News

POST TAGGED AS

တရုတ်

တရုတ်နှင့် ထိုင်းမှ ရွှေတုံးများသွင်းရန်စီစဉ်
ရန်ကုန်၊ ဖေဖော်ဝါရီ ၎

တရုတ်နှင့်ထိုင်းနိုင်ငံမှ ရွှေတုံးများကို ပြည်တွင်းသို့တင်သွင်းရန် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၌ လိုင်စင်လျှောက်ထားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များ အသင်းဥက္ကဋ္ဌ ဦးမျိုးမြင့်က ပြောကြားသည်။

လက်ရှိတွင် တစ်နိုင်တစ်ပိုင် ရွှေလုပ်ကွက်များ ပိတ်ထားသဖြင့် ရွှေအထွက်နှုန်းမှာ လျော့ကျနေပြီး ပြည်တွင်းဈေးကွက်အတွက် မလုံလောက်သောကြောင့် ရွှေတုံးများ အနည်းငယ် ဝယ်ယူမည်ဖြစ်ကြောင်း ၎င်းကရှင်းပြသည်။

“ရွှေအသင်းက အဖွဲ့ဝင်တွေက ရွှေတင်သွင်းဖို့ကို အရင် လုပ်နေကြပါတယ်။ ပို့ကုန်လိုင်စင်ကတော့ ပြပွဲတွေ၊ တခြားရောင်းစရာတွေရှိမှ လုပ်မှာပါ။ တင်သွင်းခွင့် လိုင်စင်တင်ဖို့ကို ရက်ပိုင်း အတွင်း စတော့မှာပါ” ဟု ၎င်းကဆိုသည်။

ရန်ကုန်ရွှေဈေးကွက်တွင် နေ့စဉ် ရွှေ အရောင်းအဝယ်မှာ ပိဿာချိန် ၅၀ မှ ၂၀၀ အကြားရှိပြီး လတ်တလောတွင် ရွှေဈေး ပြန်ကျနေသည့်အတွက် အရောင်း အဝယ် အနည်းငယ်ကောင်းမွန်ကြောင်း၊ ရွှေလုပ်ငန်းရှင်အများစုမှာ ရွှေဈေးကျ ဆင်းချိန်တွင် ပြည်ပမှ ရွှေသွင်းလိုပြီး ဈေးတက်ချိန်ကျမှ တင်ပို့လိုကြောင်း ရွှေလုပ်ငန်းရှင်များထံမှ သိရသည်။

“ရွှေက လုပ်ကွက်အသစ်တွေ ပေးမယ်၊ လုပ်ကွက် အဟောင်းတွေလည်း ပြန်ပေးမယ်ဆိုရင် သွင်းဖို့ကမလိုဘူး။ ပို့ဖို့ဈေးကွက်ကလည်း ရှိတယ်ဆိုတော့ ဖက်စပ်လုပ်ငန်းတွေ ရောက်လာရင် ပိုပြီးတော့ ရွှေဈေးကွက်က ကောင်းသွားမှာ။ တင်သွင်းခွင့် ပေးလိုက်ပြီး လိုသလောက် ရနေတော့ အရင်တုန်းကလို ရွှေဈေးက အရမ်းတက်နေမှာ မဟုတ်တော့ဘူး”ဟု ရွှေလုပ်ငန်းရှင် ဦးသန်းဝင်းက ပြောကြားသည်။

ရွှေတင်သွင်းခြင်းသည် ယခုအချိန်မှ တရားဝင် ဖြစ်လာခဲ့ပြီး ယခင်ကမူ အော်ဒါ ရွှေထည်များအတွက် တရုတ်ရှိ နယ်စပ်ဂိတ်များမှတစ်ဆင့် ရွှေတင်သွင်းခြင်းများ ရှိခဲ့ကြောင်း ရွှေလုပ်ငန်းရှင်များထံမှ သိရသည်။

J-13



FOLLOW US