတ်ထားသည်။ ထိုလမ်းပြမြေပုံကို ရေးဆွဲထားပြီးနောက် တရုတ်လူ့ဘောင်အဖွဲ့အစည်းတွင် AI (Artificial Intelligence) ကို မည်သို့ထည့်သွင်းမည်နည်း၊ မြို့ပြစက်မှုလုပ်ငန်းများတွင် AI ကို မည်သို့ထည့်သွင်းအသုံးချမည်နည်း ဆိုသည်တို့ကိုလည်း လေ့လာဆန်းစစ်နေကြသည်။
မြန်မာ-တရုတ် နှစ်နိုင်ငံနယ်စပ်တွင် အထူးစီးပွားရေးဇုန်တစ်ခု တည်ထောင်ရန်အတွက် နေရာသတ်မှတ်ရန် နှစ်နိုင်ငံ ညှိနှိုင်းဆွေးနွေးလျက်ရှိကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးရန်နိုင်ထွန်းက ပြောကြားသည်။
27-May-2018 tagged as ပြင်သစ် တရုတ်
တရုတ်သို့ လျှို့ဝှက်သတင်းအချက်အလက်များ လွှဲပေးခဲ့သော ပြင်သစ်သူလျှိုဟောင်းနှစ်ဦးကို ဖမ်းဆီးခဲ့ကြောင်း တာဝန်ရှိသူများက ထုတ်ပြန်ခဲ့ရာတရုတ်နိုင်ငံ၏ ပြည်ပတွင် သူလျှိုမွေးနိုင်စွမ်းအားကောင်းလာမှုကို ဖော်ပြနေခြင်းဖြစ်ကြောင်း AFP သတင်းဌာနက ဖော်ပြသည်။
စင်ကာပူထိပ်သီးဆွေးနွေးပွဲနှင့်ပတ်သက်၍ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နှင့် မြောက်ကိုရီးယားခေါင်းဆောင်တို့အနေနှင့် တည်ငြိမ်အေးဆေးစွာ တုံ့ပြန်ကြပြီး စိတ်ကောင်း စေတနာကောင်းများ ပြသကြရန် တရုတ်နိုင်ငံက တိုက်တွန်းလိုက်ကြောင်း DW သတင်းဌာနက ရေးသားဖော်ပြသည်။
နယ်စပ်ဒေသများမှတစ်ဆင့် ကုန်ပစ္စည်းများ တရားဝင် တင်ပို့ရောင်းချခြင်းနှင့် တင်သွင်းခြင်းတို့ ပြုလုပ်ရန်အတွက် တရုတ်-မြန်မာ နှစ်နိုင်ငံ သဘောတူညီမှု ရရှိထားကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးရန်နိုင်ထွန်းက ပြောကြားသည်။
ကချင်ပြည်နယ်တွင်း ဖမ်းဆီးရမိသော သစ်များကို ခိုးထုတ်သွားသည့် သစ်မှောင်ခိုအဖွဲ့ကို အရေးယူရန် တရုတ် အစိုးရထံ မြန်မာအစိုးရက အကြောင်းကြားရန် စီစဉ်နေကြောင်း ဆော့လော်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးလာမာလေးက ပြောကြားသည်။
တရုတ်စီးပွားရေးလုပ်ငန်းရှင်များနှင့် အရှေ့တောင်အာရှနိုင်ငံများတွင်ရှိသည့် စီးပွားရေးလုပ်ငန်းရှင်များ ပူးပေါင်း၍ အစိုးရအဖွဲ့အစည်းမဟုတ်သော တရုတ်- အရှေ့တောင်အာရှ စီးပွားရေးအသင်းတစ်ခု တည်ထောင်မည်ဖြစ်သောကြောင့် မြန်မာလုပ်ငန်းရှင်များပါဝင်ရန် ဖိတ်ခေါ်ထားကြောင်း ကုန်သည်စက်မှုအသင်းချုပ်ထံမှ သိရသည်။
ပိုင်နက်အငြင်းပွား တောင်တရုတ်ပင်လယ်တွင် တရုတ်နိုင်ငံက မဟာဗျူဟာ မြောက်ဗုံးကြဲလေယာဉ်များ တပ်စွဲမှုအပေါ် အလွန်စိုးရိမ်မိကြောင်း ဖိလစ်ပိုင်ထုတ်ပြန်ခဲ့ပြီး နိုင်ငံခြားရေးဝန်ကြီးဌာနအနေနှင့် သင့်လျော်သော သံတမန်ရေးဆောင်ရွက်ချက်များ လုပ်ဆောင်လျက်ရှိကြောင်း သမ္မတရိုဒရီဂိုဒူတာတေး၏ပြောခွင့်ရပုဂ္ဂိုလ်က ပြောကြားခဲ့သည်ဟု Reuters သတင်းဌာနက ဖော်ပြသည်။
ဥရောပ၊ တရုတ်နှင့် ရုရှားနိုင်ငံများမှ သံတမန်များသည် ၂၀၁၅ အီရန်နျူကလီးယား သဘောတူစာချုပ်ကို ထိန်းသိမ်းရန် မျှော်လင့်ချက်ဖြင့် အီရန်၏ ပဲ့ထိန်းဒုံးကျည် အစီအစဉ်နှင့် ဒေသတွင်းစွက်ဖက်မှုများကို ထိန်းချုပ်ရေးအတွက် ငွေကြေးထောက်ပံ့မှုပေးရန် စာချူပ်သစ်တစ်ရပ်ကို ဆွေးနွေးနေသည်ဟု တနင်္ဂနွေနေ့ထုတ် ဂျာမန်သတင်းစာက ရေးသားကြောင်း Reuters သတင်းတွင် ဖော်ပြထားသည်။